عَن أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: "يَأْتِي الشَّيْطَانُ أَحَدَكُمْ فَيَقُولُ: مَنْ خَلَقَ كَذَا، مَنْ خَلَقَ كَذَا، حَتَّى يَقُولَ: مَنْ خَلَقَ رَبَّكَ؟ فَإِذَا بَلَغَهُ فَلْيَسْتَعِذْ بِاللَّهِ وَلْيَنْتَهِ".
[صحيح] - [متفق عليه]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ရှိုင်သွာန်ကလာရောက်၍ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းရင်း နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းလိမ့်မည်။ အကယ်၍ ထိုအဆင့်ထိ ရောက်လာခဲ့လျှင် أَعُوذُ بِاللَّهِ (အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်ခိုလှုံပါ၏ဟု) ရွတ်ဆိုကာ ထိုမကောင်းသည့်အတွေးကို စွန့်လိုက်ပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားတော်မူသည်မှာ ရှိုင်သွာန်မိစ္ဆာကောင်သည် လူသားထံလာရောက်၍ ၎င်း၏စိတ်ထဲ၌ မကောင်းသည့်အတွေးများကို ထည့်သွင်းပေးသည်။ ရှိုင်သွာန်က လူသားအား ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟုမေးမြန်းလိမ့်မည်။ ပမာအားဖြင့် မိုးကောင်းကင်ကို မည်သူဖန်ဆင်းခဲ့သနည်းဟု မေးမြန်းမည်။ ထိုအခါ လူသားက အလ္လာဟ်အရှင်မြတ်ဖြစ်သည်ဟု မိမိစိတ်ထဲ၌ပြန်လည်ဖြေကြားမည်။ ထို့နောက် ရှိုင်သွာန်ကမြေပထဝီကို မည်သူဖန်ဆင်းခဲ့သနည်းဟု မေးမြန်းမည်။ လူသားက အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်ဟု ဖြေကြားမည်။ ဤအတိုင်းပင် ၎င်းအား ဆက်တိုက်တစ်ခုပြီးတစ်ခုမေးရင်း နောက်ဆုံးတွင် သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းမည်ဖြစ်သည်။ အကယ်၍ ထိုအဆင့်သို့ ရောက်လာခဲ့လျှင် လူသားသည် ဆက်လက်မတွေးတော့ဘဲ ထိုမကောင်းသည့်အတွေးကို စွန့်လွှတ်ကာ ( أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ الرَّجِيمِ) နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်၏ အန္တရာယ်မှ ကင်ဝေးရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံပါ၏ဟု ရွတ်ဆိုလိုက်ရမည်။ ထိုသို့ဆိုလိုက်ခြင်းသည် ရှိုင်သွာန်ဘက်မှလာသည့် မကောင်းသည့်အတွေးများကို ဖယ်ရှားရန် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ခိုလှုံလိုက်ခြင်းဖြစ်ပြီး မိမိ၏သာသနာနှင့် အသိဥာဏ်ကို မပျက်စီးစေရန်အတွက် ရှိုင်သွာန်၏ ဆိုကျိုးများမှ အရှင်မြတ်ထံအကာအကွယ် ယူလိုက်ခြင်းပင် ဖြစ်သည်။ ထို့ပြင် အခြားအကြောင်းအရာတစ်ခုခုကို စဉ်းစားကာ ထိုအတွေးများကို ဖယ်ရှားပစ်ရန် ကြိုးစားရမည်။ ထိုသို့သော အခြေအနေမျိုး၌ ထိုအတွေးများကို ဆက်လက်စဉ်းစားနေရန်နှင့်အထောက်အထားများ တင်ပြနေရန် ၎င်းအား အမိန့်ပေးထားခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်ချည့်နဲ့သောရှိုင်သွာန်၏သံသယအတွေးများသာ ဖြစ်သည်။ ဖန်ဆင်းရှင်နှင့်ပတ်သက်သည့် ကွင်းဆက်အား အဆုံးသတ်မရှိဘဲ စဉ်းစားခြင်းကို အသိဉာဏ်ကလည်း လက်မခံပေ။ အဖန်ဆင်းခံမဟုတ်သည့် ဖန်ဆင်းရှင်တစ်ပါး၌ မလွဲမသွေ အဆုံးသတ်ရမည်ပင်ဖြစ်သည်။ ထိုအရှင်မှာ အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ရှိုင်သွန်ဘက်မှ ဖြစ်ပေါ်လာသော မကောင်းသည့် အတွေးများကို ဆက်လက်မစဉ်းစားသင့်ဘဲ ကျောခိုင်းလိုက်ရမည်။
  2. ရှိုင်သွာန်၏ အန္တရာယ်နှင့် ၎င်းဘက်မှ ဖြစ်ပေါ်လာသော မကောင်းသည့် အတွေးများကို ရှောင်ကြဉ်ရမည်။ ထိုအတွေးများကို ဖယ်ရှားပေးရန် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူရမည်။
အမျိုးအစားများ
ထပ်၍