عَنْ أَبِي هُرَيْرَةَ رضي الله عنه قالَ: قالَ رَسُولُ اللَّهِ صلَّى اللَّهُ عليْه وسلَّمَ:
«دِينَارٌ أَنْفَقْتَهُ فِي سَبِيلِ اللهِ، وَدِينَارٌ أَنْفَقْتَهُ فِي رَقَبَةٍ، وَدِينَارٌ تَصَدَّقْتَ بِهِ عَلَى مِسْكِينٍ، وَدِينَارٌ أَنْفَقْتَهُ عَلَى أَهْلِكَ أَعْظَمُهَا أَجْرًا الَّذِي أَنْفَقْتَهُ عَلَى أَهْلِكَ».
[صحيح] - [رواه مسلم] - [صحيح مسلم: 995]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
“အလ္လာဟ်အရှင်မြတ်၏ လမ်းတော်(ဂျိဟာဒ်ပြုခြင်း)၌ သင်သုံးစွဲခဲ့သော ဒီနာရ်(ရွှေဒင်္ဂါး)တစ်ပြား၊ ကျွန်တစ်ဦးကို လွတ်မြောက်ရန် သင်သုံးစွဲခဲ့သော ဒီနာရ်တစ်ပြား၊ ဆင်းရဲသားတစ်ဦးအား စွဒ်ကဟ်အလှူဒါနအဖြစ် သင်ပေးခဲ့သော ဒီနာရ်တစ်ပြားနှင့် သင့်မိသားစုအတွက် သင်သုံးစွဲခဲ့သော ဒီနာရ်တစ်ပြားတို့အနက် အကျိုးကုသိုလ်အကြီးမားဆုံးမှာ သင့်မိသားစုအတွက် သင်အသုံးပြုခဲ့သော ဒီနာရ်ပင်ဖြစ်သည်။”
[صحيح] - [رواه مسلم] - [صحيح مسلم - 995]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လှူဒန်းသုံးစွဲမှု အမျိုးအစားအချို့ကို ဖော်ပြရာတွင် “အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုခြင်းတွင် သင်အသုံးပြုခဲ့သော ဒီနာရ်တစ်ပြား၊ ကျေးကျွန်တစ်ဦးဦးအား သူကောင်းပြုရာတွင် သင်အသုံးပြုခဲ့သော ဒီနာရ်တစ်ပြား၊ လိုအပ်နေသော ဆင်းရဲသားတစ်ဦးအား စွဒ်ကဟ်အလှူဒါနအဖြစ် သင်ပေးခဲ့သော ဒီနာရ်တစ်ပြားနှင့် သင်၏ဇနီးနှင့် သားသမီးများအတွက် သင်အသုံးပြုခဲ့သော ဒီနာရ်တစ်ပြား” ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် ၎င်းတို့အနက် အလ္လာဟ်အရှင်မြတ်ထံတွင် အကျိုးကုသိုလ်အကြီးမားဆုံးမှာ သင့်အပေါ်တွင် သုံးစွဲရန်တာဝန်ရှိသော သင်၏မိသားစုဝင်များအတွက် သင်အသုံးပြုခဲ့သော ဒီနာရ်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။