عَنْ خُرَيْمِ بْنِ فَاتِكٍ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: "الْأَعْمَالُ سِتَّةٌ، وَالنَّاسُ أَرْبَعَةٌ، فَمُوجِبَتَانِ، وَمِثْلٌ بِمِثْلٍ، وَحَسَنَةٌ بِعَشْرِ أَمْثَالِهَا، وَحَسَنَةٌ بِسَبْعِ مِائَةٍ، فَأَمَّا الْمُوجِبَتَانِ: فَمَنْ مَاتَ لَا يُشْرِكُ بِاللهِ شَيْئًا دَخَلَ الْجَنَّةَ، وَمَنْ مَاتَ يُشْرِكُ بِاللهِ شَيْئًا دَخَلَ النَّارَ، وَأَمَّا مِثْلٌ بِمِثْلٍ: فَمَنْ هَمَّ بِحَسَنَةٍ حَتَّى يَشْعُرَهَا قَلْبُهُ، وَيَعْلَمَهَا اللهُ مِنْهُ كُتِبَتْ لَهُ حَسَنَةً، وَمَنْ عَمِلَ سَيِّئَةً، كُتِبَتْ عَلَيْهِ سَيِّئَةً، وَمَنْ عَمِلَ حَسَنَةً فَبِعَشْرِ أَمْثَالِهَا، وَمَنْ أَنْفَقَ نَفَقَةً فِي سَبِيلِ اللهِ فَحَسَنَةٌ بِسَبْعِ مِائَةٍ، وَأَمَّا النَّاسُ، فَمُوَسَّعٌ عَلَيْهِ فِي الدُّنْيَا مَقْتُورٌ عَلَيْهِ فِي الْآخِرَةِ، وَمَقْتُورٌ عَلَيْهِ فِي الدُّنْيَا مُوَسَّعٌ عَلَيْهِ فِي الْآخِرَةِ، وَمَقْتُورٌ عَلَيْهِ فِي الدُّنْيَا وَالْآخِرَةِ، وَمُوَسَّعٌ عَلَيْهِ فِي الدُّنْيَا وَالْآخِرَةِ".
[صحيح] - [رواه أحمد]
المزيــد ...

ခုရိုင်းမ်ဗင်န်ဖာသိက်က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အမလ်ကျင့်ဆောင်မှုသည် ခြောက်မျိုးရှိပြီး လူသည် လေးမျိုးလေးစားရှိသည်။၎င်းတို့မှာ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခု၊ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုရရှိခြင်း၊ ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ်ဆယ်ဆရရှိခြင်းနှင့် ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိခြင်းတို့ဖြစ်သည်။ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခုဆိုသည်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာကို ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှု မပြုဘဲသေဆုံးခဲ့လျှင် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာကို ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုပြု၍ သေဆုံးခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။ တစ်ခုအစား ၎င်းနှင့်ညီမျှသည့် တစ်ခုရရှိခြင်းဆိုသည်မှာ မည်သူမဆို မိမိ၏စိတ်နှလုံးသား အတွင်းမှပင် ခံစားမိသည်အထိ ကောင်းမှုပြုလုပ်ရန် ရည်ရွယ်ခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းကို အကြွင်းမဲ့သိရှိတော်မူပြီး ထိုသူ့အတွက် ကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ မည်သူမဆို မကောင်းမှုတစ်ခုကို လက်တွေ့ကျူးလွန်လိုက်ပါက ထိုသူ့အတွက် မကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ မည်သူမဆို ကောင်းမှုတစ်ခု ပြုလုပ်ခဲ့ပါက အကျိုးကုသိုလ်ဆယ်ဆရရှိမည်ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သုံးစွဲလှူဒါန်းခဲ့ပါက အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိမည်ဖြစ်သည်။ လူတို့တွင် အချို့သည် လောကီတွင် ကြွယ်ဝပြီး နောင်တမလွန်တွင် ကျပ်တည်းသူများဖြစ်သည်။ အချို့သည် လောကီတွင် ကျပ်တည်းပြီး နောင်တမလွန်တွင် ကြွယ်ဝသူများဖြစ်သည်။ အချို့သည် လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကျပ်တည်းသူများဖြစ်သည်။ အချို့သည် လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကြွယ်ဝသူများဖြစ်ကြသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားတော်မူခဲ့သည်မှာ အမလ်ကျင့်ဆောင်မှုသည် ခြောက်မျိုးရှိပြီး လူသည် လေးမျိုးလေးစားရှိသည်။ အမလ်ကျင့်ဆောင်မှု ခြောက်မျိုးအနက် ပထမနှင့် ဒုတိယမှာ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခုဖြစ်သည်။ ၎င်းသည် လူသားအတွက် ဂျန္နသ် သို့မဟုတ် ဂျဟန္နမ် ဝါဂျိဗ်ဖြစ်စေသည့်အရာပင်ဖြစ်သည်။ ဂျန္နသ်ဝါဂျိဗ်ထိုက်စေသည့် အရာသည် အစ္စလာမ်သာနာတော်ဖြစ်ပြီး ဂျဟန္နမ် ဝါဂျိဗ်ထိုက်စေသည့်အရာသည် ကုဖ်ရ် သွေဖည်ငြင်းပယ်မှုဖြစ်သည်။ တတိယနှင့် စတုတ္ထမှာ တိုးပွားခြင်းမရှိဘဲ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုရရှိခြင်းဖြစ်သည်။ ၎င်းနှစ်မျိုးမှာ (ကောင်းမှုပြုရန်) ရည်စူးချက်ကြောင့် ရရှိသည့်ကုသိုလ်နှင့် အပြစ်ကျူးလွန်မှုကြောင့်ရရှိသည့် အကုသိုလ်ဖြစ်သည်။ ပဉ္စမမှာ ကောင်းမှုတစ်ခုအစား အကျိုးကုသိုလ်ဆယ်ဆရရှိခြင်းဖြစ်သည်။ ဆဌမမှာ ကောင်းမှုတစ်ခုအစား အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိခြင်းဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ထိုအမလ်ကျင့်ဆောင်မှုများ၏ အဓိပ္ပါယ်များကို ရှင်းပြတော်မူခဲ့သည်။ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခုဆိုသည်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာကို ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှု မပြုဘဲသေဆုံးခဲ့လျှင် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရန် ဝါဂျိဗ်ဖြစ်သည်။ အကယ်၍ ဂျဟန္နမ်သို့ကျရောက်ခဲ့လျှင်လည်း အပြစ်ပေးခံရပြီးနောက် ဂျန္နသ်သုခဘုံသို့ မုချဝင်ရောက်ရမည်ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာကို ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုပြု၍ သေဆုံးခဲ့လျှင် ဂျဟန္နမ်ငရဲဘုံ၌ အမြဲထာဝရနေထိုင်ရန် ဝါဂျိဗ်ဖြစ်မည်။ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုရရှိခြင်းဆိုသည်မှာ လူတစ်ဦးသည် မှန်ကန်သည့် ရည်စူးချက်ဖြင့် ကောင်းမှုပြုလုပ်ရန် ရည်ရွယ်ခဲ့သည်။ ထိုရည်ရွယ်ချက်ကို သူ၏စိတ်နှလုံးသားအတွင်းမှပင် ခံစားသိရှိခဲ့ပြီး အလ္လာဟ်အရှင်မြတ်သည် ၎င်းကို အကြွင်းမဲ့သိရှိတော်မူသည်။ ထို့နောက် ၎င်းသည်အကြောင်းတစ်စုံတစ်ရာကြောင့် ထိုကောင်းမှုအား မဆောင်ရွက်နိုင်ခဲ့လျှင် ထိုသူ့အတွက် ကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ လူတစ်ဦးသည် မကောင်းမှုတစ်ခုကို ကျူးလွန်လိုက်ပါက ထိုသူ့အတွက် မကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ထို့ကြောင့် ဤနှစ်မျိုးသည် အတိုး၊အလျော့ မရှိပေ။ ဤသည်အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ပင်ဖြစ်သည်။ အရှင်မြတ်သည် ကျွန်ုပ်တို့အားမကောင်းမှုနှင့်ပတ်သက်၍ တရားမျှတစွာပင် အရေးယူတော်မူပြီး