عَنْ حَكِيمِ بْنِ حِزَامٍ رَضِيَ اللَّهُ عَنْهُ، قَالَ: قُلْتُ: يَا رَسُولَ اللَّهِ، أَرَأَيْتَ أَشْيَاءَ كُنْتُ أَتَحَنَّثُ بِهَا فِي الجَاهِلِيَّةِ مِنْ صَدَقَةٍ أَوْ عَتَاقَةٍ، وَصِلَةِ رَحِمٍ، فَهَلْ فِيهَا مِنْ أَجْرٍ؟ فَقَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أَسْلَمْتَ عَلَى مَا سَلَفَ مِنْ خَيْرٍ».
[صحيح] - [متفق عليه]
المزيــد ...

ဟကီးမ်ဗင်န် ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။၎င်းကပြောပြခဲ့သည်မှာ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ဂျာဟိလိယဟ် အမိုက်ခေတ်တွင် ဆွဒကဟ်အလှူဒါနပြုခြင်း၊ ကျေးကျွန်ကို သူကောင်းပြုခြင်းနှင့် ဆွေမျိုးဆက်ခြင်း စသည့်ကောင်းမှုများကို ပြုလုပ်လေ့ရှိခဲ့သည်။ ထိုကိစ္စများအတွက် အကျိုးတစ်စုံတစ်ရာရနိုင်ပါသလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ အသင်အလျင်ကပြုခဲ့သည့် ကောင်းမှုများနှင့်အတူ အစ္စလာမ်သာသနာ လက်ခံခဲ့ခြင်းဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

ဟကီးမ်ဗင်န် ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟု)ကလျှောက်ထားခဲ့သည်။ အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် အစ္စလာမ်မတိုင်မီ ဂျာဟိလိယဟ် အမိုက်ခေတ်တွင် အိဗာဒသ် ကိုးကွယ်ဆည်းကပ်မှုပြုရန် ရည်ရွယ်ချက်ဖြင့် ကျွန်တော်မျိုး ဆောင်ရွက်ခဲ့သည့် ဆွဒကဟ်အလှူဒါနပြုခြင်း၊ ကျေးကျွန်ကို သူကောင်းပြုခြင်း၊ ဆွေမျိုးဆက်ခြင်းတို့နှင့် ပတ်သက်၍ အမိန့်ပညတ်ချက်မည်သို့ရှိပါသနည်း။ ၎င်းသည် ဂျာဟိလိယဟ်ခေတ်တွင် ကျွန်ပေါင်းတစ်ရာကို သူကောင်းပြုခဲ့ပြီး ကုလားအုတ်တစ်ရာထမ်းပိုးသည့် ပမာဏစာမျှ လှူဒါန်းခဲ့သည်။ သို့ဖြစ်၍ ထိုကိစ္စများအတွက် ကျွန်တော်မျိုး အကျိုးတစ်စုံတစ်ရာရနိုင်ပါသလားဟု မေးလျှောက်ခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ အသင် ယခင်ကပြုလုပ်ခဲ့သည့် ကောင်းမှုများသည် အသင်၏အမလ်ကောင်းမှုစာရင်း၌ ပါဝင်သွားပြီး ထို့အတွက် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ကာဖိရ်တစ်ဦးသည် အစ္စလာမ်သာသနာကိုလက်ခံပြီး အစ္စလာမ်သာသနာပေါ်၌ပင် ကွယ်လွန်သွားပါက ၎င်းသူကာဖိရ်ဘဝက ဆောင်ရွက်ခဲ့သည့် ကောင်းမှုများသည် လက်ခံသဘောတူခြင်းခံရပြီး ၎င်းအတွက် အကျိုးကုသိုလ်အဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်သည်။ အကယ်၍ ကာဖိရ်အဖြစ်နှင့်ကွယ်လွန်ခဲ့လျှင် ၎င်း၏ကောင်းမှုအားလုံး အချည်းအနှီးဖြစ်သွားပေမည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- (စင်စစ်သော်ကား မည်သူမဆို ‘အီမာန်’ ယုံကြည်မှုကို ငြင်းပယ်လိုက်လျှင် ထိုသူ၏ (ပြုခဲ့သမျှသော) ကောင်းမှုသည် မလွဲဧကန် အလဟဿ အချည်းနှီးပင်ဖြစ်အံ့။) ကုရ်အာန် (၅:၅)

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မုအ်မင်န်တစ်ဦးသည် အစ္စလာမ်သာသနာကို လက်မခံမီက မှန်ကန်စွာ ကျင့်ကြံခဲ့သော ကောင်းမှုများအတွက် အကျိုးကုသိုလ် ရရှိမည်။
  2. အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ဖော်ပြထားသည်။ လူတစ်ဦးသည် အစ္စလာမ်သာသနာကိုလက်ခံပြီး အစ္စလာမ်အပေါ်၌ပင်ကွယ်လွန်ခဲ့ပါက ၎င်းသူကုဖ်ရ် သွေဖည်ငြင်းပယ်သည့် အခြေအနေမျိုး၌ရှိနေစဉ်က ပြုလုပ်ခဲ့သော ကောင်းမြတ်သည့် အကျင့်သီလများ၏ အကျိုးကို အရှင်မြတ်ကအချည်းအနှီးဖြစ်စေတော်မူမည် မဟုတ်ပေ။
  3. အစ္စလာမ်သာသနာ၏ သဘောထားကြီးမှုနှင့်မွန်မြတ်မှုတို့ကို ဖော်ပြထားသည်။
ထပ်၍