عَنْ عَبْدِ اللَّهِ بْنِ عَمْرِو بْنِ الْعَاصِ رضي الله عنهما أنَّ رَسولَ اللَّهِ صلَّى اللَّهُ عليْه وسلَّمَ، قال:
«قَدْ أَفْلَحَ مَن أَسْلَمَ، وَرُزِقَ كَفَافًا، وَقَنَّعَهُ اللَّهُ بما آتَاهُ».

[صحيح] - [رواه مسلم] - [صحيح مسلم: 1054]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် ဗင်န် အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
“အကြင်သူသည် အစ္စလာမ်သာသနာကို လက်ခံယုံကြည်ခဲ့ပြီး၊ လိုအပ်ချက်အလျောက် (လောက်ငှရုံ) စားဝတ်နေရေးကို ရရှိကာ၊ အလ္လာဟ်အရှင်မြတ်သည် မိမိပေးအပ်တော်မူသောအရာဖြင့် သူ့အား ရောင့်ရဲတင်းတိမ်စေတော်မူပါက၊ ဧကန်စင်စစ်ထိုသူသည် အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့ခြင်းပင်ဖြစ်သည်။"

[صحيح] - [رواه مسلم] - [صحيح مسلم - 1054]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံ အပ်နှင်းနာခံပြီး၊ တရားလမ်းမှန်ကိုရရှိကာ အစ္စလာမ်သာသနာကို လက်ခံကျင့်သုံးခွင့် ရရှိသူ၊ လိုအပ်ချက်နှင့်အညီ ဟလာလ်ဖြစ်သော စားနပ်ရိက္ခာကို ပိုခြင်းလည်းမရှိ၊ လျော့နည်းခြင်းလည်းမရှိဘဲ ရရှိသူ၊ ထို့ပြင် အလ္လာဟ်အရှင်မြတ်က ရရှိသည်ကို ရောင့်ရဲကျေနပ်တတ်သော သဘောထားကို ပေးအပ်ခြင်းခံရသူသည် ၊စင်စစ် အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့ခြင်းပင် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ လူသားတစ်ဦး၏ စစ်မှန်သောချမ်းသာမှုသည် သူ၏ ဒီန်သာသနာပြည့်စုံခြင်း၊ လုံ
  2. လောက်မျှတသောစားဝတ်နေရေးရရှိခြင်းနှင့် အရှင်မြတ်ပေးသနားတော်မူသည့်အရာဖြင့် ရောင့်ရဲတင်း
  3. တိမ်စိတ်ထားရှိနိုင်ခြင်းတို့အပေါ်တွင် တည်ရှိသည်။
  4. ၂။ အစ္စလာမ်သာသနာနှင့် (တမန်တော်မြတ်၏) စွန္နသ်တော်အတိုင်း လိုက်နာကျင့်သုံးလျက်၊ သင်ရရှိထားသော လောကီပစ္စည်းဥစ္စာများဖြင့်ရောင့်ရဲတင်းတိမ်မှုပြုရန် အားပေးတိုက်တွန်းထားခြင်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (41)
ထပ်၍