عَنْ عِيَاضِ بْنِ حِمَارٍ أَخِي بَنِي مُجَاشِعٍ رَضيَ اللهُ عنه قَالَ: قَامَ فِينَا رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ ذَاتَ يَوْمٍ خَطِيبًا، فَقَالَ: وَسَاقَ الْحَدِيثَ وَفِيهِ:
«وَإِنَّ اللهَ أَوْحَى إِلَيَّ أَنْ تَوَاضَعُوا حَتَّى لَا يَفْخَرَ أَحَدٌ عَلَى أَحَدٍ، وَلَا يَبْغِي أَحَدٌ عَلَى أَحَدٍ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2865]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အိယာဿ်ွ ဗင်န် ဟိမာရ်ဗနီမုဂျာရှီအီ (ရဿွိယလ္လာဟုအန်ဟု) မှ ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည် တစ်ရက်တွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အလယ်၌ ထရပ်လျက် မိန့်ခွန်းပြောကြားတော်မူခဲ့သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ - ထို့နောက် ဤဟဒီးဆ်ကို ဆင့်ပြန်ခဲ့ရာတွင် ဤသို့ပါရှိသည်-
“မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော်ထံသို့ ဝဟီအမိန့်တော်ချမှတ်တော်မူခဲ့သည်။ (အမိန့်တော်မှာ) သင်တို့သည် နှိမ့်ချယို့ကျိုးကြလော့။ ထိုသို့အားဖြင့် တစ်ဦးကိုတစ်ဦး မောက်မာခြင်း၊ ထောင်လွှားခြင်း မရှိစေရ။ ထို့ပြင် တစ်ဦးကိုတစ်ဦး မတရားကျူးလွန်ခြင်းလည်း မရှိစေရ။"

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2865]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မိမိ၏တပည့်သာဝကတို့ အလယ်၌ ထရပ်လျက် မိန့်ခွန်းပြောကြားတော်မူခဲ့သည်။ ကိုယ်တော်မိန့်ကြားခဲ့သည် မိန့်ခွန်းအနက်မှ တစ်စိတ်တစ်ပိုင်းမှာ- ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော့်ထံသို့ ဝဟီအမိန့်တော်ချမှတ်တော်မူခဲ့သည်။ ၎င်းအမိန့်တော်မှာ လူသားတို့သည် အချင်းချင်းကြား တစ်ဦးနှင့်တစ်ဦး နှိမ့်ချရမည်ဖြစ်သည်။ ယင်းမှာ လူတို့အား မိမိကိုယ်မိမိချိုးနှိမ်၍ နူးညံ့ပျော့ပြောင်းစွာ ဆက်ဆံခြင်း ဖြစ်သည်။ ဤသို့ဖြင့် မိမိ၏မျိုးရိုး၊ ဥစ္စာဓန သို့မဟုတ် အခြားအရာတို့ဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ အခြားသူတစ်ဦးအပေါ် မောက်မာစွာ ဝါကြွားခြင်း၊ ကြီးကျယ်မှုကို ထုတ်ဖော်ကြွေးကြော်ခြင်း မပြုရန်၊ ထို့အပြင် မည်သူတစ်ဦးတစ်ယောက်မျှ အခြားသူတစ်ဦးအပေါ် မတရားမှု ကျူးလွန်ခြင်း မပြုရန်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဟဒီးဆ်တော်တွင် နှိမ့်ချရိုကျိုးရန်နှင့် လူသားများအပေါ် ကြီးကျယ်ခြင်း၊ မာန်မာနထောင်လွှားခြင်း မပြုရန် တိုက်တွန်းထားသည်။
  2. မောက်မာဝါကြွားခြင်းနှင့် မတရားကျူးကျော်အနိုင်ကျင့်ခြင်းမှ တားမြစ်ထားခြင်း။
  3. အလ္လာဟ်အရှင်မြတ်အတွက်ပြုလုပ်သည့် ရိုကျိုးနှိမ့်ချမှု၏ အဓိပ္ပါယ်နှစ်မျိုးရှိပါသည်-
  4. ပထမအဓိပ္ပါယ်-အသင်သည် အလ္လာဟ်အရှင်မြတ်၏ဒီန်သာသနာတော်အတွင် မိမိကိုယ်မိမိ ရိုကျိူး နှိမ့်ချခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သာသနာတော်အား မထီမဲ့မြင်ပြုခြင်း၊ သာသနာတော်၏ပညတ်ချက်များကို လိုက်နာရာတွင် မာန်မာနထောင်လွှားခြင်း မပြုရ။
  5. ဒုတိယအဓိပ္ပါယ်-အသင်သည် အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်များအား အလ္လာဟ်အရှင်မြတ်အတွက်သာ ရိုကျိုးနှိမ့်ချစွာ ဆက်ဆံခြင်းဖြစ်သည်။ သူတို့ကို ကြောက်ရွံ့၍မဟုတ်၊ သူတို့ထံမှ အကျိုးအမြတ်မျှော်လင့်၍လည်းမဟုတ်၊ အလ္လာဟ်အရှင်မြတ်အတွက်သာ (ထိုသို့ ရိုကျိုးနှိမ့်ချခြင်း ဖြစ်ရမည်)။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (34)
ထပ်၍