عَنْ جُوَيْرِيَةَ أُمِّ المؤْمنينَ رَضيَ اللهُ عنها:
أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ خَرَجَ مِنْ عِنْدِهَا بُكْرَةً حِينَ صَلَّى الصُّبْحَ، وَهِيَ فِي مَسْجِدِهَا، ثُمَّ رَجَعَ بَعْدَ أَنْ أَضْحَى، وَهِيَ جَالِسَةٌ، فَقَالَ: «مَا زِلْتِ عَلَى الْحَالِ الَّتِي فَارَقْتُكِ عَلَيْهَا؟» قَالَتْ: نَعَمْ، قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «لَقَدْ قُلْتُ بَعْدَكِ أَرْبَعَ كَلِمَاتٍ، ثَلَاثَ مَرَّاتٍ، لَوْ وُزِنَتْ بِمَا قُلْتِ مُنْذُ الْيَوْمِ لَوَزَنَتْهُنَّ: سُبْحَانَ اللهِ وَبِحَمْدِهِ، عَدَدَ خَلْقِهِ وَرِضَا نَفْسِهِ وَزِنَةَ عَرْشِهِ وَمِدَادَ كَلِمَاتِهِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2726]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

မုအ်မင်န်တို့၏ မိခင်ကြီး ဂျုဝိုင်ရိယဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)သည် သူမထံမှ နံနက်စောစော ဖဂျရ်ဆွလာသ် ဝတ်ပြုပြီးချိန်၌ ထွက်သွားတော်မူခဲ့သည်။ ထိုအချိန် သူမသည် မိမိ၏ ဆွလာသ်ဝတ်ပြုရာနေရာ၌ ရှိနေလေသည်။ ထို့နောက် ကိုယ်တော်မြတ်သည် နေမြင့်ပြီးချိန်တွင် ပြန်လည်ကြွမြန်းလာခဲ့ရာ သူမသည် ထိုင်နေလျက်ပင် ရှိနေသည်။ ထိုအခါ ကိုယ်တော်မြတ်က “အသင်မသည် ငါကိုယ်တော်အသင်မအား ထားခဲ့သည့် အနေအထားအတိုင်းပင် ရှိနေသလော’ ဟု မေးတော်မူရာ သူမက “ဟုတ်ကဲ့” ဟု ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က “အသင်မနှင့် ခွဲခွာသွားပြီးနောက် ငါကိုယ်တော်သည် ကလိမဟ်(စကားလုံး)လေးခုကို သုံးကြိမ် ရွတ်ဆိုတော်မူခဲ့သည်။ ယင်းတို့သည် ဒီ‌နေ့တမနက်လုံး အသင်မရွတ်ဆိုခဲ့သမျှအရာများဖြင့် ချိန်ဆပါက ထိုကလိမဟ်တော်လေးခုသည် ယင်းတို့ထက် အလေးချိန်အားဖြင့် သာပေမည်။ (ထိုကလိမဟ်တော်များမှာ) « سُبْحَانَ اللهِ وَبِحَمْدِهِ، عَدَدَ خَلْقِهِ وَرِضَا نَفْسِهِ وَزِنَةَ عَرْشِهِ وَمِدَادَ كَلِمَاتِهِ » (အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်၏ ဖန်ဆင်းခံများ၏ အရေအတွက်နှင့်အမျှ၊ အရှင်မြတ်၏ ကျေနပ်နှစ်သက်တော်မှုသည်နှင့်အမျှ၊ အရှင်မြတ်၏ အရ်ရှ်ပလ္လင်တော်၏ အလေးချိန်နှင့်အမျှ၊ အရှင်မြတ်၏ စကားတော်များ၏ မှင်ပမာဏနှင့်အမျှ ချီးမွမ်းခြင်းနှင့်အတူ အလွန်စင်ကြယ်တော်မူကြောင်း မြွက်ဆိုပါ၏။ )

