عن أبي هريرة رضي الله عنه عن رسول الله صلى الله عليه وسلم قال: "كَلِمَتَانِ خفيفتان على اللسان، ثقيلتان في الميزان، حبيبتان إلى الرحمن: سبحان الله وبحمده، سبحان الله العظيم".
[صحيح] - [متفق عليه]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ ကလိမဟ်တော် နှစ်ခုသည် နှုတ်လျှာပေါ်တွင် (ရွတ်ဆိုရာ၌) လွယ်ကူ ပေါ့ပါးပြီး (မီဇာန်) ချိန်ခွင်၌ အချိန်စီးသည်။ အနန္တကရုဏာရှင်ထံတော်၌လည်း နှစ်သက်ဖွယ်ရာဖြစ်သည်။ ၎င်းတို့မှာ - (سُبْحَانَ اللَّهِ وَبِحَمْدِهِ ،سُبْحَانَ اللَّهِ الْعَظِيمِ) ဖြစ်သည်။(အလ္လာဟ်အရှင်သည် ချို့တဲ့မှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူကြောင်းနှင့် ချီးမွမ်းထောမနာခြင်း ဟူသမျှသည် အရှင်မြတ်အတွက်သာဖြစ်ကြောင်း ကျွန်တော်မျိုး မြွက်ဟနေပါ၏။ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူကြောင်း ကျွန်တော်မျိုး မြွက်ဟနေပါ၏။)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

ဤဟဒီးဆ်တော်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်မှာ- ဧကန်အမှန်ပင် ကျွန်တော်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အနန္တကရုဏာတော်ရှင်သည် စကားလုံးနည်းပြီး မီဇာန် ချိန်ခွင်ပေါ်တွင် အချိန်စီးသည့် ထိုကလိမဟ်တော် နှစ်ခုအား နှစ်သက်တော်မူသည်။၎င်းတို့မှာ (سُبْحَانَ اللَّهِ وَبِحَمْدِهِ ،سُبْحَانَ اللَّهِ الْعَظِيمِ)ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကလိမဟ်တော်နှစ်ခုတွင် အလ္လာဟ်အရှင်မြတ်၏သန့်ရှင်းစင်ကြယ်မှုကိုမြွတ်ဆိုခြင်း၊ အရှင်မြတ်သည် ချို့ယွင်းမှုများ၊ အရှင်မြတ်၏ ဘုန်းတန်ခိုးနှင့် မထိုက်တန်သော အရာများမှ သန့်ရှင်းစင်ကြယ်တော်မူခြင်းတို့ပါဝင်သည်။ ထိုသို့ ချို့ယွင်းမှုများမှ သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ကြီးကျယ်မြင့်မြတ်ခြင်းဟူသည့် ဂုဏ်တော်ဖြင့် လေးနက်အောင်တင်ပြထားသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လုပ်ကြံဖန်တီးခြင်းမရှိဘဲ စကားကို ကာရန်ဖြင့် ပြောခြင်းကို ခွင့်ပြုထားသည်။
  2. အလ္လာဟ်အရှင်မြတ်၏ ဇိက်ရ်တော်များအနက် ဤကလိမာတော်နှစ်ခု၏ မွန်မြတ်မှုကို တင်ပြထားသည်။
  3. အလ္လာဟ်အရှင်မြတ်တွင် အရှင်မြတ်နှင့်လျော်ညီသည့်အတိုင်း ချစ်ခင်နှစ်သက်ခြင်းဟူသည့် ဂုဏ်တော်ရှိကြောင်း အတည်ပြုတင်ပြထားသည်။
  4. (ရဟ်မာန်) အနန္တကရုဏာတော်ရှင် ဟူသည့် နာမတော်အား အလ္လာဟ်အရှင်မြတ်အတွက် အတည်ပြုတင်ပြထားသည်။
  5. စကားလုံးနည်းပြီး အကျိုးကုသိုလ်များပြားလှသည့် ဤဇိက်ရ်တော်အား ရွတ်ဖတ်ရန် တိုက်တွန်းထားသည်။
  6. ဧကန်အမှန်ပင် ဇိက်ရ်တော်များသည် မွန်မြတ်မှု၌ မတူညီကြသကဲ့သို့ မွန်မြတ်မှုအလိုက် အကျိုးကုသိုလ်လည်း မတူညီကြပေ။
  7. (မီဇာန်) ချိန်ခွင်သည် အမှန်တကယ်ရှိကြောင်း အတည်ပြုထားသည်။
  8. အခြားသူအား ကောင်းမှုကုသိုလ်ပြုလုပ်ရန် တိုက်တွန်း နှိုးဆော်သူသည် ထိုသူအား ယင်းကောင်းမှု၏ အကျိုးကျေးဇူးတစ်ခုခုကို တင်ပြခြင်း မွတ်စ်သဟဗ် ဖြစ်သည်။
ထပ်၍