عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال: «ما نقصت صدقة من مال، وما زاد الله عبدا بعفو إلا عزا، وما تواضع أحد لله إلا رفعه الله عز وجل »
[صحيح] - [رواه مسلم]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည်မဟုတ်၊ ခွင့်လွှတ်တတ်သူအား အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာ ပို၍တိုးပွားစေတော်မူမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် ရိုကျိုးနှိမ့်ချခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအားမြှင့်တင်ပေးတော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

(ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည်မဟုတ်)၏ အလိုသဘောမှာ၊ အမှန်တကယ်ပင် ဆွဒ်ကဟ်အလှူဒါန ပြုသည့်အခါ ဆွဒကဟ်သည် ဥစ္စာပစ္စည်းအား မလျှော့နည်းစေဘဲ ပို၍သာတိုးပွားစေသည်။ ထို့ပြင်ဥစ္စာပစ္စည်း၌ ဗရကသ်မင်္ဂလာတိုးပွားပြီး၊ ဘေးဗလာများကိုလည်းဖယ်ရှားပေးသည်။ ဥစ္စာပစ္စည်း တိုးပွားခြင်းဟူသည် အလ္လာဟ်အရှင်မြတ်က ၎င်းအတွက် ရိုဇီရိက္ခာ၏ တံခါးများကိုဖွင့်ပေးလိုက်ပြီး အရေအတွက် တိုးပွားစေမည် သို့မဟုတ် အလ္လာဟ်အရှင်မြတ်က ၎င်းလှူဒါန်းလိုက်သည့် ပမာဏထက် ပိုများသော ဗရကသ် ကောင်းချီးမင်္ဂလာများကို ချီးမြှင့်တော်မူကာ အရည်အသွေးတွင် တိုးပွားစေတော်မည်ဖြစ်သည်။ (ခွင့်လွှတ်တတ်သူအား အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာ ပို၍တိုးပွားစေတော်မူမည်။)၏ အလိုသဘောမှာ ခွင့်လွှတ်တတ်သူ၊ လက်စားချေခြင်း၊ အပြစ်ပေးခြင်း မလုပ်သူဟု ကျော်ကြားသူအား လူတို့၏စိတ်နှလုံးသားထဲတွင် အထင်ကြီးလေးစားပြီး လောကီ၊ လောကုတ္တရာ နှစ်ဌာနစလုံးတွင် ဂုဏ်သိက္ခာ၊မြင့်မြတ်မှုနှင့် အဆင့်အတန်း တိုးတက်မြင့်မားလာမည်ဖြစ်သည်။ (မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် ရိုကျိုးနှိမ့်ချခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအားမြှင့်တင်ပေးတော်မူသည်။)၏ အလိုသဘောမှာ အကြင်သူသည် အလ္လာဟ်အရှင်မြတ်အတွက် မိမိကိုယ်မိမိနှိမ့်ချပြီး အရှင်မြတ်၏ရှေ့တော်မှောက်တွင် ခယရိုကျိုးကာ အဖန်ဆင်းခံများအပေါ် နူးညံ့သိမ်မွေ့ပြီး မွတ်စ်လင်မ်တို့အား ရိုကျိုးစွာ ဆက်ဆံတတ်သူဖြစ်လျှင် ထိုသို့သောအရည်အချင်းများသည် ၎င်းအား လောကီ၌ အဆင့်အတန်း မြင့်မားမှု၊ လူတို့၏စိတ်နှလုံးတွင် ချစ်ခင်မှုကို တိုးပွားစေပြီး ဂျန္နသ်သုခဘုံ၌ အဆင့်အတန်း မြင့်မားစေမည်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို
ဘာသာပြန်များကို ကြည့်ရှုရန်

من فوائد الحديث

  1. ဆွဒကဟ် အလှူဒါနပြုရန် တိုက်တွန်းထားသည်။
  2. ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို ထိန်းသိမ်းရန်၊ တိုးပွားလာစေရန်နှင့် မင်္ဂလာရရှိရန်အတွက် အကြောင်းခံတစ်ခုဖြစ်သည်။
  3. ဥစ္စာပစ္စည်း တိုးပွားခြင်းဟူသည် တစ်ခါတစ်ရံတွင် မမြင်ရသည့် တိုးပွားခြင်းမျိုးဖြစ်သည်။ ဥပမာ - အလ္လာဟ်အရှင်မြတ်က ၎င်းအတွက် ရိုဇီရိက္ခာ၏ တံခါးများကိုဖွင့်ပေးလိုက်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် မြင်တွေ့နိုင်သည့် တိုးပွားခြင်းမျိုးဖြစ်သည်။ ဥပမာ - အလ္လာဟ်အရှင်မြတ်က ၎င်း၏ ဥစ္စာပစ္စည်း၌ ဗရကသ် ကောင်းချီးမင်္ဂလာ ချီးမြှင့်တော်မူလိုက်သဖြင့် ဥစ္စာပစ္စည်းသည် ၎င်းလှူဒါန်းလိုက်သည့် ပမာဏထက် ပို၍ တိုးပွားလာခြင်းဖြစ်သည်။
  4. အပြစ်ကျူးလွန်သူအား ခွင့်လွှတ်ရန် တိုက်တွန်းထားသည်။
  5. ရိုကျိုးမှုရှိရန် တိုက်တွန်းထားသည်။
  6. ရိုကျိုးခြင်းသည် အချို့သူများ ထင်မြင်ကြသကဲ့သို့ ဂုဏ်သိက္ခာကျဆင်းခြင်း မဟုတ်ဘဲ၊ တမန်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည့်အတိုင်း ဂုဏ်သိက္ခာရှိခြင်းသာဖြစ်သည်။
  7. (မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် ရိုကျိုးနှိမ့်ချခဲ့လျှင်)ဟု မိန့်တော်မူထားသဖြင့် ရိုကျိုးမှုနှင့်ပတ်သက်၍ လာရှိသည့် အကျိုးကျေးဇူးသည် “ရိယာအ်” ပြစားမှု မပါဘဲ အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ရိုကျိုးမှုရှိသူအတွက်ဖြစ်သည်။
  8. အမှန်တကယ်ပင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းမြင့်မားခြင်းတို့သည် အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အရှင်မြတ်၏ လက်တော်၌ပင်ရှိပြီး ၎င်းတို့အားရရှိရန်အကြောင်းခံများနှင့် ပြည့်စုံသူများအနက်မှ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိသူကို ချီးမြှင့်တော်မူသည်။
ထပ်၍