عَنْ عُثْمَانَ الشَّحَّامِ، قَالَ: انْطَلَقْتُ أَنَا وَفَرْقَدٌ السَّبَخِيُّ إِلَى مُسْلِمِ بْنِ أَبِي بَكْرَةَ وَهُوَ فِي أَرْضِهِ، فَدَخَلْنَا عَلَيْهِ فَقُلْنَا: هَلْ سَمِعْتَ أَبَاكَ يُحَدِّثُ فِي الْفِتَنِ حَدِيثًا؟ قَالَ: نَعَمْ، سَمِعْتُ أَبَا بَكْرَةَ رضي الله عنه يُحَدِّثُ، قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِنَّهَا سَتَكُونُ فِتَنٌ، أَلَا ثُمَّ تَكُونُ فِتْنَةٌ الْقَاعِدُ فِيهَا خَيْرٌ مِنَ الْمَاشِي فِيهَا، وَالْمَاشِي فِيهَا خَيْرٌ مِنَ السَّاعِي إِلَيْهَا، أَلَا فَإِذَا نَزَلَتْ أَوْ وَقَعَتْ فَمَنْ كَانَ لَهُ إِبِلٌ فَلْيَلْحَقْ بِإِبِلِهِ، وَمَنْ كَانَتْ لَهُ غَنَمٌ فَلْيَلْحَقْ بِغَنَمِهِ، وَمَنْ كَانَتْ لَهُ أَرْضٌ فَلْيَلْحَقْ بِأَرْضِهِ»، قَالَ فَقَالَ رَجُلٌ: يَا رَسُولَ اللهِ أَرَأَيْتَ مَنْ لَمْ يَكُنْ لَهُ إِبِلٌ وَلَا غَنَمٌ وَلَا أَرْضٌ؟ قَالَ: «يَعْمِدُ إِلَى سَيْفِهِ فَيَدُقُّ عَلَى حَدِّهِ بِحَجَرٍ، ثُمَّ لِيَنْجُ إِنِ اسْتَطَاعَ النَّجَاءَ، اللهُمَّ هَلْ بَلَّغْتُ؟ اللهُمَّ هَلْ بَلَّغْتُ؟ اللهُمَّ هَلْ بَلَّغْتُ؟»، قَالَ: فَقَالَ رَجُلٌ: يَا رَسُولَ اللهِ أَرَأَيْتَ إِنْ أُكْرِهْتُ حَتَّى يُنْطَلَقَ بِي إِلَى أَحَدِ الصَّفَّيْنِ، أَوْ إِحْدَى الْفِئَتَيْنِ، فَضَرَبَنِي رَجُلٌ بِسَيْفِهِ، أَوْ يَجِيءُ سَهْمٌ فَيَقْتُلُنِي؟ قَالَ: «يَبُوءُ بِإِثْمِهِ وَإِثْمِكَ، وَيَكُونُ مِنْ أَصْحَابِ النَّارِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2887]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အွတ်စ်မာန်ရှတ်ဟားမ်ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းကပြောပြသည်မှာ - “ကျွန်ုပ်နှင့် ဖရ်ကဒ်ဆဗခီးတို့သည် မွတ်စ်လင်မ် ဗင်န် အဘူဗကရဟ် ထံသို့ သွား ရောက်ခဲ့ကြသည်။ ထိုအချိန်တွင် ၎င်းသည် သူ၏မြေနေရာ၌ ရှိနေသည်။ ကျွန်ုပ်တို့ သူ့ထံဝင်ရောက်ပြီး ‘သင့်ဖခင်ထံမှ ဖိသ်နဟ်စမ်းသပ်မှုများ နှင့် ပတ်သက်၍ ဟဒီးစ်တော်တစ်ခုခု ကြားခဲ့ပါသလား’ ဟု မေးမြန်းခဲ့သည်။ ထိုအခါ မွတ်စ်လင်မ်က ‘ဟုတ်ကဲ့၊ ကျွန်ုပ်သည် (မိမိ၏ ဖခင်)အဘူ ဗကရဟ်(ရဿွိယလ္လာဟုအန်ဟု) က ဟဒီးစ်ဆင့်ပြန်ပြောကြားသည်ကို ကြားခဲ့ရပါသည်။ ၎င်းက ပြောပြခဲ့သည်- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည် -
