عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ عَنْ رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ: "لاَ تَقُومُ السَّاعَةُ حَتَّى تُقَاتِلُوا اليَهُودَ، حَتَّى يَقُولَ الحَجَرُ وَرَاءَهُ اليَهُودِيُّ: يَا مُسْلِمُ، هَذَا يَهُودِيٌّ وَرَائِي فَاقْتُلْهُ".
[صحيح] - [متفق عليه]
المزيــد ...

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် ယဟူဒီတို့နှင့် စစ်ပွဲမဆင်နွှဲရမချင်း ကိယာမသ်ဖြစ်မည်မဟုတ်ပေ။နောက်ဆုံး ကျောက်တုံး၏နောက်တွင် ယဟူဒီရှိနေပါက ကျောက်တုံးကပြောကြားမည်မှာ အိုမွတ်စ်လင်မ် ကျွန်ုပ်၏နောက်တွင် ဤယဟူဒီပုန်းအောင်းနေသည်။ အသင်သူ့ကို သတ်ပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ မွတ်စ်လင်မ်တို့နှင့် ယဟူဒီတို့ စစ်ပွဲမဆင်နွှဲရမချင်း ကိယာမသ် ဆိုက်ရောက်လိမ့်မည်မဟုတ်ပေ။ နောက်ဆုံးတွင် ယဟူဒီတစ်ဦးက မွတ်စ်လင်များ မမြင်တွေ့စေရန် ကျောက်တုံးနောက်တွင် ပြေးပုန်းသည့်အခါတွင် အလ္လာဟ်အရှင်မြတ်က ကျောက်တုံးအား စကားပြောဆိုနိုင်စွမ်း ချီးမြှင့်တော်မူလိမ့်မည်။ထိုအခါ ကျောက်တုံးက မိမိနောက်တွင် ယဟူဒီရှိကြောင်းနှင့် ၎င်းကိုသတ်ရန်အတွက် မွတ်စ်လင်မ်အား ဟစ်ခေါ်မည်ဖြစ်သည်။ ယဟူဒီတို့သည် ထိုအကြောင်းအရာကို ယုံကြည်ကြသည်။ သို့ရှိရာ နောက်ဆုံးခေတ်အခါသမယ၌ အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်တို့အား ယဟူဒီတို့အပေါ် အောင်နိုင်မှုချီးမြှင့်တော်မူမည်ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မိန့်ကြားချက်သည် ယုံမှားသံသယမရှိ အကောင်ထည် ပေါ်လာမည်ပင်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ်
ဘာသာပြန်များကို ကြည့်ရှုရန်

من فوائد الحديث

  1. အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အသိပေးထားသည့်အတိုင်း ကိုယ်တော်မြတ်သည် အနာဂတ်နှင့် အကွယ်ရှိအကြောင်းအရာများကို ပြောကြားတော်မူခဲ့သည်။
  2. ကိယာမသ်၏ နိမိတ်လက္ခဏာအချို့ကို ရှင်းပြထားသည်။
  3. နောက်ဆုံးခေတ်သမယတွင် မွတ်စ်လင်မ်တို့သည် ယဟူဒီတို့နှင့် တိုက်ခိုက်ကြမည်။
  4. မုချဧကန် အလ္လာဟ်အရှင်မြတ်သည် နောက်ဆုံးခေတ်သမယ၌ မွတ်စ်လင်မ်တို့အား ၎င်းတို့၏ရန်သူများအပေါ် အောင်နိုင်မှုရရှိစေရန်အတွက် ကျောက်တုံးများကို စကားပြောစေတော်မူမည်။
ထပ်၍