عَنِ ابْنِ عَبَّاسٍ رَضيَ اللهُ عنهما قَالَ:
قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ لِلْأَشَجِّ أَشَجِّ عَبْدِ الْقَيْسِ: «إِنَّ فِيكَ خَصْلَتَيْنِ يُحِبُّهُمَا اللهُ: الْحِلْمُ، وَالْأَنَاةُ».
[صحيح] - [رواه مسلم] - [صحيح مسلم: 17]
المزيــد ...
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ﷺ)
သည် အလ်အရှဂျ် အဗ်ဒွလ်ကိုင်စ် (ရဿွိယလ္လာဟု အန်ဟု) အား မိန့်တော်မူသည်မှာ (အို အရှဂ်ျ ) "ဧကန်အမှန် သင့်၌ အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော ဂုဏ်အရည်အချင်း နှစ်ခုရှိ၏။ သည်းခံခြင်း (ဒေါသကို ထိန်းချုပ်ခြင်း) နှင့် တည်ငြိမ်သိမ်မွေ့ခြင်း (အလျင်စလို မလုပ်ခြင်း) တို့ဖြစ်သည်။"
[صحيح] - [رواه مسلم] - [صحيح مسلم - 17]
နဗီတမန်တော်မြတ် (ﷺ) သည် အဗ်ဒွလ်ကိုင်စ်မျိုးနွယ်မှ ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူ အလ်အရှဂျ် မွန်ဇိရ် ဗင် အာအိဇ် (ရဿွိယလ္လာဟု အန်ဟု) အား မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန် သင့်၌ အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော ဂုဏ်အရည်အချင်း နှစ်ခုရှိ၏။ ၎င်းတို့မှာ ပညာဉာဏ်ဖြင့် ဆင်ခြင်ခြင်း (ဒေါသကို ထိန်းချုပ်ခြင်း) နှင့် တည်ငြိမ် သိမ်မွေ့ပြီး အလျင်စလို မလုပ်ခြင်း တို့ပင်တည်း။