“ဧကန်စင်စစ် ဖိသ်နဟ်စမ်းသပ်မှုများ ပေါ်ပေါက်လိမ့်မည်။ သတိပြုကြလော့။ ထို့နောက် ဖိသ်နဟ်စမ်းသပ်မှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဖိသ်နဟ်စမ်းသပ်မှုဖြစ်‌ပေါ်နေစဉ် အတောအတွင်း၌ ထိုင်နေသူသည် လမ်းလျှောက်သွားလာသူထက် ပိုမိုကောင်းမွန်သည်။ လမ်းလျှောက်သွားလာသူသည် ထိုဖိသ်နဟ်စမ်းသပ်မှုဆီသို့ အပြေးအ လွှားသွားသူထက် ပိုမိုကောင်းမွန်သည်။ သတိပြုကြလော့။ ထိုဖိသ်နဟ်စမ်းသပ်မှုကျရောက်လာသောအခါ မည်သူမဆို မိမိ၌ ကုလားအုပ်များရှိပါက မိမိ၏ ကုလားအုပ်များထံသို့ ခိုလှုံပါလေ။ မိမိ၌ သိုး၊ ဆိတ်များရှိပါက မိမိ၏ သိုးဆိတ်များထံသို့ ခိုလှုံပါလေ။ မိမိ၌ မြေယာရှိပါက မိမိ၏ မြေယာ၌ ခိုလှုံနေပါလေ။”ထိုအခါ လူတစ်ဦးက ‘အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကုလားအုပ်၊ သိုး၊ ဆိတ်၊ မြေယာ ဘာတစ်ခုမျှ မရှိသူအတွက် မည်သို့ ပြုရမည်နည်း’ ဟု လျှောက်ထား‌မေးမြန်းလေသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- “သူသည် မိမိ၏ ဓားကိုယူ၍ ထက်သောအနားကို ကျောက်တုံးဖြင့် ရိုက်ချိုးပြီးနောက် (တိုက်ခိုက်မှုမှ ရှောင်ရှားလျက်) လွတ်မြောက်ရန် တတ်နိုင်သမျှ ကြိုးစားပါလေ။ (ထို့နောက် တမန်တော်မြတ်က) အို ‘အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး (အမိန့်တော်ကို) ပို့ဆောင်ပေးခဲ့ပြီလော။ အို ‘အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး (အမိန့်တော်ကို) ပို့ဆောင်ပေးခဲ့ပြီလော။ အို ‘အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသ(အမိန့်တော်ကို) ပို့ဆောင်ပေးခဲ့ပြီလော' ဟု (သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်။) ဆင့်ပြန်သူ (မွတ်စ်လင်မ် ဗင်န် အဘူဗကရဟ်) က ဆက်လက်ပြောပြသည်- ထိုအခါ နောက်ထပ် လူတစ်ဦးက ‘အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးအား အနိုင်အထက်ပြုခံရပြီး စစ်တပ်နှစ်တပ်အနက်မှ တစ်တပ်သို့ ခေါ်ဆောင်သွားခြင်းခံရလျှင် သို့မဟုတ် အုပ်စုနှစ်စုအနက်မှ တစ်စုသို့ အတင်းအကျပ် ခေါ်ဆောင်ခံရပြီး