عَنْ زَيْدِ بْنِ خَالِدٍ الجُهَنِيِّ، أَنَّهُ قَالَ: صَلَّى لَنَا رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ صَلاَةَ الصُّبْحِ بِالحُدَيْبِيَةِ عَلَى إِثْرِ سَمَاءٍ كَانَتْ مِنَ اللَّيْلَةِ، فَلَمَّا انْصَرَفَ أَقْبَلَ عَلَى النَّاسِ، فَقَالَ: هَلْ تَدْرُونَ مَاذَا قَالَ رَبُّكُمْ؟ قَالُوا: اللَّهُ وَرَسُولُهُ أَعْلَمُ، قَالَ: "أَصْبَحَ مِنْ عِبَادِي مُؤْمِنٌ بِي وَكَافِرٌ، فَأَمَّا مَنْ قَالَ: مُطِرْنَا بِفَضْلِ اللَّهِ وَرَحْمَتِهِ، فَذَلِكَ مُؤْمِنٌ بِي وَكَافِرٌ بِالكَوْكَبِ، وَأَمَّا مَنْ قَالَ: بِنَوْءِ كَذَا وَكَذَا، فَذَلِكَ كَافِرٌ بِي وَمُؤْمِنٌ بِالكَوْكَبِ".
[صحيح] - [متفق عليه]
المزيــد ...

ဇိုက်ဒ်ဗင်န် ခါလစ်ဒ် အလ်ဂျုဟနီး (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဟုဒိုင်ဗီယဟ်တွင် ညဘက်မိုးရွာသွန်းပြီးနောက် ကျွန်တော်တို့အား ဦးဆောင်ကာ ဖဂျရ်ဆွလာသ်ကို ဆောက်တည်ပေးတော်မူသည်။ ကိုယ်တော်သည် ဆွလာသ်ပြီးနောက် လူတို့ဘက်သို့လှည့်တော်မူပြီး အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားသည်မှာ- (အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်) ငါအရှင်မြတ်၏ ကျေးကျွန်များအနက်အချို့သည် ငါအရှင်မြတ်အား သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’အဖြစ် နံနက်ချိန်သို့ ဝင်ရောက်ကြပြီး အချို့သည်ငြင်းပယ်သူ ‘ကာဖိရ်’အဖြစ် နံနက်ချိန်သို့ဝင်ရောက်ကြသည်။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အရှင်မြတ်၏ ကရုဏာတော်ကြောင့် ကျွန်ုပ်တို့အပေါ် မိုးရွာသွန်းသည်ဟု ပြောဆိုသူသည် ငါအရှင်မြတ်ကို ယုံကြည်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ငြင်းပယ်သူဖြစ်သည်။ ဤနက္ခတ်၊ ထိုနက္ခတ်ကြောင့် (မိုးရွားသွန်းသည်)ဟု ပြောဆိုသူသည်ငါအရှင်မြတ်ကို ငြင်းပယ်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ယုံကြည်သူဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

ဇိုက်ဒ်ဗင်န် ခါလစ်ဒ် အလ်ဂျုဟနီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ ၎င်းတို့သည် ဟုဒိုင်ဗီယဟ်တွင်ရှိနေကြစဉ် ညဘက်မိုးရွာသွန်းပြီးနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွဟဗာဟ်များအား ဦးဆောင်ကာ ဖဂျရ်ဆွလာသ်ကို ဆောက်တည်တော်မူခဲ့သည်။ ကိုယ်တော်သည် ဆွလာသ်ပြီးနောက် လူတို့အား အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ ၎င်းတို့က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်သည်သာလျှင် အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် ငါအရှင်မြတ်၏ ကျေးကျွန်များအနက်အချို့သည် ငါအရှင်မြတ်အား သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’အဖြစ် နံနက်ချိန်သို့ ဝင်ရောက်ကြပြီး အချို့သည်ငြင်းပယ်သူ ‘ကာဖိရ်’အဖြစ် နံနက်ချိန်သို့ဝင်ရောက်ကြသည်။ ဆိုလိုသည်မှာ မနေ့ညက