عَنْ أَبِي هُرَيْرَةَ رضي الله عنه قال:
جَاءَ نَاسٌ مِنْ أَصْحَابِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَسَأَلُوهُ: إِنَّا نَجِدُ فِي أَنْفُسِنَا مَا يَتَعَاظَمُ أَحَدُنَا أَنْ يَتَكَلَّمَ بِهِ، قَالَ: «وَقَدْ وَجَدْتُمُوهُ؟» قَالُوا: نَعَمْ، قَالَ: «ذَاكَ صَرِيحُ الْإِيمَانِ».
[صحيح] - [رواه مسلم] - [صحيح مسلم: 132]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သာဝကအချို့သည် ရောက်ရှိလာပြီး ကိုယ်တော့်အား ကျွန်တော်တို့အနက် လူတိုင်းသည် ထုတ်ဖော်ပြောဆိုရန်ပင် အလွန်ဝန်လေးမိသည့် (ရှိုင်သွာန်ဘက်မှလာသော မကောင်းသည့်)အတွေးများ ကျွန်တော်တို့၏ စိတ်ထဲ၌ပေါ်ပေါက်နေပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က သင်တို့သည် ထိုကိစ္စမျိုးအမှန်တကယ်ကြုံတွေ့ခဲ့ကြပါသလားဟု မေးမြန်းတော်မူရာ ၎င်းတို့က ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ဤသည် စစ်မှန်သည့် အီမာန်ယုံကြည်မှုပင်ဖြစ်သည်။
[صحيح] - [رواه مسلم] - [صحيح مسلم - 132]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သာဝကအချို့သည် ရောက်ရှိလာပြီး ၎င်းတို့စိတ်ထဲတွင် ဖြစ်ပေါ်လာသော ပြောပြရန်ပင် ဝန်လေးမိသည်အထိ ၎င်းတို့အဖို့ မနှစ်သက်စရာဖြစ်သော ကြီးကျယ်လှသည့်ကိစ္စရပ်နှင့် ပတ်သက်၍ ကိုယ်တော့်အား လျှောက်ထားမေးမြန်းကြသည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့ကြုံတွေ့နေရသည့်အရာသည် စစ်မှန်သည့် အီမာန်ယုံကြည်မှုပင်ဖြစ်သည်။ ထိုအီမာန်ယုံကြည်မှုက စိတ်နှလုံးသားအတွင်းသို့ ရှိုင်သွာန်ဘက်မှ ထည့်သွင်းပေးသည့် ‘ဝတ်စ်ဝစဟ်’ယုံမှားသံသယစိတ်ကို လက်ခံယုံကြည်ခြင်းမှ အသင်တို့အား တားဆီးပေးပြီး အသင်တို့၏စိတ်ထဲတွင် ယင်းအား ကြီးကျယ်သည့် ကိစ္စအဖြစ်မှတ်ယူစေကာ ပြောပြရန်မနှစ်သက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဧကန်အမှန်ပင် ရှိုင်သွာန်သည် အသင်တို့၏ စိတ်နှလုံးသားများကို မကောင်းသည့်သံသယအတွေးများပေါ်တွင် ရပ်တည်နေရန် မစွမ်းဆောင်နိုင်တော့ပေ ဤသည် ရှိုင်သွာန်က မကောင်းသည့် သံသယအတွေးများ ထည့်သွင်းပေးကာ ၎င်းတို့ကို တွန်းလှန်နိုင်စွမ်းမရှိသူတို့နှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။