တစ်စုံတစ်ဦးက ဓားဖြင့်ရိုက်ခြင်း သို့မဟုတ် မြားတစ်စင်းရောက်လာပြီး ကျွန်တော်မျိုးအား သတ်ပစ်လိုက်ပါက (ကျွန်တော်မျိုး ၏အခြေအနေမှာ မည်သို့ရှိပါမည်နည်း)’ ဟု လျှောက် ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်- “ထိုသူ (သတ်သူ) သည် မိမိ၏အပြစ်နှင့် သင်၏အပြစ်ကို ထမ်းရွက်ရလိမ့်မည်။ ထို့ပြင် ငရဲသားများထဲမှ ဖြစ်လိမ့်မည်။”

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2887]

ရှင်းလင်းချက်

အွတ်စ်မာန်ရှတ်ဟားမ်နှင့် ဖရ်ကဒ်ဆဗခီးတို့သည် စွဟာဗီကြီး အဘူဗကရဟ်၏သားဖြစ်သူ မွတ်စ်လင်မ် အား ၎င်း၏ ဖခင်ထံမှ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖိသ်နဟ်စမ်းသပ်မှုများနှင့် မွတ်စ်လင်မ်များအချင်းချင်း တိုက်ခိုက်ကြမည့်စစ်ပွဲများနှင့် ပတ်သက်၍ ဟဒီးစ်တစ်ပုဒ်ပုဒ် ကြားသိခဲ့ပါသလားဟု မေးမြန်းခဲ့သည်။ ထိုအခါ မွတ်စ်လင်မ်က “ဟုတ်ကဲ့” ဟု ဖြေကြားပြီး အောက်ပါအတိုင်းပြောပြခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိကွယ်လွန်တော်မူပြီးနောက် ဖိသ်နဟ်စမ်းသပ်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုဖိသ်နဟ်စမ်းသပ်မှု ဖြစ်‌ပေါ်နေစဉ် အတောအ တွင်း၌ ၎င်းတို့ကို သတိလစ်မေ့လျော့လျက်(မိမိအိမ်၌ သာ)ထိုင်နေသူသည် ၎င်း(ဖိသ်နဟ်များ)တွင် လမ်း လျှောက်နေသူ (ဆိုလိုသည်မှာ အနည်းငယ်မျှ ပါဝင်ပတ်သက်နေသူ) ထက် သာလွန်ကောင်းမွန်သည်။ သို့ရာတွင် ထိုသူသည် ၎င်း(ဖိသ်နဟ်များ)ကို အာရုံစိုက်ခြင်းမရှိသလို ၎င်းတို့ကို ရှာဖွေနေခြင်းလည်း မရှိပေ။ လမ်းလျှောက်သွားလာသူသည် ထိုဖိသ်နဟ်စမ်းသပ်မှုဆီသို့ အပြေးအ လွှားသွားသူထက် (ဆိုလိုသည်မှာ ၎င်းတို့ကို ရှာဖွေကာ ပါဝင်ပတ်သက်နေသူ) ထက် သာလွန်ကောင်းမွန်သည်။ ထို့နောက် မိမိ၏ခေတ်ကာလတွင် ဖိသ်နဟ်စမ်းသပ်မှုများ ကျရောက်လာပါက ခိုလှုံစရာနေရာ တစ်စုံတစ်ရာတွေ့ရှိလျှင် ထိုနေရာသို့ဝင်ရောက်ခိုလှုံရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က လမ်းညွှန်တော်မူခဲ့သည်။ မည်သူမဆို မိမိ၌ ကျက်စားနေသည့်ကုလားအုပ်များရှိပါက မိမိ၏ ကုလားအုပ်များထံသို့ ခိုလှုံနေပါလေ။ မိမိ၌ ကျက်စားနေသည့် သိုး၊ ဆိတ်များရှိပါက မိမိ၏ သိုး၊ ဆိတ်များထံသို့ ခိုလှုံနေပါလေ။ မိမိ၌ မြေယာနှင့် လယ်ယာရှိသူသည် မိမိ၏ မြေယာ၌ ခိုလှုံနေပါလေ။” ထိုအခါ လူတစ်ယောက်က “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကုလားအုတ်၊ သိုး၊ မြေယာစသည့် ခိုလှုံစရာ တစ်စုံတစ်ရာမျှ မရှိသူအတွက် မည်သို့ မိန့်ကြားတော်မူပါသနည်း” ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- သူသည် မိမိ၏လက်နက်ကိုယူ၍ ရိုက်ချိုးဖျက်စီးလိုက်ရမည်။ ထို့နောက် မိမိကိုယ်ကိုယ်နှင့် သားသမီးများကို တတ်နိုင်သမျှ ကယ်တင်လျက် ထွက်ပြေးတိမ်းရှောင်ရမည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အို ‘အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး (အမိန့်တော်ကို) ပို့ဆောင်ပေးခဲ့ပြီလော။ အို ‘အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး (အမိန့်တော်ကို) ပို့ဆောင်ပေးခဲ့ပြီလော။ အို ‘အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး(အမိန့်တော်ကို) ပို့ဆောင်ပေးခဲ့ပြီလော' ဟု သုံးကြိမ်တိုင်တိုင် (အလ္လာဟ်အရှင်မြတ်အား) သက်သေထူတော်မူခဲ့သည်။ ထိုအခါ (နောက်ထပ်) လူတစ်ဦးက ‘အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးအား စစ်တပ်နှစ်တပ်အနက်မှ တစ်တပ်သို့ပါဝင်ရန် အတင်းအကြပ်ပြုခံရလျှင် သို့မဟုတ် အုပ်စုနှစ်စုအနက်မှ တစ်စုသို့ အတင်းအကျပ် ခေါ်ဆောင်ခံရပြီး တစ်စုံတစ်ဦးက မိမိ၏ဓားဖြင့် ကျွန်တော်မျိုးအား ရိုက်ခြင်း သို့မဟုတ် မြားတစ်စင်းရောက်လာပြီး ကျွန်တော်မျိုးအား သတ်ပစ်လိုက်ပါက (ကျွန်တော်မျိုး၏အခြေအနေမှာ မည်သို့ရှိပါမည်နည်း)’ ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်- “ထိုသူ (သတ်သူ) သည် မိမိကိုယ်တိုင်၏အပြစ်နှင့် မိမိသတ်လိုက်သူ၏အပြစ်ကို ပါ ထမ်းရွက်ရလိမ့်မည်။ ထို့ပြင် ငရဲသားများထဲမှ ဖြစ်လိမ့်မည်။”

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. (ဤဟဒီးစ်တွင်) ဖိသ်နဟ်စမ်းသပ်မှုများ ကျရောက်လာမည်ဖြစ်‌ကြောင်းကို အသိပေးတင်ပြထားပြီး၊ ၎င်းမှ ရှောင်ရှားနိုင်ရန် သတိပေးထားသည်။ သို့မှသာလျှင် လူများသည် ၎င်းဖိသ်နဟ်စမ်းသပ်မှုများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်၊ ၎င်းတို့တွင် မပါဝင်မိစေရန်နှင့် စိတ်ရှည်သည်းခံခြင်းနှင့် ၎င်း၏မကောင်းမှုမှ လွတ်မြောက်ရန်အတွက် အလ္လာဟ်အရှင်မြတ်ထံ တောင်းဆုပြုနိုင်မည် ဖြစ်သည်။
