عَنْ أَبِي هُرَيْرَةَ رَضيَ اللهُ عنهُ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«انْظُرُوا إِلَى مَنْ أَسْفَلَ مِنْكُمْ، وَلَا تَنْظُرُوا إِلَى مَنْ هُوَ فَوْقَكُمْ، فَهُوَ أَجْدَرُ أَلَّا تَزْدَرُوا نِعْمَةَ اللهِ عَلَيْكُمْ».
[صحيح] - [متفق عليه] - [صحيح مسلم: 2963]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
“သင်တို့ထက် နိမ့်ကျသူကို ကြည့်ပါ၊ သင်တို့ထက် သာလွန်သူကို မကြည့်ပါနှင့်။ ဤသို့ပြုခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို သင်တို့သည် သေးသိမ်သည်ဟု မထင်မှတ်မိစေရန် ပို၍သင့်လျော်ပေသည်။”
[صحيح] - [متفق عليه] - [صحيح مسلم - 2963]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မွတ်စ်လင်မ်တစ်ဦးအား လောကီရေးရာကိစ္စရပ်များဖြစ်သည့် ရာထူး၊ စည်းစိမ်ဥစ္စာ၊ အဆင့်အတန်း စသည်တို့တွင် မိမိထက်နိမ့်ကျသူများကိုသာ ကြည့်ရှုရန် အမိန့်ပေးထားပြီး မိမိ၏ လောကီရေးရာကိစ္စရပ်များတွင် မိမိထက် အဆင့် အတန်းမြင့်သူများ၊ သာလွန်သူများကို မကြည့်ရှုရန် ညွှန်ကြားတော်မူခဲ့သည်။ အကြောင်းမှာ မိမိထက် နိမ့်ကျသူကိုကြည့်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ် ပေးအပ်ထားသော နိအ်မသ်တော်များကို အထင်မသေးမိစေရန်၊ မရှုံ့ချမိစေရန် ပို၍ထိုက်တန်သောကြောင့်ဖြစ်ပါသည်။