عن ابن عباس رضي الله عنهما : أن رسول الله صلى الله عليه وسلم لما بعث معاذا إلى اليمن قال له: "إنك تأتي قوما من أهل الكتاب، فليكن أولَ ما تدعوهم إليه شهادة أن لا إله إلا الله" -وفي رواية: "إلى أن يوحدوا الله-، فإن هم أطاعوك لذلك فأعلمهم أن الله افترض عليهم خمس صلوات في كل يوم وليلة، فإن هم أطاعوك لذلك فأعلمهم أن الله افترض عليهم صدقة تؤخذ من أغنيائهم فَتُرَدُّ على فقرائهم، فإن هم أطاعوك لذلك فإياك وكَرَائِمَ أموالِهم، واتق دعوة المظلوم فإنه ليس بينها وبين الله حجاب".
[صحيح] - [متفق عليه]
المزيــد ...

အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)အား ယီမင်နိုင်ငံသို့စေလွှတ်သည့်အခါ မှာကြားတော်မူသည်မှာ- ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် ထိုသူတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်တော်မူသောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန် ပထမဦးဆုံးဖိတ်ခေါ်ပါလေ။ အခြားဆင့်ပြန်ချက်တစ်ရပ်တွင် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ရန် ဖိတ်ခေါ်ပါဟု လာရှိသည်။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် နေ့နှင့်ညတွင် ဆွလာသ်ငါးကြိမ် ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ထားကြောင်း အသိပေးပါ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်တွင် သူတို့၏ဥစ္စာပစ္စည်းများထဲမှ ဇကာသ်ပေးလှူခြင်းအား ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ကြောင်း အသိပေးပါ။ ယင်းဇကာသ်ကို ၎င်းတို့ထဲရှိကြွယ်ဝချမ်းသာသူများထံမှ ယူဆောင်၍ သူတို့၏ဆင်းရဲသားများကိုခွဲဝေပေးကမ်းရမည်။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အသင်သည် ဇကာသ် ကောက်ယူရာတွင် ၎င်းတို့၏အကောင်းဆုံးဥစ္စာပစ္စည်းများကို ကောက်ယူခြင်းမှ ရှောင်ကြဉ်ပါ။ ၎င်းနောက် အသင်သည် မတရားဖိနှိပ်ညှဉ်းပန်းခြင်းခံရသူ၏ မကောင်းဆုတောင်းခြင်းခံရမှု (ကျိန်ဆဲမှု)ကို ရှောင်ကြဉ်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းတိုင်ကြားမှုနှင့် အလ္လာဟ်အရှင်မြတ်၏ကြားတွင် အကာကွယ်မရှိပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ယီမင်ဒေသသို့ မုအာဇ်ဗင်န်ဂျဗလ် (ရဿွိယလ္လာဟုအန်ဟု)အား အလ္လာဟ့်ဘက်သို့ဖိတ်ခေါ်သူ၊ သာသ နာရေးရာ သင်ကြားပေးသူအဖြစ် စေလွှတ်သည့်အခါ ၎င်း၏ဖိတ်ခေါ်မှုတွင်ကျင့် သုံးရမည့် နည်းလမ်းကိုချမှတ်ပေးခဲ့သည်။ ထို့ကြောင့် သူ့အား အသိပညာရှိပြီး၊ အငြင်းအခုံပြုတတ်ကြသည့် ယဟူဒီ၊ နဆ်ွရာနီတို့နှင့် မကြာမီဆုံတွေ့ရမည်ဖြစ်ပြီး ၎င်းတို့အား အခြေအတင်ပြောဆိုရန်နှင့် ၎င်းတို့၏ သံသယများကိုချေဖျက်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရန် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် သူ၏ ဒအ်ဝဟ် ဖိတ်ခေါ်မှုအား အရေးအကြီးဆုံးကိစ္စနှင့်စတင်ကားတစ်ဆင့်ပြီးတစ်ဆင့် အရေးကြီးသောအရာများကို ဖိတ်ခေါ်ရန်အမိန့်ပေးခဲ့သည်။ ထို့ကြောင့် သူသည်လူတို့အား ပထမဦးဆုံး ယုံကြည်ချက် ပြုပြင်တည့်မတ်ပေးရန် ဖိတ်ခေါ်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည်အခြေခံအုတ်မြစ် ဖြစ်သည့်အတွက်ကြောင့်ဖြစ်သည်။ ၎င်းတို့သည် ထိုအချက်ကို လက်ခံခဲ့လျှင် ၎င်းတို့အား ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးရမည်။ အဘယ့်ကြောင့်ဆိုသော် သောင်းဟီးဒ်တရား၏နောက်တွင် ဆွလာသ်သည် အကြီးကျယ်ဆုံး ဖရဿ်ွတာဝန် ဖြစ်သည်။ ၎င်းတို့သည် ဆွလာသ် ဆောက်တည်ကြလျှင် ၎င်းတို့ထဲရှိ ချမ်းသာကြွယ်ဝသူများက သူတို့၏ ဥစ္စာပစ္စည်းများထဲမှ ၎င်းတို့ထဲရှိ ဆင်းရဲသားများကို နှစ်သိမ့်သည့်အနေဖြင့် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်သည့်အနေဖြင့် ဇကာသ်ပေးရန်အမိန့်ပေးရမည်။ ထို့နောက် ဇကာသ်ကောက်ယူရာတွင် အကောင်းဆုံးပစ္စည်းများကို ကောက်ယူခြင်းမပြုရန် ကိုယ်တော်က သူ့အား သတိပေးတားမြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အလယ်အလတ်တန်းစားကိုသာ ကောက်ယူရန် တာဝန်ရှိသည်။ ထို့နောက် သူ့အား တရားမျှတမှုရှိရန်နှင့် မတရားဖိနှိပ်မှု ကိုရှောင်ကြဉ်ရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မတရားဖိနှိပ်ခံရသူ၏တောင်းဆုသည် လက်ခံသဘောတူခြင်းခံရသဖြင့် ထိုသို့မကောင်းဆုတောင်းခြင်း မခံရစေရန်အတွက်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ့်ဘက်သို့ ဖိတ်ခေါ်သူ ဒါအီများ စေလွှတ်ခြင်းအား သာသနာ့ကိစ္စအဖြစ်သတ်မှတ်ထားသည်။
  2. (လာအိလာဟ အိလ္လလ္လာဟ်)အားသက်သေခံခြင်းသည် ပထမဦးဆုံးတာဝန်ဖြစ်သည်။ ထို့ပြင် ၎င်းသည် လူသားတို့ ပထမဦးဆုံး ဖိတ်ခေါ်ခံရမည့် ကလိမဟ် တော်လည်းဖြစ်သည်။
  3. (လာအိလာဟ အိလ္လလ္လာဟ်) ၏အဓိပ္ပာယ်သည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ပြီး အရှင်မြတ်မှအပ အခြားမည်သည့်အရာကိုမျှ ခဝပ်ကိုးကွယ်မှု မပြုခြင်းဖြစ်သည်။