  2. အိမာမ်နဝဝီက ဆိုသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ - “ထိုဖိသ်နဟ်စမ်းသပ်မှုများတွင် ထိုင်နေသူသည် ရပ်နေသူထက် သာလွန်၏” ဟူသော မိန့်ကြားချက်၏ ဆိုလိုရင်းမှာ ၎င်း၏ဆိုးကျိုးကြီးမားပုံကို ရှင်းလင်းဖော်ပြခြင်း၊ ၎င်းကို ရှောင်ရှားရန်နှင့် ၎င်းမှ ထွက်ပြေးလွှတ်မြောက်ရန် အားပေးတိုက်တွန်းခြင်းနှင့် ၎င်း၏ဆိုးကျိုးနှင့် စမ်းသပ်ခံရမှုသည် ၎င်းနှင့် ပါဝင်ပတ်သက်မှုအတိုင်းအတာအပေါ်တွင် မူတည်သည်ဟု ဆိုလိုသည်။
  3. အိမာမ်နဝဝီက မိန့်ဆိုသည်မှာ- ထိုနေရာ၌ အတင်းအကျပ်ပြုလုပ်ခံပြီး ရောက်ရှိနေသူအား အပြစ်မှ ကင်းလွတ်ခွင့်ပေးသည်။ သို့ရာတွင် သတ်ဖြတ်ခြင်းမှာမူ အတင်းအကြပ်ခိုင်းစေခြင်းခံရသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပြုလုပ်ခွင့်မရှိပေ။ ထို့ပြင် အတင်းအကြပ် ခိုင်းစေခြင်းခံရတဲ့သူသည် ခိုင်းစေချက်ကို လိုက်နာမိရင် အပြစ်ရှိသည်ဟု ပညာရှင်အားလုံး တညီတညွတ်တည်း ဆုံးဖြတ်ထားကြသည်။
  4. အိဗ်နုဟဂျရ်က မိန့်ဆိုခဲ့သည်မှာ- အခြားသော ပညာရှင်များက "အကယ်၍ အုပ်စုတစ်စုသည် အိမာမ် (ခေါင်းဆောင်) ကို ပုန်ကန်ကာ၊ မိမိအပေါ်၌ရှိသော တာဝန်ကို ငြင်းပယ်ပြီး စစ်မက်ခင်း၍ တိုက်ခိုက်ပါက ထိုအုပ်စုကိုတိုက်ခိုက်ရန် ဝါဂျိဗ်တာဝန် ဖြစ်သည်။ ထိုနည်းတူ (မွတ်စ်လင်မ်)အုပ်စုနှစ်စု အချင်းချင်း တိုက်ခိုက်ကြပါက တတ်စွမ်းနိုင်သူတိုင်းတွင် မှားယွင်းနေသူ၏ လက်ကိုချုပ်နှောင်ဖမ်းဆီးရန်နှင့် မှန်ကန်သူကိုကူညီရန် တာဝန်ရှိသည်။ ဤသည်မှာ ပညာရှင်အများစု၏ မိန့်ဆိုချက်ဖြစ်သည်။" အခြားသော ပညာရှင်အချို့ကမူ ကွဲပြားသော ထင်မြင်ချက်ကို ချမှတ်ခဲ့ကြသည်။ ၎င်းတို့က "မွတ်စ်လင်မ်အုပ်စုနှစ်စုကြားတွင် ဖြစ်သည့် မည်သည့် တိုက်ပွဲမဆို၊ အိမာမ် (ဗဟိုခေါင်းဆောင်) မရှိသည့်အချိန်၌ ထိုတိုက်ပွဲသည် တားမြစ်ခံရမည်ဖြစ်ပြီး၊ ဤအကြောင်းအရာနှင့် ပတ်သက်သည့် ဟဒီးစ်တော်များနှင့် အခြားသော အထောက်အထားများကို ထိုအခြေအနေပေါ်တွင် တင်စားအဓိပ္ပာယ်ဖွင့်ဆိုရမည်" ဟု မိန့်ဆိုခဲ့ကြသည်။
