عَنْ مَعْقِلِ بْنِ يَسَارٍ رضي الله عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«الْعِبَادَةُ فِي الْهَرْجِ كَهِجْرَةٍ إِلَيَّ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2948]
المزيــد ...
မအ်ကလ် ဗင်န် ယစားရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလာမ်) မိန့်ကြားတော်မူသည်။
"ဖိသ်နဟ်စမ်းသပ်မှုများဖြစ်ပေါ်လာချိန်၌ အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်းသည် ငါကိုယ်တော်မြတ်ထံသို့ ဟိဂ်ျရသ်ရွှေ့ပြောင်းခြင်းနှင့်တူ၏"။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2948]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဖိသ်နဟ်စမ်းသပ်မှုများဖြစ်ပေါ်လာချိန်၊ သွေးထွက်သံယိုမှုများနှင့် လူတို့၏ကိစ္စများ ရှုပ်ထွေးနေချိန်တွင် အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်းနှင့် ၎င်းကို ဆုပ်ကိုင်ထားရန် လမ်းညွှန်တော်မူခဲ့သည်။ ထို့ပြင် ၎င်း၏ကုသိုလ်အကျိုးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ရွှေ့ပြောင်းခြင်းနှင့် တူညီသည်ဟု မိန့်ကြားထားသည်။ အကြောင်းမှာ ထိုအချိန်တွင် လူတို့သည် အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်းမှ မေ့လျော့သွားကြပြီး တခြားအရာများတွင် အလုပ်ရှုပ်(မွေ့လျော)နေကြကာ လူအနည်းငယ်သာ ၎င်းအတွက် အချိန်ပေးနိုင်ကြသော ကြောင့် ဖြစ်သည်။