عَنْ أَبِي ذَرٍّ رَضيَ اللهُ عنهُ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«يَا أَبَا ذَرٍّ إِذَا طَبَخْتَ مَرَقَةً فَأَكْثِرْ مَاءَهَا، وَتَعَاهَدْ جِيرَانَكَ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2625]
المزيــد ...
အဗူဇရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"အို- အဘူဇရ်၊ အသင် ဟင်းရည်ချက်ပါက ဟင်းရည်ကို ရေများများထည့် ချက်ပါ။ ထို့နောက်အိမ်နီးချင်းများအား သတိရပါ (ဂရုတစိုက် ဝေမျှပေးကမ်းပါ)။"
[صحيح] - [رواه مسلم] - [صحيح مسلم - 2625]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အဘူဇရ်(ရဿွိယလ္လာဟုအန်ဟု)အား ဟင်းရည်ချက်ပါက ရေနှင့်ဟင်းရည်များများထည့်ရန်၊ ၎င်း(ဟင်း ရည်အား ဝေမျှပေးကမ်းခြင်း)ဖြင့် အိမ်နီးချင်းများကို ဂရုစိုက်ရန် တိုက် တွန်းတော်မူခဲ့သည်။