عَنْ عَائِشَةَ قَالَتْ: قُلْتُ: يَا رَسُولَ اللهِ، ابْنُ جُدْعَانَ كَانَ فِي الْجَاهِلِيَّةِ يَصِلُ الرَّحِمَ، وَيُطْعِمُ الْمِسْكِينَ، فَهَلْ ذَاكَ نَافِعُهُ؟ قَالَ: "لَا يَنْفَعُهُ، إِنَّهُ لَمْ يَقُلْ يَوْمًا: رَبِّ اغْفِرْ لِي خَطِيئَتِي يَوْمَ الدِّينِ".
[صحيح] - [رواه مسلم]
المزيــد ...

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်မက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် အစ်ဗ်နု ဂျုဒ်အာန်သည် (ဂျာဟိလိယသ်) အမိုက်ခေတ်တွင် ဆွေမျိုးသားချင်း အဆက်အထားသူ၊ ဆင်းရဲသားများကို ကျွေးမွေးသူတစ်ဦးဖြစ်ခဲ့သည်။ သို့ဖြစ်၍ ထိုလုပ်ရပ်တို့က သူ့အား အကျိုးပေးနိုင်မည်လားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဖြေကြားတော်မူသည်မှာ- သူ့အား အကျိုးမပေးနိုင်ပေ။ ၎င်းသည် တစ်ခါမျှပင် အို-ဖန်ဆင်းမွေးမြူတော်မူသောအရှင် ကိယာမသ်နေ့၌ ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါဟူ၍ ပြောဆိုခဲ့ခြင်းမရှိပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)အား အဗ်ဒုလ္လာဟ်ဗင်န် ဂျုဒ်အာန် အသ်သိုင်းမီသည် (ဂျာဟိလိယသ်) အမိုက်ခေတ်တွင် ဆွေမျိုးသားချင်း အဆက်ထားခြင်း၊ ဆင်းရဲသားများကို ကျွေးမွေးခြင်းစသည့် ကောင်းမှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ထိုကောင်းမှုများက သူ့အား‘ကုဖ်ရ်’သွေဖည်ငြင်းပယ်မှုကြောင့်ထိုက်သည့် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ ကယ်တင်နိုင်ပါသလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မကယ်တင်နိုင်ကြောင်း သူမအား ဖြေကြားတော်မူခဲ့သည်။ထို့နောက် ထိုကောင်းမှုများ၏ အကျိုးကိုမခံစားရသည့်အကြောင်းရင်းကို ပြောပြတော်မူခဲ့သည်။ ၎င်းသည် ကုရိုင်းရှ် မွတ်ရှ်ရိက်တို့၏ သာသနာပေါ်တွင်ရှိခဲ့ပြီး ကိယာမသ် ပြန်လည်ရှင်ပြန်ထမည့်နေ့ကို မယုံကြည်သူဖြစ်သည်။ ပြန်လည်ရှင်ပြန်ထမည့်နေ့ကို မယုံကြည်သူသည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူပင်ဖြစ်ပြီး မည်သည့်ကောင်းမှုကမျှ သူ့အား အကျိုးပေးနိုင်မည် မဟုတ်ပေ။ သူ၏အဓိကအပြစ်မှာ အီမာန်သက်ဝင်ယုံကြည်မှု မရှိခြင်းနှင့် အီမာန်ယုံကြည်ကြောင်း ထုတ်ဖော်ပြသော စကားမျိုးဖြစ်သည့် ကိုယ်တော်မိန့်ကြားခဲ့သည့် အို-ဖန်ဆင်းမွေးမြူတော်မူသောအရှင် ကိယာမသ်နေ့၌ ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါဟူသည့် စကားမျိုးပြောဆိုခဲ့ခြင်းမရှိသည့်အတွက်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အီမာန်ယုံကြည်မှု၏ ထွတ်မြတ်မှုကို တင်ပြထားသည်။ အီမာန်သည် လူတစ်ဦး၏အမလ်ကျင့်ဆောင်မှုများ လက်ခံသဘောတူခြင်းခံရရန်အတွက် အခြေခံအကျဆုံးမဏ္ဍိုင်တစ်ခုဖြစ်သည်။
  2. ‘ကုဖ်ရ်’သွေဖည်ငြင်းပယ်မှု၏ ဆိုးကျိုးကို ရှင်းလင်းတင်ပြထားသည်။ ကုဖ်ရ်သည် အမလ်ကောင်းမှုများကို ပျက်စီးစေသည့် ကိစ္စရပ်များတွင်ပါဝင်သည်။
  3. ‘ကာဖိရ်’သွေဖည်ငြင်းပယ်သူတို့အား ၎င်းတို့၏ အမလ်ကောင်းမှုများက နောင် တမလွန်ဘဝ၌ အကျိုးပေးနိုင်မည်မဟုတ်ပေ။ ထို့အတူ ယင်းကောင်းမှုများအတွက် နိအ်မသ် ကောင်းကျိုးချမ်းသာရရှိခြင်းနှင့် အပြစ်ဒဏ်လျော့ပေးခံရခြင်းစသည်ဖြင့် အကျိုးကုသိုလ်တစ်စုံတစ်ရာ ချီးမြှင့်ခံရမည်လည်း မဟုတ်ပေ။ သို့သော် ၎င်းတို့သည် မိမိတို့ကျူးလွန်ခဲ့သည့် အပြစ်ပေါ်မူတည်၍ အချို့က အချို့ထက် အပြစ်ဒဏ်ပိုပေးခြင်းခံကြရမည်ဖြစ်သည်။ ဤအပေါ် ပညာရှင်အားလုံးတညီတညွတ်တည်းပင်ဖြစ်ပြီး ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးဆ်တော်တို့က ထိုအတိုင်းပင် ညွှန်ပြထားသည်။
  4. လူတစ်ဦး ‘ကာဖိရ်’ဘဝ၌ ရှိစဉ်က ဆောင်ရွက်ခဲ့သည့် ကောင်းမှုများသည် ၎င်းသူအစ္စလာမ်သာသနာကို လက်ခံပြီးနောက်တွင်လည်း(မပယ်ဖျက်ဘဲ) မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ထိုအပေါ် အကျိုးကုသိုလ် ချီးမြှင့်ခံရမည်။ ဤသည် ၎င်းသူ အစ္စလာမ်သာသနာတော်အပေါ် (စွဲမြဲစွာ တည်ရှိပြီး)ကောင်းမွန်စွာ လိုက်နာကျင့်သုံးခဲ့သည့်အတွက် အလ္လာဟ်အရှင်မြတ်က မိမိ၏ကျေးဇူးတော်ဖြင့် ချီးမြှင့်ခြင်းဖြစ်သည်။
ထပ်၍