  4. လူသားသည် တစ်ခါတစ်ရံတွင် (လာအိလာဟအိလ္လလ္လာဟ်) အား ဖတ်သော် လည်း ၎င်း၏အဓိပ္ပာယ်ကို နားမလည်ပေ။ တစ်ခါတစ်ရံတွင် အဓိပ္ပာယ်နားလည်သော်လည်း (အဟ်လွလ်ကိသာဗ်) ယဟူဒီ၊ နဆ်ွရာနီများ၏ အခြေအနေကဲ့သို့ ကလိမဟ်တော်အတိုင်း လိုက်နာကျင့်သုံးခြင်း မရှိကြသည်လည်းရှိသည်။
  5. ပညာရှိသူကို ပြောဆိုတင်ပြခြင်းသည် ပညာမဲ့သူအား ပြောဆိုတင်ပြခြင်းနှင့် မတူပေ။ ထို့ကြောင့် ကိုယ်တော်က (ဧကန်မုအမှန်ပင် သင်သည် ကျမ်းရပုဂ္ဂိုလ်များထံသွားရောက်နေသည်) ဟုမိန့်ကြားတော်မူသည်။
  6. လူတစ်ဦး ၊အထူးသဖြင့် သာသနာဘက်သို့ဖိတ်ခေါ်သူ ဒါအီသည် သံသယရှိသူတို့၏ သံသယများ ကင်းရှင်းသွားရန်အတွက် မိမိသာသနာအား အထောက်အ ထားနှင့်တကွ ဖိတ်ခေါ်ရန် သတိပေးထားသည်။ ဤသည်ကို သာသနာ့ပညာသင်ယူဆည်ပူးခြင်းဖြင့်သာ ရရှိနိုင်မည်။
  7. ရှဟာဒသ် သက်သေခံခြင်းနှစ်ခု၏ နောက်တွင် ဖရဿွ်တာဝန်များအနက် ဆွလာသ်သည် အရေးအကြီးဆုံး ဖြစ်သည်။
  8. ဆွလာသ်ငါးကြိမ် ဖရဿ်ွဖြစ်ခြင်းကို တင်ပြထားသည်။
  9. ဝိသိရ်ဆွလာသ်သည် ဖရဿွ်မဟုတ်ကြောင်း သိရသည်။
  10. ဆွလာသ်၏နောက်တွင် ဇကာသ်သည် အရေးအကြီးဆုံး မဏ္ဍိုင်ဖြစ်သည်။
  11. ချမ်းသာကြွယ်ဝသူများကို ဇကာသ်ပေးပိုင်ခွင့်မရှိပေ။
  12. ဇကာသ်သုံးစွဲရမည့်နေရာများအနက် တစ်မျိုးကို တင်ပြထားသည်။ ၎င်းမှာ သူဆင်းရဲများဖြစ်သည်။ ၎င်းတစ်မျိုးတည်းကိုသာ ဇကာသ် ပေးလိုက်လျှင်လည်း ပေးပိုင်ခွင့်ရှိသည်။ ဇကာသ်သုံးစွဲရမည့် နေရာရှစ်မျိုးစလုံးအား ခွဲဝေပေးရန် အရေးမကြီးပေ။
  13. ဇကာသ်ပစ္စည်းအား ထိုမြို့ဒေသရှိဆင်းရဲသားများအပေါ်တွင် ပေးကမ်းသုံးစွဲရမည်ဖြစ်ကြောင်း ဤဩဝါဒတော်မှ သိရှိရသည်။ အကယ်၍ ပို၍အကျိုးဖြစ် ထွန်းနိုင်သည့်အတွက် ဇကာသ်ကို အခြားမြို့ရွာသို့ ပေးပို့လျှင်လည်း ကိစ္စမရှိပေ။ ဥပမာ - အခြားမြို့ရွာတွင် အလွန်လိုအပ်ချက်ရှိနေခြင်း၊ ဆင်းရဲသည့် ဆွေမျိုးသားချင်းများရှိနေခြင်း စသည်တို့ဖြစ်သည်။
  14. ကာဖိရ်အား ဇကာသ်ပေးပိုင်ခွင့်မရှိပေ။
  15. ဇကာသ်ကောက်ယူရာတွင် အကောင်းဆုံးပစ္စည်းအား ယူပိုင်ခွင့်မရှိပေ၊ သို့သော် ဇကာသ်ပေးသူက သဘောတူကျေနပ်လျှင် ယူခွင့်ရှိသည်။
  16. ဇကာသ်ကောက်ယူရာတွင် အကောင်းဆုံးပစ္စည်းအား ကောက်ယူခြင်းကို တား မြစ်ထားသည်။ အလယ်အလတ်တန်းစားကိုသာ ကောက်ယူရမည်။
  17. မတရားဖိနှိပ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းတို့မှ သတိပေးတားမြစ်ထားသည်။ ဖိ နှိပ်ညှင်းပန်းခံရသူသည် အကုသိုလ်ကျူးလွန်သူပင်ဖြစ်စေ ၎င်း၏တောင်းဆုသည် လက်ခံခြင်းခံရသည်။
ထပ်၍