عَنْ أَنَسِ بْنِ مَالِكٍ، قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «إِنَّ اللهَ لَا يَظْلِمُ مُؤْمِنًا حَسَنَةً، يُعْطَى بِهَا فِي الدُّنْيَا وَيُجْزَى بِهَا فِي الْآخِرَةِ، وَأَمَّا الْكَافِرُ فَيُطْعَمُ بِحَسَنَاتِ مَا عَمِلَ بِهَا لِلَّهِ فِي الدُّنْيَا، حَتَّى إِذَا أَفْضَى إِلَى الْآخِرَةِ، لَمْ تَكُنْ لَهُ حَسَنَةٌ يُجْزَى بِهَا».
[صحيح] - [رواه مسلم]
المزيــد ...

အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူ၏ မည်သည့်ကုသိုလ်ကောင်းမှုကိုမျှ မတရားပြုတော်မူမည်မဟုတ်ပေ။ ၎င်းသည် ထိုကောင်းမှုကြောင့် လောက၌လည်း ကောင်းကျိုးချီးမြှင့်ခြင်းခံရပြီး နောင်တမလွန် အာခိရသ်တွင်လည်း အစားပြန်လည်ရရှိမည်ဖြစ်သည်။ ကာဖိရ် သွေဖည်ငြင်းပယ်သူသည် အလ္လာဟ်အရှင်မြတ်အတွက် ၎င်းဆောင်ရွက်ခဲ့သည့် ကောင်းမှုများကြောင့် လောက၌ပင် ကျွေးမွေးခြင်းခံရပြီး နောင်တမလွန် အာခိရသ်သို့ရောက်သည့်အခါ ၎င်းအတွက် အစားပြန်လည်ရရှိမည့် မည်သည့်ကောင်းမှုမျှ ရှိလိမ့်မည်မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူ၏ မည်သည့်ကုသိုလ်ကောင်းမှုကိုမျှ မတရားပြုတော်မူမည်မဟုတ်ပေ။ ဆိုလိုသည်မှာ အရှင်မြတ်သည် လောကီဘဝနှင့် နောင်တမလွန်ဘဝနှစ်ခုစလုံး၌ ၎င်း၏အကျိုးကုသိုလ်ကို လျော့နည်းစေခြင်း၊ လက်မဲ့ဖြစ်စေခြင်း ပြုတော်မူမည်မဟုတ်ပေ။ ထိုကောင်းမှုများကြောင့် လောကီ၏ အကျိုးများဖြစ်သည့် မိသားစု၊ စည်းစိမ်ဥစ္စာရရှိခြင်း၊ ဘေးဒုက္ခကို ဖယ်ရှားပေးခြင်း၊ ရိုဇီရိက္ခာပေါများခြင်း အစရှိသည့် သုခချမ်းသာများကို ရရှိမည်ဖြစ်ပြီး နောင်တမလွန်ဘဝတွင်လည်း အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိုကောင်းမှုများကြောင့် အကျိုးကုသိုလ်ချီးမြှင့်တော်မူမည်ဖြစ်သည်။အလ္လာဟ်အရှင်မြတ်သည် ကာဖိရ် သွေဖည်ငြင်းပယ်သူအား ၎င်းဆောင်ရွက်ခဲ့သည့် ကောင်းမှုများ၏အစား လောကီအကျိုးများကိုပေးတော်မူမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် လောက၌ သူ၏ကောင်းမှုများအတွက် အစားရရှိပြီး နောင်တမလွန်ဘဝသို့ ရောက်သည့်အခါ ၎င်းအတွက် မည်သည့်အကျိုးကုသိုလ်မျှ ရှိလိမ့်မည်မဟုတ်ပေ။ ၎င်း၌အကျိုးကုသိုလ် ချီးမြှင့်ခြင်းခံရရန် သို့မဟုတ် အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့်ရရန် အကြောင်းခံအဖြစ် မည်သည့်ကောင်းမှုမျှ ကျန်ရှိတော့မည် မဟုတ်ပေ။ ကာဖိရ်တစ်ဦး၏ ဆောင်ရွက်ချက်ကို ကောင်းမှုဟု