မိုးရွာသွန်းပြီးနောက် လူတို့တွင် နှစ်မျိုးကွဲသွားကြသည်။အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အရှင်မြတ်၏ ကရုဏာတော်ကြောင့် ကျွန်ုပ်တို့အပေါ် မိုးရွာသွန်းသည်ဟု ပြောဆိုသူ တနည်းအားဖြင့် မိုးရေသည် ငါအရှင်မြတ်၏ အဖန်ဆင်းခံဖြစ်ပြီး နက္ခတ်တာရာများ၏ အဖန်ဆင်းခံမဟုတ်၊ မိုးရွာသွန်းခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်၊ အရှင်မြတ်၏ သတ်မှတ်မှုနှင့် အရှင်မြတ်၏ ကရုဏာတော်ကြောင့် ကျေးကျွန်တို့အပေါ် မိုးရွာသွန်းခြင်းဖြစ်သည်ဟု ယုံကြည်သူ၊ ထို့အပြင်အရှင်မြတ် မိန့်တော်မူထားသည့် - (ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် လူတို့မျှော်လင့်ချက်ကင်းခဲ့ကြသည့်နောက်တွင် မိုးရေကို ရွာသွန်းစေတော်မူ၏။ ထို့ပြင် မိမိကရုဏာတော်ကို ပြန့်စေတော်မူ၏။ စင်စစ်မှာကား ထိုအရှင်မြတ်သည် ကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးတော်မူသောအရှင်၊ ချီးမွမ်းအပ်သည့် အထူးထူးသော ဂုဏ်၊ ဝိသေသအပေါင်းတို့ နှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။) ကုရ်အာန် (၄၂:၂၈) အာယသ်တော်အတိုင်း ငါအရှင်မြတ်က မိုးရွာသွန်းခြင်းဖြင့် မိမိ၏ကျေးကျွန်များအပေါ် ကရုဏာထားတော်မူပြီး ၎င်းတို့ကို ကျေးဇူးပြုခြင်းဖြစ်သည်ဟု ယုံကြည်ချက်ထားသူသည် ငါအရှင်မြတ်ကို သက်ဝင်ယုံကြည်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ငြင်းပယ်သူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက ထိုနက္ခတ်တာရာများ ထွက်ပေါ်လာခြင်းသည် မိုးရွာသွန်းမှုအပေါ် မည်သို့မျှသက်ရောက်မှုမရှိကြောင်း ယုံကြည်သည့်အတွက်ဖြစ်သည်။ မိုးရွာသွန်းခြင်းအား နက္ခတ်တာရာများကြောင့် ဖြစ်သည်ဟု ပြောဆိုသူသည် အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ယုံကြည်သူဖြစ်သည်။ ဤနေရာတွင် ‘ကုဖ်ရ်’ငြင်းပယ်ခြင်းဆိုသည်မှာ ‘ကုဖ်ရ် ဟကီးကီး’အမှန်တကယ်ပင် ကာဖိရ်ဖြစ်သွားခြင်းကို ဆိုလိုခြင်းလည်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ဆန့်ကျင်ဘက်၌(ထိုသို့ ယုံကြည်ချက်မထားသူအား) ‘မုအ်မင်န် ဟကီးကီး’ မုအ်မင်န် အစစ်အမှန်ဖြစ်သူဟု လာရှိထားသည်။ ဤသည် မိုးရွာသွန်းခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ လုပ်ဆောင်မှုကြောင့် မဟုတ်ဘဲ နက္ခတ်တာရာများ၏ လုပ်ဆောင်မှုနှင့် ၎င်းတို့၏ ဖန်ဆင်းမှုကြောင့်သာဖြစ်သည်ဟု ယုံကြည်ချက်ထားသူနှင့်သာ သက်ဆိုင်ပေသည်။ အရဗ်လူမျိုးတို့အနက် အချို့က အရှေ့အရပ်မှ ကြယ်တစ်လုံးထွက်ပေါ်လာပြီး အနောက်အရပ်မှ ကြယ်တစ်လုံး ကြွေသည့်အခါတွင် မိုးရွာခြင်း သို့မဟုတ် လေတိုက်ခြင်းတို့ ဖြစ်ပေါ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့အနက် အချို့က မိုးရွာသွန်းခြင်းသည် ကြယ်ထွက်ပေါ်ခြင်းကြောင့်ဖြစ်ပေါ်သည်ဟု ယုံကြည်ကြပြီး အချို့ကကြယ်ကြွေခြင်းကြောင့်ဖြစ်ပေါ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဟဒီးဆ်တော်၌ဖော်ပြထားသောစကားအတိုင်း ပြောဆိုသုံးနှုန်းကြသည်။ သို့ဖြစ်၍ မည်သူမျှပင် ၎င်းတို့ယုံကြည်ချက်အတိုင်း ယုံကြည်ခြင်းနှင့် ၎င်းတို့၏ စကားအတိုင်း တုပပြောဆိုခြင်းမျိုး မပြုကြစေရန်အတွက် ရှရီအဟ်တရားတော်က ထိုကိစ္စအားလုံးကိုတားမြစ်ထားခြင်းဖြစ်သည်။ထို့ကြောင့် မိုးရေကိုအလ္လာဟ်အရှင်မြတ်ကသာ ရွာသွန်းစေပြီး၊ ထိုသို့ရွာသွန်းပေးခြင်း၌ရှိသည့်အရှင်မြတ်၏ကျေးဇူးတော်ကို သိရှိသူသည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်သူဖြစ်သည်။ မိုးရွာသွန်းခြင်းအား အလ္လာဟ်အရှင်မြတ်အပြင် နက္ခတ်တာရာများကဲ့သို့ အခြားအရာများကြောင့်ဖြစ်ပေါ်သည်ဟု ပြောဆိုသူနှင့် ပတ်သက်၍ အကျယ်ရှင်းလင်းချက် လာရှိထားသည်။ အကယ်၍ မိုးရွာခြင်းအား နက္ခတာရာများက ဖြစ်ပေါ်စေခြင်း၊ ဖန်ဆင်းလိုက်ခြင်းဖြစ်သည်ဟု ယုံကြည်ပါက ‘ကုဖ်ရ် အက္ကဗရ်’အစ္စလာမ့်ဘောင်အပြင်သို့ရောက်စေသည့် ကုဖ်ရ် ထိုက်မည်ဖြစ်သည်။ ၎င်းသည် မိုးရွာသွန်းပေးသည့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို ငြင်းပယ်ခဲ့ခြင်းဖြစ်ပြီး ကျေးဇူးတော်များကို ကျေဇူးပြုသည့်အရှင်မြတ်မှအပ အခြားအရာများဘက်သို့ ဆက်နွယ်စေကာ မတရားမှုပြုခဲ့ခြင်းပင်ဖြစ်သည်။အကြင်သူက မိုးရေကို အလ္လာဟ်အရှင်မြတ်ကသာ ဖန်ဆင်းတော်မူပြီး အရှင်မြတ်ကသာ မိုးရွာသွန်းစေတော်မူသည် သို့သော် နက္ခတ်တာရာများ ထွက်ပေါ်လာခြင်းသည် မိုးရွာသွန်းခြင်း၏ အကြောင်းခံဖြစ်သည်ဟု ယုံကြည်ချက်ထားလျှင် ထိုယုံကြည်ချက်သည်လည်း မှားယွင်းသည်။ သို့သော် ‘ကုဖ်ရ် အက္ကဗရ်’အစ္စလာမ့်ဘောင်အပြင်သို့ ရောက်စေသည့် ကုဖ်ရ် မထိုက်ပေ။ အကြင်သူက နက္ခတ်တာရာများသည် မိုးရွာခြင်း၏ အကြောင်းခံမဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်ကသာ မိုးရွာသွန်းစေခြင်းဖြစ်သည်ဟု ယုံကြည်သည်။ သို့သော် နက္ခတ်တာရာများ ထွက်ပေါ်ချိန်တွင် မိုးရွာသွန်းသည်ဟု ယုံကြည်ချက်ထားလျှင် ယင်းယုံကြည်ချက်သည် ပိုင်ပြီး မည်သို့မျှ ပြဿနာမရှိပေ။ သို့သော် အထက်တွင်ဖော်ပြထားသော အသုံးအနှုန်းမျိုးဖြစ်သည့် ကျွန်ုပ်တို့အပေါ် မိုးရွာသွန်းခြင်းသည် မည်သည့်ကြယ်၊ မည်သည့်နက္ခတ်တာရာကြောင့်ဖြစ်သည်ဟု မပြောဆိုခြင်း ပိုကောင်းသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နက္ခတ်တာရာများက မိုးရွာသွန်းပေးသည်ဟု ယုံကြည်ချက်ထားကာ ဤနက္ခတ်၊ ထိုနက္ခတ်ကြောင့် မိုးရွာသွန်းသည်ဟု ပြောဆိုလျှင်‘ကုဖ်ရ်’ထိုက်၍ အီမာန် ယုံကြည်မှု ပျက်ပြားစေကြောင်း ရှင်းပြထားသည်။
  2. ‘နိအ်မသ်’စည်းစိမ်များကို အလ္လာဟ်အရှင်မြတ်ကသာချီးမြှင့်ကြောင်း ယုံကြည်ရန်တာဝန်ရှိသည်။
  3. မိုးရွာသွန်းပေးသည့်အပေါ် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ရန် တာဝန်ရှိသည်။
  4. လေးနက်စွာ စဉ်းစားဆင်ခြင်မှသာ သဘောပေါက် နားလည်နိုင်မည့် ကိစ္စမျိုးကို ‘အိမာမ်’ခေါင်းဆောင်က မိမိ၏အပေါင်းအဖော်များအား တင်ပြခွင့်ရှိသည်။
  5. မိုးရွာသည့်အခါ (မုသွိရ်နာ ဗိဖဿွ်လိလ်လာဟိသအာလာ ဝဗိရဟ်မသိဟီ) အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အရှင်မြတ်၏ ကရုဏာတော်ကြောင့် ကျွန်ုပ်တို့အပေါ် မိုးရွာသွန်းခဲ့သည်ဟု ဆိုခြင်း ‘မွတ်စ်သဟဗ်’ဖြစ်သည်။
အမျိုးအစားများ
ထပ်၍