عَنْ أَبِي سَعِيدٍ رضي الله عنه أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَا مِنْ مُسْلِمٍ يَدْعُو بِدَعْوَةٍ لَيْسَ فِيهَا إِثْمٌ، وَلَا قَطِيعَةُ رَحِمٍ، إِلَّا أَعْطَاهُ اللهُ بِهَا إِحْدَى ثَلَاثٍ: إِمَّا أَنْ تُعَجَّلَ لَهُ دَعْوَتُهُ، وَإِمَّا أَنْ يَدَّخِرَهَا لَهُ فِي الْآخِرَةِ، وَإِمَّا أَنْ يَصْرِفَ عَنْهُ مِنَ السُّوءِ مِثْلَهَا» قَالُوا: إِذنْ نُكْثِرُ، قَالَ: «اللهُ أَكْثَرُ».

[صحيح] - [رواه أحمد] - [مسند أحمد: 11133]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူစအီးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - "မည်သည့် မွတ်စ်လင်မ်မဆို အပြစ်အကုသိုလ်နှင့် သွေးသားတော်စပ်သူအား ဆက်ဆံရေးဖြတ်တောက်ခြင်းမပါဝင်သော မည်သည့် ဒုအာဆုတောင်းမှုကိုမဆို ပြုလုပ်ပါက၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား (အောက်ပါ) သုံးမျိုးအနက်မှ တစ်မျိုးကို ဧကန်အမှန် ပေးသနားတော်မူမည်။ ထိုသူ၏ ဒုအာကို ဤလောက၌ပင် ချက်ချင်း လက်ခံတော်မူခြင်း၊ သို့မဟုတ် ထိုသူအတွက် နောင်တမလွန်ဘဝ၌ အကျိုးပေးရန် သိုလှောင်ထားတော်မူခြင်း၊ သို့မဟုတ် ထိုဒုအာဆုတောင်းခြင်းနှင့် ညီမျှသော မကောင်းမှုဒုက္ခကို ထိုသူ့ထံမှ ဖယ်ရှား ပေးသနားတော်မူခြင်း ဖြစ်သည်။" ထိုအခါ ဆွဟာဗဟ်သာဝကများက "သို့ဖြစ်လျှင် ကျွန်တော်မျိုးတို့သည် ဒုအာဆုတောင်းခြင်းကို များစွာပြုလုပ်ကြပါမည်" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - "အလ္လာဟ်အရှင်မြတ်သည် (သင်တို့တောင်းသမျှထက်) ပို၍ ရက်ရောတော်မူသောအရှင် ဖြစ်သည်။"

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။] - [مسند أحمد - 11133]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- မွတ်စ်လင်မ်တစ်ဦးသည် အလ္လာဟ်အရှင်မြတ်ထံ ဒုအာဆုတောင်းပြီး အပြစ်အကုသိုလ်မဟုတ်သည့်အရာတစ်ခုကို တောင်းခံလျှင် ဥပမာ- အပြစ်အကုသိုလ်နှင့် မတရားမှုကို လွယ်ကူစေရန် ဒုအာဆုတောင်းခြင်းမျိုး၊ သို့မဟုတ် ဆွေမျိုးတော်စပ်မှုကို ဖြတ်တောက်ရန် ဆုတောင်းခြင်း၊ ဥပမာ- မိမိ၏ သားသမီးများနှင့် ဆွေမျိုးသားချင်းများကို ကျိန်ဆဲခြင်းမျိုး မပြုဘဲ ဒုအာဆုတောင်းလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ ဒုအာဆုတောင်းခြင်းကြောင့် အောက်ပါသုံးမျိုးအနက် တစ်မျိုးမျိုးကို ပေးသနားတော်မူမည်ဖြစ်သည်။ ၁။ ထိုသူ၏ တောင်းဆုဒုအာကို ဤလောက၌ပင် ချက်ချင်း လက်ခံတော်မူပြီး၊ ထိုသူအား သူတောင်းခဲ့သည့်အရာကို ပေးသနားတော်မူခြင်း။ ၂။ အလ္လာဟ်အရှင်မြတ်သည် ထိုတောင်းဆုဒုအာကို ၎င်းအဖို့ ကိယာမသ်‌နေ့၌ အဆင့်အတန်းမြှင့်မား‌စေခြင်း သို့မဟုတ် ကရုဏာတော်နှင့် အပြစ်များမှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးသနားတော်မူခြင်း စသည့် အကျိုးဆုလာဘ်များကို ရရှိရန်အတွက် နောက်ဆိုင်းထားတော်မူပေမည်။ ၃။ ထိုတောင်းဆုဒုအာနှင့်ညီမျှသော မကောင်းမှုဒုက္ခကို ဤလောက၌ပင် ထိုသူ့ထံမှ ဖယ်ရှားပေးသနားတော်မူခြင်း။ ထိုအခါ ဆွဟာဗဟ်သာဝကများက သို့ဖြစ်လျှင် ကျွန်တော်မျိုးတို့သည် ဤကျေးဇူးတော်များအနက်မှ တစ်ခုခုကို ရရှိရန်အတွက် ဒုအာဆုတောင်းခြင်းကို များစွာပြုလုပ်ကြပါမည်ဟု လျှောက် ထားကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- အလ္လာဟ်အရှင်မြတ်ထံတော်၌ ရှိတော်မူသောအရာသည် သင်တို့တောင်းခံနေသည့်အရာထက် ပိုမိုများပြားပြီး ကြီးကျယ်လှပေသည်။ ဧကန်စင်စစ် အရှင်မြတ်၏ ပေးသနားတော်မူခြင်းသည် ကုန်ဆုံးခြင်းမရှိသည့်အပြင် အဆုံးသတ်လည်းမရှိပေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ မွတ်စ်လင်မ်တစ်ဦး တောင်းလိုက်‌သောဒုအာသည် ဒုအာဆုတောင်းခြင်း၏ စည်းကမ်းချက်များနှင့် ကိုက်ညီပါက လက်ခံခြင်းခံရပြီး၊ ပယ်ချခြင်းခံရမည် မဟုတ်ပေ။ သို့ဖြစ်ရာ မွတ်စ်လင်မ်တစ်ဦးသည် ဒုအာဆုတောင်းခြင်းကို များစွာပြုလုပ်သင့်ပြီး ဒုအာကို လက်ခံသဘောတူခြင်းခံရရန် အလျင်စလို မဖြစ်သင့်ပေ။
  2. ၂။ ဒုအာလက်ခံသဘောတူခံရခြင်း ဆိုသည်မှာ မိမိတောင်းဆိုသော အရာကိုသာ ရရှိခြင်းဟု မဆိုလိုဘဲ မိမိတောင်းဆိုလိုက်သော ဒုအာအစား အပြစ်များ ခွင့်လွှတ်ခံရခြင်း သို့မဟုတ် နောင်တမလွန်အတွက် သိုလှောင်ပေးထားခြင်းလည်း ဖြစ်နိုင်သည်။
  3. ၃။ ရှိုင်ခ် ဗင်န်ဘာဇ်က ဆိုသည်မှာ - ဒုအာတောင်းရာတွင် ဇွဲရှိရှိတောင်းခံခြင်း၊ အလ္လာဟ်အရှင်မြတ်အပေါ် ကောင်းသောအထင်အမြင် ထားရှိခြင်းနှင့် မျှောလင့်ချက်မမဲ့ခြင်းတို့သည် ဒုအာလက်ခံခြင်းခံရရန်အတွက် အကြီးမားဆုံးသော အကြောင်းရင်းများဖြစ်သည်။ ထို့ကြောင့် လူသားသည် ဒုအာတောင်းရာတွင် ဇွဲရှိရမည်၊ အလ္လာဟ်အရှင်မြတ်အပေါ် ကောင်းသော အထင်အမြင်ထားရှိရမည်၊ အလ္လာဟ်အရှင်မြတ်သည် ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိရှိတော်မူသောအရှင် ဖြစ်သည်ဟု ယုံကြည်ရမည်။ အရှင်မြတ်သည် တစ်ခါတစ်ရံ နက်နဲသောအကြောင်းတစ်ခုကြောင့် တောင်းဆုဒုအာကို အမြန်ပြည့်ဝစေတော်မူ၏၊ တစ်ခါတစ်ရံတွင် နက်နဲသောအကြောင်းတစ်ခုကြောင့်ပင် နှောင့်နှေးစေတော်မူ၏၊ တစ်ခါတစ်ရံလည်း ဒုအာဆုတောင်းသူအား သူတောင်းသည်ထက်ပင် သာလွန်ကောင်းမွန်သောအရာကို ပေးသနားတော်မူ၏။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (43)
ထပ်၍