عَنْ جَابِرٍ رَضيَ اللهُ عنهُ أَنَّ رَسُولَ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ مِنْ أَحَبِّكُمْ إِلَيَّ وَأَقْرَبِكُمْ مِنِّي مَجْلِسًا يَوْمَ القِيَامَةِ أَحَاسِنَكُمْ أَخْلاَقًا، وَإِنَّ أَبْغَضَكُمْ إِلَيَّ وَأَبْعَدَكُمْ مِنِّي مَجْلِسًا يَوْمَ القِيَامَةِ الثَّرْثَارُونَ وَالمُتَشَدِّقُونَ وَالمُتَفَيْهِقُونَ»، قَالُوا: يَا رَسُولَ اللهِ، قَدْ عَلِمْنَا الثَّرْثَارُونَ وَالمُتَشَدِّقُونَ فَمَا الْمُتَفَيْهِقُونَ؟ قَالَ: «الْمُتَكَبِّرُونَ».
[صحيح] - [رواه الترمذي] - [سنن الترمذي: 2018]
المزيــد ...
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြား
တော်မူသည်။
အသင်တို့အနက်ငါကိုယ်တော် အနှစ်သက်ဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့် အနီးဆုံးနေရာတွင်ရှိမည့်သူသည် သင်တို့ထဲတွင် ကိုယ်ကျင့်
တရားအကောင်းဆုံးသူဖြစ်သည်။ အသင်တို့အနက် ငါကိုယ်တော်အမုန်းဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့်အဝေးဆုံးနေရာတွင်ရှိမည့်သူသည် အလွန်စကားများသူများ၊ လူအထင်ကြီးအောင်ပြောဆိုသူများနှင့် မုသဖိုင်းဟိကူးန် တို့ဖြစ်ကြသည်။ သာဝကကြီးများက ကျွန်တော်တို့သည် အလွန်စကားများသူများနှင့် လူအထင်ကြီးအောင်ပြောဆိုသူများဟူသည်ကို နားလည်ကြပါသည်။ မုသဖိုင်းဟိကူးန်ဆိုသည်မှာ အဘယ်ပါနည်းဟုမေးမြန်းခဲ့ကြသည်။ကိုယ်တော်မြတ်(ﷺ)က မာနထောင်လွှားသူများဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။
[صحيح] - [رواه الترمذي] - [سنن الترمذي - 2018]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ- “သင်တို့အနက် လောကီဘဝ၌ ငါကိုယ်တော် အချစ်ဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့် အနီးကပ်ဆုံးနေထိုင်ရသူမည့်မှာ အသင်တို့ထဲတွင် အကျင့်စာရိတ္တအကောင်းဆုံးသူပင် ဖြစ်၏။ သင်တို့အနက် လောကီဘဝ၌ ငါကိုယ်တော် အမုန်းဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့် အဝေးဆုံး နေထိုင်ရသူမှာ အသင်တို့အနက် အကျင့်စာရိတ္တအဆိုးဆုံးသူ၊ (အသ်စရ်ဆာစူးန်) စကားများလွန်းပြီး အမှန်တရားမှ ထွက်သွားသော အလွန်အကျွံ စကားပြောဆိုသူများ။ (အလ်မုသရှဒ်ဒီကူးန်) စကားပြောရာတွင် သတိမထားမဆင်ခြင်ဘဲ ချဲ့ကားပြောဆိုခြင်း၊ စကားများကို အလွန်အကျွံ ရှည်လျားအောင် ဖွဲ့နွဲ့ပြောဆိုတတ်သူများနှင့် (အလ်မုသဖိုင်ဟီကူးန်) တို့ ဖြစ်၏။ အချို့က “အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ စရ်ဆာစူးန်နှင့် မုသရှဒ်ဒီကူးန် တို့ကို ကျွန်တော်တို့ သိပါပြီ။ အလ်မုသဖိုင်ဟီကူးန် ဆိုသည်မှာ အဘယ်နည်း။” ဟု မေးလျှောက်ရာ၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “သူတို့သည် မာနကြီးသူ၊ လူတို့ကို ပြက်ရယ်ပြုသူ၊ စကားပြောရာတွင် ချဲ့ထွင်ကာ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟသူများဖြစ်သည်” ဟု မိန့်တော်မူ၏။