عَنِ ابْنِ عَبَّاسٍ رضي الله عنهما:
أَنَّ نَبِيَّ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ يَقُولُ عِنْدَ الْكَرْبِ: «لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ».
[صحيح] - [متفق عليه] - [صحيح مسلم: 2730]
المزيــد ...
အိဗ်နေအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စိုးရိမ်ပူပန်မှု ကြီးကြီးမားမား ကျရောက်လာသောအခါတွင် ဤဒုအာကို ရွတ်ဆိုတော်မူလေ့ရှိသည် -
«لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ»
(ကြီးကျယ်မြင့်မြတ်တော်မူပြီး၊ အလွန်သည်းခံခွင့်လွှတ်တော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ ကြီးကျယ်မြင့်မြတ်သည့် အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ မိုးကောင်းကင်များကို ဖန်ဆင်းတော်မူသောအရှင်၊ မြေပထဝီကို ဖန်ဆင်းတော်မူသောအရှင်၊ ဂုဏ်သရေနှင့်ပြည့်စုံသော အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ)။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2730]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလွန်စိုးရိမ်ပူပန်ရသည့်အခါ၊ အလွန်ပူဆွေးသောကရောက်သည့်အခါတွင် ဤဒုအာကိုရွတ်ဆိုတော်မူလေ့ရှိခဲ့သည်- "လာ အိလာဟ အိလ္လလ္လာဟ်" «لا إله إلا الله» ဆိုသည်မှာ- အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့် ကိုးကွယ်ထိုက်သော အရှင်ဟူ၍ မရှိ။ "အလ်-အဇီမ်" «العظيم » ဆိုသည်မှာ- အရှင်မြတ်၏ ဇာတိတော်၊ ဂုဏ်တော်များ နှင့် လုပ်ဆောင်ချက်များ၌ ဂုဏ်သရေနှင့် ပြည့်စုံတော်မူသော၊ သာလွန်မြင့်မြတ်တော်မူသော အရှင်။ "အလ်-ဟလီမ်" «الحليم» ဆိုသည်မှာ- အပြစ်ကျူးလွန်သူအား ချက်ချင်း အပြစ်ဒဏ် မပေးဘဲ နောက်ဆိုင်းထားတော်မူ၏။ တစ်ခါတစ်ရံအပြစ်ဒဏ်ပေးရန် စွမ်းဆောင်နိုင်လျက်နှင့်လည်း ခွင့်လွှတ်တော်မူ၏။ စင်စစ် အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ "ရဗ္ဗုလ် အရ်ရှိလ် အဇွီးမ်" « رب العرش العظيم » ဆိုသည်မှာ- ကြီးကျယ်မြင့်မြတ်သည့် အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်သည်။ "ရဗ္ဗုစ်စမာဝါသိ ဝလ်အရ်ဿ်ွ" «رب السموات والأرض» ဆိုသည်မှာ- မိုးကောင်းကင်များ၊ မြေပထဝီများနှင့် ၎င်းတို့အတွင်းရှိ အရာအားလုံးကို ဖန်ဆင်းတော်မူသော၊ စိုးပိုင်တော်မူသော၊ ပြုပြင်ဖွဲ့စည်းပေးတော်မူသော၊ အလိုတော်ရှိသည့်အတိုင်း စီမံခန့်ခွဲတော်မူသော အရှင်သခင် ဖြစ်သည်။ "ရဗ္ဗုလ် အရ်ရှိလ် ကရီးမ်" «رب العرش الكريم» ဆိုသည်မှာ - ဂုဏ်သရေနှင့်ပြည့်စုံသော အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်သည်။