عَنْ عَائِشَةَ رضي الله عنها قَالَتْ:
قُلْتُ: يَا رَسُولَ اللهِ، ابْنُ جُدْعَانَ كَانَ فِي الْجَاهِلِيَّةِ يَصِلُ الرَّحِمَ، وَيُطْعِمُ الْمِسْكِينَ، فَهَلْ ذَاكَ نَافِعُهُ؟ قَالَ: «لَا يَنْفَعُهُ، إِنَّهُ لَمْ يَقُلْ يَوْمًا: رَبِّ اغْفِرْ لِي خَطِيئَتِي يَوْمَ الدِّينِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 214]
المزيــد ...

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ဆင့်ပြန်ထား‌သော ဟဒီးဆ်တော်တွင်လာရှိထားသည်။ သူမကပြောပြသည်မှာ-
ကျွန်မက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် အစ်ဗ်နု ဂျုဒ်အာန်သည် (ဂျာဟိလိယသ်) အမိုက်ခေတ်တွင် ဆွေမျိုးသားချင်း အဆက်အထားသူ၊ ဆင်းရဲသားများကို ကျွေးမွေးသူတစ်ဦးဖြစ်ခဲ့သည်။ သို့ဖြစ်၍ ထိုလုပ်ရပ်တို့က သူ့အား အကျိုးပေးနိုင်မည်လားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဖြေကြားတော်မူသည်မှာ- သူ့အား အကျိုးမပေးနိုင်ပေ။ ၎င်းသည် တစ်ခါမျှပင် အို-ဖန်ဆင်းမွေးမြူတော်မူသောအရှင် ကိယာမသ်နေ့၌ ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါဟူ၍ ပြောဆိုခဲ့ခြင်းမရှိပေ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 214]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်မတိုင်မီက ကုရိုင်ရှ်ခေါင်းဆောင်များအနက်မှ တစ်ဦးဖြစ်သူ အဗ်ဒုလ္လာဟ်ဗင်န် ဂျုဒ်အာန် ဆောင်ရွက်ခဲ့သည့် အစ္စလာမ်သာသနာက တိုက်တွန်းထားသော ကောင်းမှုများဖြစ်သည့် ဆွေမျိုးသားချင်း အဆက်ထားခြင်း၊ ဆွေမျိုးများကို ကောင်းမွန်စွာ ဆက်ဆံခြင်း၊ ဆင်းရဲသားများကို ကျွေးမွေးခြင်းစသည်တို့အပြင် အခြားကောင်းမှုများသည် နောင်တမလွန်အာခိရသ်တွင် ၎င်းအား အကျိုးမပေးနိုင်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုသို့ အကျိုးမပေးရခြင်းမှာ ၎င်းသည် အလ္လာဟ်အရှင်မြတ်ကို ကုဖ်ရ် သွေဖည်ငြင်းပယ်ခဲ့ပြီး တစ်ရက်တလေမျှပင် အို-ဖန်ဆင်းမွေးမြူတော်မူသောအရှင် ကိယာမသ်နေ့၌ ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါဟူ၍ ပြောဆိုခဲ့ခြင်းမရှိသည့်အတွက်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အီမာန်ယုံကြည်မှု၏ ထွတ်မြတ်မှုကို တင်ပြထားသည်။ အီမာန်သည် အမလ်ကျင့်ဆောင်မှုများ လက်ခံသဘောတူခြင်းခံရရန်အတွက် စည်းကမ်းချက်တစ်ရပ်ဖြစ်သည်။
  2. ‘ကုဖ်ရ်’သွေဖည်ငြင်းပယ်မှု၏ ဆိုးကျိုးကို ရှင်းလင်းတင်ပြထားသည်။ ကုဖ်ရ်သည် အမလ်ကောင်းမှုများကို ပျက်စီးစေသည့် ကိစ္စရပ်များတွင်ပါဝင်သည်။
  3. ကာဖိရ် သွေဖည်ငြင်းပယ်သူများသည် အလ္လာဟ်အရှင်မြတ်နှင့် နောင်တမလွန် အာခိရသ်ကို သက်ဝင်ယုံကြည်ခြင်းမရှိသည့်အတွက် ၎င်းတို့ဆောင်ရွက်ခဲ့သောကောင်းမှုများက ၎င်းတို့အား နောင်တမလွန်တွင် လုံးဝအကျိုးမပေးနိုင်ပါ။
  4. လူတစ်ဦး ‘ကာဖိရ်’ဘဝ၌ ရှိစဉ်က ဆောင်ရွက်ခဲ့သည့် ကောင်းမှုများသည် ၎င်းသူအစ္စလာမ်သာသနာကို လက်ခံပြီးနောက်တွင်လည်း(မပယ်ဖျက်ဘဲ) မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ထိုအပေါ် အကျိုးကုသိုလ် ချီးမြှင့်ခံရမည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (65)
ထပ်၍