عَنْ أَبِي شُرَيْحٍ رضي الله عنه أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«وَاللَّهِ لاَ يُؤْمِنُ، وَاللَّهِ لاَ يُؤْمِنُ، وَاللَّهِ لاَ يُؤْمِنُ»، قِيلَ: وَمَنْ يَا رَسُولَ اللَّهِ؟ قَالَ: «الَّذِي لاَ يَأْمَنُ جَارُهُ بَوَايِقَهُ».

[صحيح] - [رواه البخاري] - [صحيح البخاري: 6016]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူယှုရိုင်ဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ (ထိုအခါ) လျှောက်ထားမေးမြန်းခြင်းခံရသည်မှာ- အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မည်သူပါနည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်။ "အကြင်သူ၏ ဒုက္ခပေးမှုကြောင့် ၎င်း၏ အိမ်နီးချင်းမှာ အေးချမ်းစွာမနေရသူ ဖြစ်သည်။"

[صحيح] - [رواه البخاري] - [صحيح البخاري - 6016]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကစမ်ကျိန်ဆိုခဲ့ပြီး မိမိ၏ ကျိန်ဆိုမှုကို လေး နက်အောင် သုံးကြိမ်တိုင်တိုင် ထပ်ဆင့်ကျိန်ဆိုခဲ့သည်။ ထို့နောက် မိန့်ကြား‌တော်မူသည်မှာ - “အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ ထိုအခါ စွဟာဗဟ်များက “အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မုအ်မင်န်မဟုတ်သူမှာ မည်သူပါနည်း” ဟု မေးလျှောက်ကြရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “မိမိ၏ အိမ်နီးချင်းက သူ၏ လှည့်စားမှု၊ မတရားမှုနှင့် မကောင်းမှုဘေးဒုက္ခများကို ကြောက်ရသောသူ” ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိမ်နီးချင်းက မိမိ၏မတရားမှုနှင့် မကောင်းမှုဘေးမှ လွှတ်ကင်းချမ်းသာမှု မရနိုင်သူသည် အီမာန် ယုံကြည်ခြင်းမရှိဟု ငြင်းဆိုခြင်းသည် ၎င်းသည် ကြီးလေးသောအပြစ်များထဲမှ တစ်ခုဖြစ်ကြောင်းနှင့် ၎င်းကိုကျူးလွန်သူသည် အီမာန်လျော့နည်းသူဖြစ်ကြောင်း ညွှန်ပြသည်။
  2. အိမ်နီးချင်းကို ကောင်းစွာဆက်ဆံရန်နှင့် စကားဖြင့်ဖြစ်စေ၊ အမူအရာဖြင့်ဖြစ်စေ ထိခိုက်နစ်နာအောင်မပြုလုပ်ရန် လေးလေးနက်နက် တိုက်တွန်းထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الإندونيسية البنغالية ထပ်၍ (41)