عَنْ أَبِي بَكْرٍ الصِّدِّيقِ رضي الله عنه أَنَّهُ قَالَ: أَيُّهَا النَّاسُ، إِنَّكُمْ تَقْرَؤُونَ هَذِهِ الآيَةَ: {يَا أَيُّهَا الَّذِينَ آمَنُوا عَلَيْكُمْ أَنْفُسَكُمْ لاَ يَضُرُّكُمْ مَنْ ضَلَّ إِذَا اهْتَدَيْتُمْ}، وَإِنِّي سَمِعْتُ رَسُولَ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«إِنَّ النَّاسَ إِذَا رَأَوْا الظَّالِمَ فَلَمْ يَأْخُذُوا عَلَى يَدَيْهِ أَوْشَكَ أَنْ يَعُمَّهُمُ اللَّهُ بِعِقَابٍ مِنْهُ».
المزيد
အဗူဘကရ်ဆွဒ္ဒီးက် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ပြောကြားခဲ့သည်- အို-လူအပေါင်းတို့... အသင်တို့သည် ဤအာယသ်တော်ကို ဖတ်ရွတ်ကြ၏- "အို- အီမာန် ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (တတ်စွမ်းနိုင်သမျှ သဗ်လီးဂ် ပြုလုပ် ပို့ချ ညွှန်ကြား ပြသပြီးနောက်) အသင်တို့ ကိုယ်ကို အသင်တို့ (ထိန်းသိမ်း စောင့်ရှောက်ရန်) အတွက်သာ ပူပင်ကြပါ။ အသင်တို့သည် လမ်းမှန်ပေါ်၌ ရှိနေကြလျှင် လမ်းမှားသူသည် အသင်တို့အား အကျိုးယုတ် နစ်နာစေနိုင်မည် မဟုတ်ပေ။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကို ဤသို့ မိန့်ကြားသည်ကို ကြားခဲ့၏-
“ စင်စစ် လူတို့သည် မတရားပြုကျင့်သူကို တွေ့မြင်ကြသော်လည်း သူ့ကို (မတရားမှုမှ) မတားမြစ်ကြပါက အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးအပေါ် ပြစ်ဒဏ်ချမှတ်တော်မူရန် အလွန်နီးကပ်နေပြီဖြစ်သည်။