عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«قَارِبُوا وَسَدِّدُوا، وَاعْلَمُوا أَنَّهُ لَنْ يَنْجُوَ أَحَدٌ مِنْكُمْ بِعَمَلِهِ» قَالُوا: يَا رَسُولَ اللهِ وَلَا أَنْتَ؟ قَالَ: «وَلَا أَنَا، إِلَّا أَنْ يَتَغَمَّدَنِيَ اللهُ بِرَحْمَةٍ مِنْهُ وَفَضْلٍ».
[صحيح] - [متفق عليه] - [صحيح مسلم: 2816]
المزيــد ...
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အမှန်တရားနှင့်နီးစပ်အောင် ကြိုးစားဆောင်ရွက်ကြလော့။ မှန်ကန်သောလမ်းစဥ်ကို လိုက်နာကျင့်သုံးကြလော့။ ထို့ပြင် သင်တို့သိကြလော့။ သင်တို့အနက် တစ်ဦးတစ်ယောက်မျှ မိမိ၏အမလ်ကျင့်ဆောင်မှုကြောင့် လွှတ်မြောက်နိုင်မည်မဟုတ်ပေ။ ထိုအခါဆွဟာဗဟ်သာဝကများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော်လည်း ပါဝင်ပါသလောဟု လျှောက်ထားမေးမြန်းကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဖြေကြားတော်မူသည်။ ငါကိုယ်တော်လည်း လွှတ်မြောက်နိုင်မဟုတ်ပါ၊ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကရုဏာတော်နှင့် ကျေးဇူးတော်ဖြင့် ငါကိုယ် တော့်အား လွှမ်းခြုံပေးတော်မူမည်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2816]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆွဟာဗဟ်များအား အမလ်ကျင့်ဆောင်ရန်၊ အလွန်အကျွံပြုလုပ်ခြင်းနှင့် လျှော့နည်းပျက်ကွက်
ခြင်းတို့မှရှောင်ကျဉ်ကာ တတ်နိုင်သမျှ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြရန် တိုက်တွန်းနှိုးဆော်တော်မူခဲ့သည်။ ထို့ပြင် မိမိတို့၏ အမလ်ကျင့်ဆောင်များ၏ ရည်ရွယ်ချက်မှာ အမှန်တရားကို ရှာဖွေရန်၊ အလ္လာဟ်အရှင်မြတ်အတွက် စိတ်ရင်းစေတနာသန့်စင်စွာဖြင့်လည်း
ကောင်း၊ တမန်တော်မြတ်၏ စွန္နသ်လမ်းစဉ်အတိုင်း လိုက်နာခြင်းဖြင့်လည်းကောင်း လုပ်ရပ်များကို ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်တော်မူခဲ့သည်။ သို့မှသာလျှင် ၎င်းတို့၏ အမလ်ကျင့်ဆောင်မှုများသည် လက်ခံတော်မူခြင်းခံရမည်ဖြစ်ပြီး၊ အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော် ချပေးခြင်းခံရရန် အတွက် အကြောင်းခံ ဖြစ်မည်ဖြစ်သည်။
ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သင်တို့အနက်မှ မည်သူတစ်ဦးတစ်ယောက်၏ အမလ်ကျင့်ဆောင်မှုတစ်ခုတည်းသည် ၎င်းအား လုံးဝလွှတ်မြောက်စေနိုင်မည် မဟုတ်ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော် မဖြစ်မနေပါရှိမှသာလျှင် လွှတ်မြောက်နိုင်မည် ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
ထိုအခါ ဆွဟာဗဟ်များက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (၎င်းတွင်) ကိုယ်တော်လည်း ပါဝင်ပါသလော။ ကိုယ်တော်၏ များပြားလှသော အမလ်ကျင့်ဆောင်မှုများသည်လည်း ကိုယ်တော့်အား မလွှတ်မြောက်စေနိုင်ဘူးလားဟုလျှောက်ထားမေးမြန်းကြသည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဖြေကြားတော်မူသည်။ ငါကိုယ်တော်လည်း လွှတ်မြောက်နိုင်မဟုတ်ပါ၊ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကရုဏာတော်၏ကျေးဇူးတော်ဖြင့် ငါကိုယ်တော့်အား လွှမ်းခြုံပေးတော်မူမည်ဖြစ်သည်။