عن أبي هريرة رضي الله عنه عن النبي صلى الله عليه وسلم قال:
«لَيْسَ شَيْءٌ أَكْرَمَ عَلَى اللهِ تَعَالَى مِنَ الدُّعَاءِ».

[حسن] - [رواه الترمذي وابن ماجه وأحمد] - [سنن الترمذي: 3370]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ်ထံတော်၌ ဒုအာဆုမွန်တောင်းခံခြင်းထက် ပို၍မြင့်မြတ်သောအရာဟူ၍မရှိ။

[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] - [رواه الترمذي وابن ماجه وأحمد] - [سنن الترمذي - 3370]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဒုအာဆုတောင်းခြင်းထက် ပို၍မြင့်မြတ်သော အိဗာဒသ်ဟူ၍မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဒုအာဆုတောင်းခြင်း၌ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်မှုကင်း၍ ပြည့်စုံကြွယ်ဝတော်မူသော အရှင်ဖြစ်ကြောင်း ဝန်ခံခြင်း၊ ကျေးကျွန်၏ မတတ်စွမ်းနိုင်မှုနှင့် အရှင်မြတ်အား အမြဲလိုအပ်လျက်ရှိကြောင်း ဝန်ခံခြင်းတို့ပါဝင်သည့်အတွက်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဒုအာဆုတောင်းခြင်၏ မွန်မြတ်မှုကို ဖော်ပြထားသည်။ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဒုအာတောင်းခံသူသည် အရှင်မြတ်အား ဂုဏ်ပေးလေ
  2. းစားသူ အရှင်မြတ်သည် လိုလားတောင့်မှုကင်း၍ ပြည့်စုံကြွယ်ဝတော်မူသောအရှင်ဖြစ်ကြောင်း ဝန်ခံသူဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မပြည့်စုံသူ လိုအပ်ချက်ရှိသူသည် ဆုတောင်းခြင်းခံရမည်မဟုတ်ပေ။ ထို့အတူ အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသော အရှင်ဖြစ်ကြောင်း ဝန်ခံသူဖြစ်သည်။ ကြားနိုင်စွမ်းမရှိသူသည် ဆုတောင်းခြင်းခံရမည်မဟုတ်ပေ။ ထို့အတူ အရှင်မြတ်သည် ရက်ရောတော်မူသော အရှင်ဖြစ်ကြောင်း ဝန်ခံသူဖြစ်သည်။ စေးနဲတွန့်တိုသူသည် ဆုတောင်းခြင်းခံရမည်မဟုတ်ပေ။ ထို့အတူ အရှင်မြတ်သည် ကရုဏာထားတော်မူသောရှင်ဖြစ်ကြောင်း ဝန်ခံသူဖြစ်သည်။ သနားကရုဏာစိတ် ကင်းမဲ့သူသည် ဆုတောင်းခြင်းခံရမည်မဟုတ်ပေ။ ထို့အတူ အရှင်မြတ်သည် တတ်စွမ်းနိုင်တော်မူသော အရှင်ဖြစ်ကြောင်း ဝန်ခံသူဖြစ်သည်။ မတတ်စွမ်းနိုင်သူသည် ဆုတောင်းခြင်းခံရမည်မဟုတ်ပေ။ ထို့အတူ အရှင်မြတ်သည် နီးကပ်တော်မူသောရှင်ဖြစ်ကြောင်း ဝန်ခံသူဖြစ်သည်။ အဝေးတွင်ရှိသူသည် ကြားနိုင်မည်မဟုတ်ပ။ ၎င်းအပြင် ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အခြားသောကြီးကျယ်မြင့်မြတ်လှသည့် ဂုဏ်တော်များကို ဝန်ခံသူလည်းဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)
ထပ်၍