عن عبد الله بن عمرو بن العاص رضي الله عنهما مرفوعاً: قال: لم يكن رسول الله صلى الله عليه وسلم فاحشاً ولا متفحشاً، وكان يقول: «إن من خياركم أحسنكم أخلاقًا».
[صحيح] - [متفق عليه]
المزيــد ...

အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောကြားသည်မှာ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နှုတ်လျှာကြမ်းတမ်းသူ မဟုတ်သလို စက်ဆုပ်ဖွယ်ရာများကို ပြောဆိုသူလည်း မဟုတ်ပေ။ ကိုယ်တော်က မိန့်ကြားလေ့ရှိသည်မှာ ဧကန်အမှန်ပင် အသင်တို့အနက် အကောင်းဆုံးသူသည် ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စက်ဆုပ်ဖွယ်ရာများကို ပြောဆိုသူမဟုတ်သလို၊ မကောင်းသည့် လုပ်ရပ်ကို လုပ်ဆောင်သူလည်း မဟုတ်ပေ၊ ထိုကိစ္စများကို တမင်ပြုလုပ်ခြင်းမရှိသလို ဟန်ဆောင်ပြုလုပ်ခဲ့ခြင်းလည်းမရှိပေ။ ထို့ပြင် ကိုယ်တော်သည် ကြီးကျယ်လှသည့် အကျင့်စာရိတ္တပိုင်ရှင်ဖြစ်တော်မူသည်။ ကိုယ်တော်မြတ်က မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အနက် အမွန်မြတ်ဆုံးသူသည် ကိုယ်ကျင့်တရားအကောင်းဆုံးသူပင်ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားသည် ကောင်းမှုများကို ပြုလုပ်ရန်နှင့် မကောင်းမှုများကို စွန့်လွှတ်ရန်ဖိတ်ခေါ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို
ဘာသာပြန်များကို ကြည့်ရှုရန်

من فوائد الحديث

  1. မုအ်မင်န်တစ်ဦးသည် မကောင်းသော စကားနှင့် မကောင်းသော လုပ်ရပ်တို့မှ ဝေးစွာရှောင်ကြဉ်သင့်သည်။
  2. အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ မွန်မြတ်သည့် အကျင့်စာရိတ္တပေါ်တွင် ခိုင်မာစွာ ရပ်တည်သူဖြစ်သောကြောင့် ကိုယ်တော့်ထံမှ ကောင်းမြတ်သည့် လုပ်ရပ်များနှင့် မွန်မြတ်သည့် စကားများသာ ပေါ်ထွက်လာသည်။
  3. ကောင်မြတ်သည့် ကိုယ်ကျင့်တရားသည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ကြား၌ ပြိုင်ဆိုင်ရမည့် ကွင်းပြင်တစ်ခုဖြစ်သည်။ မည်သူမဆို ၎င်း၌ ရှေ့ရောက်နေပါက မုအ်မင်န်တို့အနက် အကောင်းဆုံးသူနှင့် အီမာန်အပြည့်ဝဆုံးသူပင်ဖြစ်သည်။
ထပ်၍