عن ابن عباس قال: جاء رجل إلى النبي صلى الله عليه وسلم ، فقال: يا رسول الله، إن أحدنا يجد في نفسه -يُعرِّض بالشيء- لأن يكون حُمَمَةً أحبُّ إليه من أن يتكلم به، فقال: "الله أكبر، الله أكبر، الحمد لله الذي رد كيده إلى الوسوسة".
[صحيح] - [رواه أبو داود والنسائي في الكبرى]
المزيــد ...

အစ်ဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်တို့အနက်မှ တစ်ဦးတစ်ယောက်သည် သူ၏စိတ်ထဲ၌ အတွေးများဖြစ်ပေါ်နေပြီး (ထိုအတွေးအား ရည်ညွှန်းကာ) ထိုအကြောင်းပြောပြရန်ထက် ပြာဖြစ်သွားခြင်းကို ၎င်းအနေဖြင့် ပိုနှစ်သက်ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူ၏ အကြင်အရှင်မြတ်သည် ၎င်း(ရှိုင်သွာန်)၏ လှည့်ဖျားမှုကို ဝတ်စ်ဝစဟ် (သံသယအတွေး) အဖြစ်သို့ပြောင်းလဲတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အဗူဒါဝူဒ်ကျမ်း။

ရှင်းလင်းချက်

လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်လျှောက်ထားခဲ့သည်မှာ အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်တို့အနက်မှ တစ်ဦးတစ်ယောက်သည် ၎င်း၏စိတ်ထဲ၌ အတွေးများဖြစ်ပေါ်နေသည်။ ၎င်းသူသည် ထိုအတွေးကို ညွှန်ပြရန်သာဆန္ဒရှိခဲ့ပြီး ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေ။ သူသည် မိမိ၏စိတ်ထဲ၌ အလွန်ကြီးကျယ်ပြီး မနှစ်သက်စရာအတွေးမျိုးဖြစ်ပေါ်နေကြောင်းကို ညွှန်ပြခဲ့သည်။ ဆိုလိုသည်မှာ သူ၏စိတ်ထဲ၌ အတွေးတစ်စုံတစ်ရာ ဖြစ်ပေါ်နေသည် သို့သော် ထိုအကြောင်းအား ထုတ်ပြောခြင်းထက် ပြာဖြစ်သွားခြင်းကို ပို၍နှစ်သက်မိသည်အထိ ပြောပြရန်ခက်လှသည်။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စသည် သူ၏စိတ်ထဲ၌ အလွန်ကြီးကျယ်ပြီး မနှစ်သက်စရာ ကောင်းလှသဖြင့် ၎င်းအနေဖြင့် ပြောဆိုရန် ခက်ခဲနေခြင်းဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သက္ကဗီရ် နှစ်ကြိမ်ဆိုတော်မူပြီး ရှိုင်သွာန်၏ လှည့်စားမှုကို ဝတ်စ်ဝစဟ် သံသယယအတွေးအဖြစ်သို့သာ ပြောင်းလဲပေးခဲ့သော အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုတော်မူခဲ့သည်။ သာဝကကြီးသည် ထိုအတွေးကို ဆက်လက်တွေးတောခြင်း၊ ထောက်ခံခြင်းမရှိသည့်အပြင် ထုတ်ဖော်ပြောကြားခြင်းပင်မပြုခဲ့ပေ။ သို့ဖြစ်၍ ရှိုင်သွာန် အလိုရှိသည့်အတိုင်း ဖြစ်လာရမည့်အစား ထိုအတွေးများသည် ၎င်း၏စိတ်ထဲတွင် အလွန်ကြီးကျယ်သည့် မနှစ်သက်စရာဖြစ်နေခဲ့ပြီး ထုတ်ပြောခြင်းပင်မပြုခဲ့ပေ။ ဤသည်ပင် ရှိုင်သွာန်၏ လှည့်စားမှုကို ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ ဤအဓိပ္ပါယ်အတိုင်းပင် အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)ထံမှ မှန်ကန်သည့် ဆင့်ပြန်ချက်ဖြင့် လာရှိထားသည်။ ၎င်းကပြောကြားခဲ့သည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သာဝကအချို့သည် ရောက်ရှိလာပြီး ကိုယ်တော့်အား ကျွန်တော်တို့အနက် လူတိုင်းသည် ထုတ်ဖော်ပြောဆိုရန်ပင် အလွန်ဝန်လေးမိသည့် (ရှိုင်သွာန်ဘက်မှလာသော မကောင်းသည့်)အတွေးများ ကျွန်တော်တို့၏ စိတ်ထဲ၌ပေါ်ပေါက်နေပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က သင်တို့သည် ထိုကိစ္စမျိုးအမှန်တကယ်ကြုံတွေ့ခဲ့ကြပါသလားဟု မေးမြန်းတော်မူရာ ၎င်းတို့က ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ဤသည် စစ်မှန်သည့် အီမာန်ယုံကြည်မှုပင်ဖြစ်သည်။ (မွတ်စ်လင်မ်ကျမ်း) ဆိုလိုသည်မှာ ထိုသံသယအတွေးတို့အပေါ် ဝန်လေးနေခြင်း၊ မနှစ်သက်ခြင်းတို့သည် စစ်မှန်သည့်အီမာန်ယုံကြည်မှုပင်ဖြစ်သည်။ ဤသည် ဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်)တို့၌ ထိုကိစ္စမျိုး အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်းကို ညွှန်ပြနေသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် သံသယစိတ်များသည် အများအားဖြင့် ရှိုင်သွာန်၏ ဝတ်စ်ဝစဟ်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
  2. ဆွဟာဗဟ်ကြီးများ၏ အပြစ်ရှောင်ကြဉ်မှုနှင့် သက္ကဝါတရားထားရှိမှုတို့ကို သိရှိရသည်။
  3. ရှိုင်သွာန်သည် မုအ်မင်န်တို့အား သံသယစိတ်များထည့်သွင်းကာ ၎င်းတို့ကို အီမာန်ယုံကြည်မှုမှ ကုဖ်ရ် သွေဖည်ငြင်းပယ်မှုထဲသို့ ကျရောက်စေရန် အမြဲမျှော်လင့်စောင့်စားနေကြောင်းရှင်းပြထားသည်။
  4. မုအ်မင်န် သက်ဝင်ယုံကြည်သူသည် ရှိုင်သွာန်ဘက်မှ ဖြစ်ပေါ်လာသည့် မကောင်းသည့် သံသယအတွေးများကို ကျောခိုင်းထားကာ စိတ်ထဲမှ ဖယ်ရှားပစ်ရမည်။
ထပ်၍