ကောင်းမှုနှင့်ပတ်သက်၍ ကျေးဇူးတော်ဖြင့် ချီးမြှင့်တော်မူသည်။မည်သူမဆို ကောင်းမှုတစ်ခု ပြုလုပ်ခဲ့ပါက အကျိုးကုသိုလ်ဆယ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ လှူဒါန်းသုံးစွဲမှုတစ်ခုပြုခဲ့ပါက ထိုကောင်းမှုအစား အကျိုးကုသိုလ် ခုနှစ်ရာ ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ ဤသည် အရှင်မြတ်၏ကျေးကျွန်များအပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ရက်ရောမှုပင်ဖြစ်သည်။ လူလေးမျိုးလေးစား ဆိုသည်မှာ အချို့သည် လောကီတွင် ရိုဇီရိက္ခာပေါများပြီး မိမိအလိုရှိသည့် စည်းစိမ်ချမ်းသာကိုရရှိသည်။ သို့သော် နောင်တမလွန်တွင် ကျပ်တည်းသူများဖြစ်ပြီး ၎င်း၏ပြန်လှည့်ရာဌာနသည် ငရဲမီးဖြစ်သည်။ ထိုသူသည် ချမ်းသာသော ကာဖိရ်ပင်ဖြစ်သည်။ အချို့သည် လောကီတွင် ရိုဇီရိက္ခာကျပ်တည်းပြီး နောင်တမလွန်တွင် ကြွယ်ဝသူများဖြစ်သည်။ ၎င်း၏ပြန်လှည့်ရာဌာနသည် ဂျန္နသ်သုခဘုံဖြစ်သည်။ ထိုသူသည် ဆင်းရဲသား မုအ်မင်န်ပင်ဖြစ်သည်။ အချို့သည် လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကျပ်တည်းသူများဖြစ်သည်။ ထိုသူသည် ဆင်းရဲသား ကာဖိရ်ပင်ဖြစ်သည်။ အချို့သည် လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကြွယ်ဝသူများဖြစ်ကြသည်။ ထိုသူသည် ချမ်းသာသော မုအ်မင်န်ပင်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကျေးကျွန်များအပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်သည် အလွန်ကြီးမားလှသည်။ အရှင်မြတ်သည် ၎င်းတို့အပေါ် ကောင်းမှုများအတွက် အကျိုးကုသိုလ်ကို ဆတက်ထမ်းပိုးတိုး၍ ချီးမြှင့်တော်မူသည်။
  2. အလ္လာဟ်အရှင်မြတ်၏တရားမျှတမှုနှင့် ရက်ရောမှုစွာ ပေးကမ်းချီးမြှင့်မှုတို့ကို ဖော်ပြထားသည်။ အရှင်မြတ်သည် မကောင်းမှု၌ တရားမျှတစွာပင် အရေးယူတော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့ကျူးလွန်လိုက်သည့် မကောင်းမှုတစ်ခုအစား မကောင်းမှုတစ်ခုသာလျှင် ရေးမှတ်တော်မူသည်။ အရှင်မြတ်သည် ကောင်းမှု၌ကျေးဇူးတော်ဖြင့် ချီးမြှင့်တော်မူသည်။ ကျွန်ုပ်တို့ဆောင်ရွက်ရန် ရည်ရွယ်လိုက်သည့် ကောင်းမှုတစ်ခုအား မဆောင်ရွက်ဖြစ်ခဲ့လျှင်လည်း အကျိုးကုသိုလ်တစ်ခု ရေးမှတ်တော်မူပြီး လက်တွေ့အမလ်ကျင့်ဆောင်ခဲ့လျှင် ဆတက်ထမ်းပိုးတိုး၍ ချီးမြှင့်တော်မူသည်။
  3. အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က် ဖက်စပ်ယှဉ်တွဲ ကိုးကွယ်မှုပြုခြင်း၏ အပြစ်သည်အလွန်ကြီးမားပြီး ၎င်းသည် ဂျန္နသ်သုခဘုံကို ဟရာမ်ဖြစ်စေသည်။
  4. အလ္လာဟ်အရှင်မြတ်လမ်းတော်တွင် သုံးစွဲလှူဒါန်းခြင်း၏ထွတ်မြတ်မှုကို ရှင်းပြထားသည်။
  5. အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် သုံးစွဲလှူဒါန်းခြင်းအတွက် အကျိုးကုသိုလ်တိုးပွားမှုသည် အဆပေါင်းခုနှစ်ရာမှစတင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအလှူဒါနသည် အလ္လာဟ်အရှင်မြတ်၏ ကလိမဟ်တော် မြင့်မားစေရန်နှင့် အရှင်မြတ်၏သာသနာတော်ကို ကူညီရန်အထောက်အကူဖြစ်စေသည်။
  6. လူအမျိုးအစားများနှင့် ၎င်းတို့၏ကွဲပြားမှုများကို ရှင်းပြထားသည်။
အမျိုးအစားများ
ထပ်၍