ဟဒီးဆ်တော်များစာရင်း

အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။
عربي الإنجليزية الأوردية
အကြီးမားဆုံးဂျိဟာဒ်(သက် စွန့်ကြိုးပမ်းအားထုတ်မှု)တစ်ခုမှာ မတရားသော အုပ်စိုးသူဘုရင်ထံ မှန်ကန်တရားမျှတသောစကားကို ပြောဆိုခြင်းဖြစ်သည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏တရားတော်ကို ဆုပ်ကိုင်ပြီး အရှင်မြတ်၏သာသနာအပေါ် မြဲမြဲနေသူနှင့် အရှင်မြတ်၏တရားတော်ကို ဆန့်ကျင်ပြီး ပြစ်မှုဒုစရိုက်ထဲ ကျရောက်သွားသူ၏ ပမာသည် သင်္ဘောတစ်စင်းတွင် (စီးနင်းရမည့်နေရာကို) မဲနှိုက်ဆုံးဖြတ်ခဲ့ကြသောလူတစ်စုနှင့် ပမာတူသည်။ အချို့သည် သင်္ဘောအပေါ်ထပ်တွင် နေရာရခဲ့ကြပြီး အချို့သည် သင်္ဘောအောက်ထပ်တွင် နေရာရခဲ့ကြသည်
عربي الإنجليزية الأوردية
“ စင်စစ် လူတို့သည် မတရားပြုကျင့်သူကို တွေ့မြင်ကြသော်လည်း သူ့ကို (မတရားမှုမှ) မတားမြစ်ကြပါက အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးအပေါ် ပြစ်ဒဏ်ချမှတ်တော်မူရန် အလွန်နီးကပ်နေပြီဖြစ်သည်။
عربي الإنجليزية الأوردية
“ဧကန်စင်စစ်၊ များမကြာမီပင် မုသားပြောဆိုကြမည့်၊ ဖိနှိပ်ညှဉ်းပန်းကြမည့် အုပ်ချုပ်သူခေါင်းဆောင်များ ပေါ်လာလိမ့်မည်။ သို့ဖြစ်ပေရာ၊ မည်သူမဆို သူတို့၏ မုသားပြောဆိုမှုကို ထောက်ခံပြီး သူတို့၏ ဖိနှိပ်ညှဉ်းပန်းမှုတွင် ကူညီပါက၊ ထိုသူသည် ငါကိုယ်တော်နှင့် မသက်ဆိုင်တော့ပေ၊ ငါကိုယ်‌တော် လည်း ထိုသူနှင့် မသက်ဆိုင်တော့ပေ
عربي الإنجليزية الإندونيسية
“လူတို့အားကြောက်ရွံ့ခြင်းသည် သင်တို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမှန်တရားကို ပြောဆိုခြင်းမှ မတားမြစ်ပါစေနှင့်။ အကယ်၍ ၎င်းသည် ထိုအမှန်တရားကို တွေ့မြင်ပါက သို့မဟုတ် သိပါက (ပြောဆိုပါ လေ)။”
عربي الإنجليزية الإندونيسية