عن عائشة رضي الله عنها مرفوعاً: «إن المؤمن ليدرك بحسن خلقه درجة الصائم القائم»
[صحيح] - [رواه أبو داود وأحمد]
المزيــد ...

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် မုအ်မင်န် တစ်ဦးသည် ၎င်း၏ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားကြောင့် ဆွိယာမ် ဥပုသ်စောင့်ထိန်းသူ၊(ညတွင်ထ၍) ဆွလာသ် ဆောက်တည်သူ၏ အဆင့်အတန်းကို ရရှိသွားသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အဗူဒါဝူဒ်ကျမ်း။

ရှင်းလင်းချက်

ဤဩဝါဒတော်၌ ကောင်းမြတ်သောကိုယ်ကျင့်တရား၏ မွန်မြတ်မှုကို တင်ပြထားသည်။ ကိုယ်ကျင့်တရား ကောင်းမွန်သူတစ်ဦးသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အဆင့်အတန်းမြင့်မားပြီး ၎င်းသည် ဂျန္နသ် သုခဘုံ၌ အဆင့်တန်းအားဖြင့် (နေ့တွင်) အမြဲတစေ ဆွိယာမ်ဥပုသ်စောင့်ထိန်းပြီး ညတွင် အမြဲဆွလာသ် ဆောက်တည်သူနှင့် တန်းတူပင်ဖြစ်သည်။ ထိုကောင်းမှု နှစ်ခုသည် ကြီးကျယ်လှပြီး စိတ်နှလုံးသားများအတွက် ကျင့်ဆောင်ရန် ခက်ခဲလှသည်။ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားသည် ၎င်းတို့ထက်စာလျှင် လွယ်ကူသည့် ကိစ္စပင်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို
ဘာသာပြန်များကို ကြည့်ရှုရန်

من فوائد الحديث

  1. ကောင်းမြတ်သည့် ကိုယ်ကျင့်တရားသည် အကျိုးကုသိုလ်အား ဆတက်ထမ်းပိုး တိုးစေခဲ့ရာ ကျွန်တစ်ဦးသည် ထိုကိုယ်ကျင့်တရားကြောင့် အမြဲတစေ ဆွိယာမ်ဥပုသ် စောင့်ထိန်းသူ၊ ပင်ပန်းခြင်းမရှိဘဲ အမြဲဆွလာသ်ဆောက်တည်သူ၏ အဆင့်အတန်းသို့ ရောက်ရှိသွားလေသည်။
ထပ်၍