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2726]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ ဇနီးကြင်ယာတော်ဖြစ်သူ မိခင်မွန်ကြီး ဂျူဝိုင်ရိယဟ် (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဖဂျရ်ဆွလာသ်ပြီးနောက် နံနက်အစောပိုင်း၌ ထွက်ခွာတော်မူခဲ့သည်။ ထိုအချိန် သူမသည် မိမိ၏ ဆွလာသ်ဝတ်ပြုရာနေရာ၌ ထိုင်လျက်ရှိနေလေသည်။ ထို့နောက် ကိုယ်တော်မြတ်သည် နေမြင့်ပြီးချိန်တွင် ပြန်လည်ကြွမြန်းလာခဲ့ရာ သူမသည် ထိုင်နေလျက်ပင် ရှိနေလေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- “အသင်မသည် ငါကိုယ်တော်အသင်မအား ထားခဲ့သည့် အနေအထားအတိုင်းပင် ရှိနေသလော’ သခင်မက “ဟုတ်ကဲ့”ဟု ဖြေကြားလေသည်။ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- “အသင်မနှင့် ခွဲခွာသွားပြီးနောက် ငါကိုယ်တော်သည် ကလိမဟ်(စကားလုံး)လေးခုကို သုံးကြိမ်တိုင် ရွတ်ဆိုတော်မူခဲ့သည်။ အကယ်၍ ၎င်းကလိမဟ်တော်များ၏ အကျိုးကျေးဇူးကို အသင်မ ဒီမှာထိုင်ပြီး ရွတ်ဆိုနေသမျှအားလုံးနဲ့ နှိုင်းယှဉ်လိုက်ရင် ဤစကားလုံးလေးလုံးက ၎င်းတို့အားလုံးထက် ပိုမိုလေးလံသာလွန်နေပေလိမ့်မည်။” "စွဗ်ဟာနလ္လာဟ်" (အလ္လာဟ်အရှင်မြတ်သည် ချို့ယွင်းချက်အားလုံးမှ စင်ကြယ်တော်မူပါသည်) - အရှင်မြတ်သည် ချို့ယွင်းချက်များနှင့် အပြစ်အနာများမှ စင်ကြယ်တော်မူကြောင်း ဖော်ပြခြင်းဖြစ်သည်။ "ဝဗိဟမ်ဒီဟီ" (အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်အတူ) - အကြောင်းမှာ အရှင်မြတ်သည် ထိုသို့ လမ်းညွှန်တော်မူသော လှပတင့်တယ်သော ချီးမွမ်းခြင်းကို ပိုင်ဆိုင်တော်မူသောကြောင့်ဖြစ်သည်။ "အဒဒ ခလ်ကိဟီ" (အရှင်မြတ်၏ ဖန်ဆင်းခံများ၏ အရေအတွက်နှင့်အညီ) - အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှ မရေတွက်နိုင်သော အရှင်မြတ်၏ ဖန်ဆင်းခံသတ္တဝါအပေါင်းတို့၏ အရေအတွက်နှင့်အညီ၊ "ဝရိဿွာ နဖ်စီဟီ" (အရှင်မြတ် ကျေနပ်နှစ်သက်တော်မူသည့်အတိုင်း) - အရှင်မြတ်၏ နှစ်သက်တော်မူခြင်းကို ခံရသော ကျေးကျွန်တို့နှင့် ပတ်သက်၍ အရှင်မြတ် နှစ်သက်တော်မူသည့် ပမာဏအတိုင်း၊ ယင်းသည် အတိုင်းအဆကို မသိနိုင်သော အရာဖြစ်၏၊ "ဝဇိနသ အရ်ရှိဟီ" (အရှင်မြတ်၏ အရ်ရှ်ပလ္လင်တော်၏ အလေးချိန်နှင့်အညီ) - အကြင် အရ်ရှ်ပလ္လင်တော်သည် အကြီးမားဆုံးနှင့် အလေးဆုံးသော ဖန်ဆင်းခံဖြစ်သည်။ "ဝမိဒါဒ ကလိမာသိဟီ" ( ထို့ပြင် အရှင်မြတ်၏ ကလိမဟ်(စကား) တော်များ၏ မှင်ပမာဏနှင့်အညီ) - အလ္လာဟ်အရှင်မြတ်၏ ကလိမဟ်များသည် အကန့်အသတ်မရှိ၊ ကုန်ဆုံးခြင်းလည်းမရှိပေ။ ဤအချက်သည် အပိုင်း (၃)ပိုင်းလုံးကို လွှမ်းခြုံ၏။ အကြောင်းမှာ အရှင်မြတ်၏ စကားတော်များ၏ မှင်ပမာဏသည် ၎င်း၏ ပမာဏ၊ ၎င်း၏ ဂုဏ်တော်၊ ၎င်း၏ အရေအတွက်တို့၌ အဆုံးအစ မရှိသောကြောင့်တည်း။ သို့သော် ရည်ရွယ်ချက်မှာ များပြားလှခြင်းကို အလေးပေး ဖော်ပြခြင်းပင် ဖြစ်၏။ အဘယ်ကြောင့်ဆို‌သော် ရှေးဦးစွာ ဖန်ဆင်းခံသတ္တဝါတို့၏ အရေအတွက်ကို ကိန်းဂဏန်းဖြင့် ရေတွက်နိုင်သည့် ပမာဏကို ဖော်ပြခဲ့ပြီး၊ ထို့နောက် ထိုထက်ကြီးမြတ်သော အရာသို့ တက်လှမ်းကာ အရှင်မြတ်၏ နှစ်သက်တော်မူခြင်းဖြင့် ဖော်ပြခဲ့၏။ ထို့နောက် အကြီးမားဆုံး ဖန်ဆင်းခံတည်းဟူသော အရ်ရှ်ပလ္လင်တော်၏ အလေးချိန်ဖြင့် ဖော်ပြခဲ့၏။ သို့ဖြစ်၍ ပထမအချက်သည် အရေအတွက်နှင့် အတိုင်းတာပမာဏအတွက်၊ ဒုတိယအချက်သည် ဂုဏ်တော်နှင့် အရည်အသွေးအတွက်၊ တတိယအချက်သည် ကြီးမားခြင်းနှင့် လေးလံခြင်းအတွက် ဖြစ်လေသတည်း။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ ဤကလိမဟ်တော်များ၏ ထွတ်မြတ်မှုကို ဖော်ပြထားပြီး၊ ၎င်းတို့ကို ရွတ်ဆိုရန် တိုက်တွန်းထားခြင်း။
  2. ၂။ ဇိကရ် (အလ္လာဟ်အရှင်အား သတိရတသခြင်း) တွင် အဆင့်အတန်း အဆင့်အတန်းကွဲပြားကြပြီး အချို့မှာ အချို့ထက် ပို၍ သာမြတ်သည်။
  3. ၃။ အိမာမ်နဝဝီက “စွဗ်ဟာနလ္လာဟိ ဝ ဗိဟမ်ဒိဟီ၊ မိဒါဒ ကလိမာသိဟီ” ဟူသော စကားရပ်နှင့် ပတ်သက်၍ ဤသို့ ရှင်းလင်းတင်ပြသည်- “ဤတွင် ဆိုလိုရင်းမှာ အလွန်များပြားခြင်းကို ဖော်ပြခြင်းပင် ဖြစ်၏။ အဘယ်ကြောင့်ဆို‌သော် ရှေးဦးစွာ ဖန်ဆင်းခံသတ္တဝါတို့၏ အရေအတွက်ကို ကိန်းဂဏန်းဖြင့် ရေတွက်နိုင်သည့် ပမာဏကို ဖော်ပြခဲ့ပြီးနောက် အရရှ်ပလ္လင်တော်၏ အလေးချိန်၊ ထို့နောက် ယင်းထက်ကြီးမြတ်သောအရာသို့ တက်လှမ်းကာ ထိုအရာကို ဤစကားဖြင့် ဖော်ပြခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အရေအတွက်အားဖြင့် မရေတွက်နိုင်သကဲ့သို့ ဤဂုဏ်တော်တို့လည်း မရေတွက်နိုင်ဟူပေ။”
  4. ၄။ အိဗ်နုလ်ကိုင်ယ်ယင်မ်က မိန့်ဆိုသည်မှာ -
  5. سُبْحَانَ اللهِ وَبِحَمْدِهِ، عَدَدَ خَلْقِهِ وَرِضَا نَفْسِهِ وَزِنَةَ عَرْشِهِ وَمِدَادَ كَلِمَاتِهِ».“
  6. (အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်၏ ဖန်ဆင်းခံများ၏ အရေအတွက်နှင့်အမျှ၊ အရှင်မြတ်၏ ကျေနပ်နှစ်သက်တော်မှုသည်နှင့်အမျှ၊ အရှင်မြတ်၏ အရ်ရှ်ပလ္လင်တော်၏ အလေးချိန်နှင့်အမျှ၊ အရှင်မြတ်၏ စကားတော်များ၏ မှင်ပမာဏနှင့်အမျှ ချီးမွမ်းခြင်းနှင့်အတူ အလွန်စင်ကြယ်တော်မူကြောင်း မြွက်ဆိုပါ၏။ )” ဟု ရွတ်ဆိုသောအခါ ဇာကိရ် (အရှင်မြတ်အား သတိရတသသူ) ၏ နှလုံးသား၌ ဖြစ်ပေါ်လာသော အရှင်မြတ်အား သိရှိခြင်း၊ အပြစ်အနာဆာအပေါင်းမှ ကင်းစင်စေခြင်းနှင့် အရှင်မြတ်၏ကြီးကျယ်မြင့်မြတ်မှုအား ချီးမွမ်းခြင်းတို့သည် ဖော်ပြပါ အရေအတွက်တို့၏ ပမာဏအရ “စွဗ်ဟာနလ္လာဟ်" (အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏) ဟုသာ ရွတ်ဆိုသူ၏ နှလုံးသား၌ ဖြစ်ပေါ်သည်ထက် ပိုမိုကြီးကျယ်လှပေသည်။”
  7. ၅။ စကားလုံးအနည်းငယ်မျှသာ ပါဝင်သော်လည်း ကြီးမားသော အကျိုးကျေးဇူးနှင့် အကျိုးစဝါးဗ်တို့ချီးမြှင့်ခံရနိုင်သည့် ပြီးပြည့်စုံသော စကားရပ်တော်များဆီသို့ လမ်းညွှန်ခြင်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (42)
ထပ်၍