عَنْ أَبِي هُرَيْرَةَ رضي الله عنه، عَنِ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَا جَلَسَ قَوْمٌ مَجْلِسًا لَمْ يَذْكُرُوا اللَّهَ فِيهِ وَلَمْ يُصَلُّوا عَلَى نَبِيِّهِمْ إِلاَّ كَانَ عَلَيْهِمْ تِرَةً، فَإِنْ شَاءَ عَذَّبَهُمْ وَإِنْ شَاءَ غَفَرَ لَهُمْ».

[صحيح] - [رواه أبو داود والترمذي والنسائي في الكبرى] - [سنن الترمذي: 3380]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုတွင် ထိုင်ကြပြီး၊ ထိုထိုင်ဝိုင်း၌ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းလည်းမပြု၊ မိမိတို့၏ နဗီတမန်တော်မြတ်အပေါ် ဆွလာသ်ပို့သခြင်းလည်း မပြုကြဘူးဆိုရင်၊ ထိုထိုင်ဝိုင်းသည် ၎င်းတို့အတွက် ဆုံးရှုံးမှုကို ဖြစ်စေတဲ့အရာ ဖြစ်လိမ့်မယ်။ အကယ်၍ (အလ္လာဟ်အရှင်မြတ်က) အလိုရှိတော်မူလျှင် သူတို့ကို အပြစ်ဒဏ်ပေးတော်မူမည်။ အကယ်၍ အလိုရှိတော်မူလျှင်လည်း ခွင့်လွှတ်တော်မူမည်။"

[صحيح] - [رواه أبو داود والترمذي والنسائي في الكبرى] - [سنن الترمذي - 3380]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း(ဇိကရ်)မှ မေ့လျော့ခြင်းနှင့်ပတ်သက် ၍ သတိပေးတား မြစ်ထားတော်မူသည်။ မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုတွင် ထိုင်ကြပြီး၊ ထိုထိုင်ဝိုင်း၌ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းလည်းမပြု၊ မိမိတို့၏ နဗီတမန်တော်မြတ်အပေါ် ဆွလာသ်ပို့သခြင်းလည်း မပြုကြဘူးဆိုရင်၊ ထိုထိုင်ဝိုင်းသည် ကိယာမသ်နေ့တွင် ၎င်းတို့အတွက် အရှက်တကွဲအကျိုးနည်းဖြစ်ခြင်း၊ နောင်တရခြင်း၊ ဆုံးရှုံးခြင်းနှင့် ထိခိုက်နစ်နာခြင်း၏ အကြောင်း ခံ ဖြစ်လိမ့်မည်။ အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူလျှင် ၎င်းတို့၏ ယခင်က ပြုလုပ်ခဲ့သော အပြစ်များနှင့် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လစ်ဟင်းချက်များကြောင့် ၎င်းတို့အား အပြစ်ပေးတော်မူမည်။ အကယ်၍ အလိုရှိတော်မူလျှင် ၎င်းတို့အား မိမိ၏ကျေးဇူးတော်နှင့် ကရုဏာတော်အရ ခွင့်လွှတ်တော်မူမည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ အလ္လာဟ်အရှင်မြတ်အား သတိရတသ (ဇိကရ်) ပြုရန် တိုက်တွန်းထားပြီး၊ ဇိကရ်၏ အကျိုးကျေးဇူးကို ဖော်ပြထားခြင်း။
  2. ၂။ အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း (ဇိကရ်) နှင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဆွလာသ်ပို့သခြင်းပါဝင်သော ထိုင်ဝိုင်းများ၏ ထွတ်မြတ်မှုနှင့် ဇိကိရ်နှင့် ဆွလာသ်ပို့သခြင်း မပါဝင်သော ထိုင်ဝိုင်းများသည် ကိယာမသ်နေ့တွင် ၎င်းတို့အတွက် ကံဆိုးမှုများသာလျှင် ဖြစ်မည်။
  3. အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသမှုမှ မေ့လျော့ခြင်းအား သတိပေးချက်သည် မဂ်ျလိစ်ထိုင်ဝိုင်းများတွင်သာမက အခြားနေရာများတွင်လည်း သက်ရောက်မှုရှိသည်။ အိမာမ်နဝဝီက ဆိုသည်မှာ - "မည်သူမဆို နေရာတစ်ခုတွင် ထိုင်နေလျှင် ထိုနေရာကို အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းမပြုဘဲ စွန့်ခွာခြင်းသည် မက်ရူဟ် (မနှစ်မြို့ဖွယ်ကိစ္စရပ် )ဖြစ်သည်။"
  4. ကိယာမတ်နေ့တွင် ၎င်းတို့ခံစားရမည့် နောင်တရစရာ ဆုံးရှုံးမှုသည် နှစ်မျိုးရှိနိုင်သည် - တစ်မျိုးမှာ အချိန်ကို အလ္လာဟ်အရှင်မြတ်၏ နာခံမှုတွင် အသုံးမချခြင်းကြောင့် အကျိုးဆုလာဘ်များ ဆုံးရှုံးခြင်း ကြောင့် ရရှိမည့်နောင်တဖြစ်ပြီး၊ နောက်တစ်မျိုးမှာ အချိန်ကို အလ္လာဟ်အရှင်မြတ်၏ အမိန့်ဖီဆန်မှုတွင် ကုန်ဆုံးခြင်းကြောင့် အပြစ်ထိုက်ခြင်းနှင့် အပြစ်ဒဏ်ခံရခြင်းတို့ကြောင့် ရရှိမည့်နောင်တဖြစ်သည်။
  5. သာမန်ခွင့်ပြုထားသော အမှုကိစ္စများတွင် အချိန်ကုန်နေပြီး (အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသမှုမှ) မေ့လျော့နေခြင်းအတွက်ပင် ဤသို့ သတိပေးချက်ရှိလျှင်၊ အတင်းပြောခြင်း၊ ကုန်းတိုက်ကုန်းချောပြုလုပ်ခြင်း စသည့် တားမြစ်ထားသောအရာများ ပါဝင်သည့် မဂ်ျလိစ်ထိုင်ဝိုင်းများ၏ အခြေအနေကား အဘယ်မျှ ဆိုးဝါးလိမ့်မည်နည်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (44)
ထပ်၍