  5. အိမာမ်နဝဝီက မိန့်ခဲ့သည်မှာ- ပညာရှင်များသည် ဖိသ်နဟ်များဖြစ်ပေါ်နေစဉ် တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ သဘောထားကွဲလွဲခဲ့ကြသည်။ ပညာရှင်အုပ်စုတစ်စုက မွတ်စ်လင်မ်များအကြား ဖိသ်နဟ်များဖြစ်ပေါ်နေစဥ်တွင် မတိုက်ခိုက်ရဟု ဆိုကြသည်။ ထိုသူတို့၏ ၎င်း၏အိမ်အတွင်းသို့ ဝင်ရောက်လာပြီး ၎င်းအား သတ်ရန် ကြိုးပမ်းခဲ့သည့်တိုင် မိမိကိုယ်ကို ခုခံကာကွယ်ရန် ခွင့်မပြုပေ။ အဘယ်ကြောင့်ဆိုသော် (၎င်းအား သတ်ရန်) ကြိုးပမ်းသူသည် အိဂျ်သိဟာဒ် မှားယွင်းမှု (တစ်နည်း) အာယတ်တော်ကို အဓိပ္ပါယ်လွဲမှားစွာ ကောက်ယူခြင်းကြောင့် ထိုသို့ ပြုလုပ်ခြင်းဖြစ်သည်။ ဤသည် အဘူဗကရဟ်(ရဿွာလ္လာဟိုအန်ဟု)နှင့် အချို့သောစွဟာဗဟ်များ၏ မဇ်ဟဗ်လမ်းစဉ် ဖြစ်သည်။ အိဗ်နုအိုမရ်နှင့် အင်မ်ရားန် ဗင်န် ဟိုဆွိုင်းန်(ရဿွာလ္လာဟုအန်ဟွမ်) စသည့် စွဟာဗဟ်များက ထိုဖိသ်နဟ်တွင် မပါဝင်ရဟု ဆိုသော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ရန် ရည်ရွယ်ပါက (ခွင့်ပြုသည်) ဟု ဆိုကြသည်။ သို့ဖြစ်ရာ ဤမဇ်ဟဗ်လမ်းစဥ်နှစ်ခုစလုံးသည် အစ္စလာမ်သာသနာတွင် ဖြစ်ပေါ်ခဲ့သည့် ဖိသ်နဟ်စမ်းသပ်မှုအားလုံးတွင် မပါဝင်ရန် သဘောတူညီကြသည်။ စွဟာဗဟ်အများစု၊ သာဗီအီးန်အများစုနှင့် အစ္စလာမ်ပညာရှင်အများစုကမူ ဖိသ်နဟ်များဖြစ်ပေါ်စဉ်အတွင်း မှန်ကန်သူကို ကူညီရမည်ဖြစ်ပြီး၊ ၎င်းနှင့်အတူ ပုန်ကန်ကျူးလွန်သူများကို တိုက်ခိုက်ရမည်ဟု ဆိုကြသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုအတိုင်း ပင် မိန့်ကြားထားတော်မူသည်။ (အရှင်မြတ်က မိန့်ကြားတော်မူခဲ့သည်မှာ) - “သို့ဖြစ်ပေရာ ကျူးလွန်သောအုပ်စုအား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သို့ ပြန်လည်ရောက်ရှိသည်အထိ တိုက်ခိုက်ကြလော့။” (စူရဟ်ဟုဂျုရာသ် -၉)။ ဤသည်သာလျှင် မှန်ကန်သောအဆို ဖြစ်သည်။ ထို့ပြင် (ဖိသ်နဟ်စမ်းသပ်မှုများ ဖြစ်‌ပေါ်စဉ်ကာလတွင် တိုက်ခိုက်ခြင်းမှ တားမြစ်ထားသော) ဟဒီးစ်တော်များကို အဓိပ္ပါယ်ကောက်ယူရာတွင် မည်သူတစ်ဦးတစ်ယောက်အတွက်မှ အမှန်တရား ထင်ရှားမနေသော အခြေအနေ၊ သို့မဟုတ် တိုက်ခိုက်နေသော အုပ်စုနှစ်စုစလုံး မတရားသူများဖြစ်ပြီး ၎င်းတို့တွင် မည်သူမျှ အာယတ်တော်ကို အဓိပ္ပါယ်ကောက်ယူခြင်းမရှိသည့် အခြေအနေတွင်ဖြစ်သည်ဟု ဖွင့်ဆိုကြသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အင်ဒိုနီးရှား ဘင်္ဂလီ ထပ်၍ (38)
ထပ်၍