+ -

عَنْ جَابِرٍ، قَالَ: أَتَى النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ رَجُلٌ فَقَالَ: يَا رَسُولَ اللهِ، مَا الْمُوجِبَتَانِ؟ فَقَالَ: «مَنْ مَاتَ لَا يُشْرِكُ بِاللهِ شَيْئًا دَخَلَ الْجَنَّةَ، وَمَنْ مَاتَ يُشْرِكُ بِاللهِ شَيْئًا دَخَلَ النَّارَ»
[صحيح] - [رواه مسلم]
المزيــد ...

ဂျာဗိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ လာရောက်၍ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဂျန္နသ်နှင့် ဂျဟန္နမ်) ဝါဂျိဗ် ထိုက်စေမည့် အချက်နှစ်ချက်မှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းမပြုပဲ သေဆုံးခဲ့ပါက ဂျန္နသ် သုခဘုံသို့ဝင်ရောက်ရမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်၍ သေဆုံးခဲ့ပါက ဂျဟန္နမ်ငရဲဘုံသို့ဝင် ရောက်ရမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ လာရောက်၍ ဂျန္နသ်သုခဘုံရရှိရန် ဝါဂျိဗ်ထိုက်စေမည့်အချက်နှင့် ဂျဟန္နမ်ငရဲသို့ ကျရောက်ရန် ဝါဂျိဗ်ထိုက်စေမည့်အချက်တို့ကို လျှောက်ထားမေးမြန်းခဲ့သည်။ ဝါဂျိဗ်ထိုက်သည့်အချက်များဟူသည် အလ္လာဟ်အရှင်မြတ်က ဂျဟန္နမ်သို့ ကျရောက်စေရန် (ဝါဂျိဗ်)သတ်မှတ်ထားသော ကိစ္စများနှင့် ဂျန္နသ်သို့ ဝင်ရောက်စေရန် (ဝါဂျိဗ်) သတ်မှတ်ထားသည့် ကိစ္စများကိုဆိုလိုသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား ဖြေကြားတော်မူသည်မှာ - ဂျန္နသ် သုခဘုံသို့ဝင်ရောက်ရန် ဝါဂျိဗ် ဖြစ်စေသည့်အချက်မှာ လူတစ်ဦးသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းမပြုပဲ သေဆုံးခြင်းဖြစ်ပြီး၊ ဂျဟန္နမ်ငရဲဘုံသို့ကျရောက်ရန် ဝါဂျိဗ် ဖြစ်စေသည့်အချက်မှာ လူတစ်ဦးသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်၍ သေဆုံးခြင်းဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ တူရကီ ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ ဗီယက်နမ် ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية القيرقيزية النيبالية اليوروبا الليتوانية الدرية الصربية الصومالية الطاجيكية الكينياروندا الرومانية التشيكية المالاجاشية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် မိမိတို့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေမည့် အကြောင်းခံများနှင့် ဂျဟန္နမ်ငရဲမီးမှ လွတ်မြောက်စေမည့် အကြောင်းခံများကိုသိရှိရန် အလွန်စိတ်အားထက်သန်ကြသည်။
  2. မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းမပြုပဲ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအဖြစ် သေဆုံးခဲ့ပါက (အပြစ်အကုသိုလ်များကြောင့် ဂျဟန္နမ် ကျရောက်ခဲ့လျှင်လည်း) အပြစ်ဒဏ် ပေးခြင်းခံရပြီးနောက် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဖြစ်သည်။
  3. မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ’ရှိရ်က်’ဖက်စပ်ယှဉ်တွဲ ကိုးကွယ်မှုပြုကာ ကာဖိရ်အဖြစ်နှင့် ကွယ်လွန်သေဆုံးခဲ့ပါက ၎င်းသူနေရမည့် နေရာဌာနသည် ဂျဟန္နမ် ငရဲမီးပင်ဖြစ်သည်။
ထပ်၍