عن النعمان بن بشير رضي الله عنهما عن النبي صلى الله عليه وسلم قال: «إن الدعاء هو العبادة». ومن حديث أنس رضي الله عنه بلفظ: «الدعاء مُخُّ العبادة».
[حديث النعمان بن بشير: صحيح. حديث أنس بن مالك: ضعيف] - [حديث النعمان -رضي الله عنه-: رواه أبو داود والترمذي وابن ماجه وأحمد. حديث أنس -رضي الله عنه-: رواه الترمذي]
المزيــد ...

နုအ်မာန်ဗင်န် ဗရှီးရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစ္စလမ်) မိန့်တော်မူသည်။ ဧကန်အမှန်ပင်(ဒုအာ) ဆုတောင်းခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုပင်ဖြစ်သည်။ အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)ဆင့်ပြန်ခဲ့သည့် ဩဝါဒတော်၌ (ဒုအာသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှု၏ ဦးနှောက်ဖြစ်သည်။) ဟုလာရှိသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အိဗ်နုမာဂျဟ်ကျမ်း။

ရှင်းလင်းချက်

(ဒုအာ ဆုတောင်းခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုပင်ဖြစ်သည်။) ဟူသည့်ဩဝါဒတော်က ညွှန်ပြနေသည်မှာ အလ္လာဟ်အရှင်မြတ်ထံ ဒုအာ ဆုတောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်အား အဖန်ဆင်းခံများ ခဝပ်ကိုးကွယ်မှုပြုခြင်း၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မျှော်လင့်စရာမရှိတော့သည့်အခါ မိမိ၏ မတတ်စွမ်းနိုင်မှုကို ဖော်ထုတ်၍ မိမိ၏အရှင်မြတ်ထံတော်၌သာ ဒုအာဆုမွန်တောင်းခံပြီး သူ၏နှလုံးသားသည် အရှင်မြတ်မှလွဲ၍ အခြားမည်သူ့ဘက်ကိုမျှ မလှည့်တော့ပေ။ သို့ဖြစ်၍ ၎င်းသည် အလ္လာဟ်အရှင်မြတ်အား ပြီးပြည့်စုံတော်မူသောအရှင်၊ ဒုအာဆုမွန်များကို လက်ခံတော်မူသောအရှင်၊ အလွန်တရာကြားတော်မူသောအရှင်၊ အလွန်တရာနီးကပ်စွာရှိတော်မူသောအရှင်၊ အရာခပ်သိမ်းကို တတ်စွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူကြောင်း ဝန်ခံလိုက်ခြင်းပင်ဖြစ်သည်။ ဤသည်ပင် ခဝပ်ကိုးကွယ်မှု၏ အနှစ်သာရနှင့် သောင်ဟီးဒ် တရားတော်၏ အနှစ်ချုပ်ဖြစ်သည်။ (ဒုအာသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှု၏ ဦးနှောက်ဖြစ်သည်။)ဟူသော ဩဝါဒတော်၏ ဆိုလိုရင်းမှာ လူသားသည် ဦးနှောက်မရှိဘဲ မရပ်တည်နိုင်သကဲ့သို့ အိဗာဒသ် ခဝပ်ကိုးကွယ်မှုသည်လည်း ၎င်း၏ ဝိညာဥ်ဖြစ်သော ဒုအာမရှိဘဲ မရပ်တည်နိုင်ပေ။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဧကန်အမှန်ပင် ဒုအာဆုတောင်းခြင်းသည် ခဝပ်ကိုးကွယ်မှု အမျိုးအစားများအနက် အကြီးကျယ်ဆုံးဖြစ်သည်။
  2. ဧကန်မုချ ဒုအာဆုတောင်းခြင်းသည် ခဝပ်ကိုးကွယ်မှု၏ အုတ်မြစ်နှင့် ဝိညာဉ် ဖြစ်သောကြောင့် ဒုအာမရှိဘဲ ခဝပ်ကိုးကွယ်မှုများ မရပ်တည်နိုင်ပါ။
  3. ဒုအာဆုမွန်တောင်းခံရန် တိုက်တွန်းထားသည်။
  4. ဒုအာတွင် နှုတ်လျှာဖြင့် သတိရတသခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင်ခယရိုကျိုးခြင်း နှစ်မျိုးစလုံးပါဝင်သည့်အတွက် အချိန်တိုင်း ဒုအာဆုတောင်းရန် ဆန္ဒထားရမည်။
  5. အမှန်ပင် ဒုအာဆုတောင်းခြင်း၌ ကျွန်ပီသခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံကြွယ်ဝမှုနှင့် အရှင်မြတ်၏ စွမ်းဆောင်နိုင်မှုတို့ကို ဝန်ခံခြင်း၊ ကျေးကျွန်သည် အရှင်မြတ်ကို အမြဲလိုအပ်လျက်ရှိကြောင်းဖော်ပြခြင်း စသည်တို့ပါဝင်သည်။
  6. ဒုအာဆုတောင်းခြင်းသည် ကျွန်အားမိမိအရှင်မြတ်နှင့် ပို၍နီးကပ်စေသည်။ ထို့အပြင် အရှင်မြတ်နှင့်သက်ဆိုင်သည့် တာဝန်ဝတ္တရားများ၊အရှင်မြတ်သည် အရာခပ်သိမ်းအား အသိပညာဖြင့် လွှမ်းခြုံထားတော်မူကြောင်းနှင့် ကျွန်သည်တတ်စွမ်းမှုမရှိကြောင်း စသည့်အသိတရားတို့ကိုတိုးပွားစေသည်။
ထပ်၍