ခေါ်ဆိုခြင်းသည် ထိုကာဖိရ်၏ ထင်မြင်ချက်အတိုင်း ခေါ်ဆိုခြင်းသာဖြစ်သည်။ ထိုကောင်းမှုသည် အရှင်မြတ်ထံ၌ လက်ခံသဘောတူခြင်းခံရမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အမလ်ကောင်းမှုများ လက်ခံခြင်းခံရရန် စည်းကမ်းချက်ဖြစ်သည့် အီမာန် သက်ဝင်ယုံကြည်မှု မရှိသည့်အတွက် ၎င်းသည် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိနိုင်မည်မဟုတ်ပေ။ သို့မဟုတ် ကောင်းမှုဟု ခေါ်ဆိုရခြင်းသည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ ပြုလုပ်သည့်ကောင်းမှုနှင့် အပေါ်ယံအားဖြင့် ဆင်တူမှုရှိသည့်အတွက်ကြောင့်လည်း ဖြစ်နိုင်သည်။ ကာဖိရ်များအားလောက၌ပင် ၎င်းတို့၏ကောင်းမှုများ၏အစားပေးခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အလိုတော်အတိုင်းသာဖြစ်လိမ့်မည်ဟူ၍ ကန့်သတ်သတ်မှတ်ထားသည်။ ဤအချက်ကို ကျမ်းမြတ်ကုရ်အာန်၌ဖော်ပြထားသည်မှာ- (မည်သူမဆို ဤလောက၏စည်းစိမ်ကို ရည်စူးခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူအားဤလောက၌ပင် ငါအရှင်မြတ် အလိုရှိတော်မူသောအရာကို ငါအရှင်မြတ် အလိုရှိတော်မူသောသူအား အဆောတလျင် ပေးတော်မူ၏။) ကုရ်အာန် (၁၇:၁၈) ဤသည်ပင် အမှန်ကန်ဆုံးဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို တင်ပြထားသည်။ အရှင်မြတ်သည်မည်သူ့ကိုမျှ ၎င်းသူဆောင်ရွက်ခဲ့သည့် ကောင်းမှုများနှင့်ပတ်သက်၍ မတရားပြုတော်မူမည် မဟုတ်ပေ။ မုအ်မင်န်သည် လောကီနှင့် လောကုတ္တရာနှစ်ဌာနလုံး၌ ကောင်းမှုများ၏အစား အပြည့်အဝ ပြန်လည်ချီးမြှင့်ခြင်းခံရမည်။ ကာဖိရ်သည် ကောင်းမှုများ၏အစား စားနပ်ရိက္ခာချောင်လည်ခြင်း၊ အရေးကိစ္စများ လွယ်ကူခြင်း အစရှိသည်တို့ကို လောကီ၌ပင် ပြန်လည်ရရှိမည်ဖြစ်သည်။
  2. အလ္လာဟ်အရှင်မြတ်သည် မိမိ၏မုအ်မင်န်ကျေးကျွန်အား ကျေးဇူးတော်ဖြင့် အစားပေးတော်မူပြီး ကာဖိရ်သွေဖည်ငြင်းပယ်သူအား တရားမျှတမှုဖြင့် အရေးယူတော်မူသည်။ ချို့ယွင်းမှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူသော အရှင်မြတ်သည် မိမိပြုလုပ်သည့် ကိစ္စနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းခံရမည် မဟုတ်ပေ။
  3. ‘ကုဖ်ရ်’သွေဖည်ငြင်းပယ်မှုအပေါ်တွင် သေဆုံးခဲ့သူ ကာဖိရ်တစ်ဦးသည် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရန် လောကီဘဝ၌ ဆောင်ရွက်ခဲ့သော ကောင်းမှုတိုင်းအတွက် နောင်တမလွန်၌ မည်သည့်အကျိုးကုသိုလ်မျှ အစားပြန်လည်ရရှိမည် မဟုတ်ပါ။
အမျိုးအစားများ
ထပ်၍