အမျိုးအစားခွဲများ

ဟဒီးဆ်တော်များစာရင်း

ကျွန်ုပ်တို့သည် ခက်ခဲသည့်အခါတွင်ဖြစ်စေ၊ လွယ်ကူသည့်အခါတွင်ဖြစ်စေ၊နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ ကျွန်တို့ထက်ပိုပြီး ဦးစားပေးခံရသည်ဖြစ်စေ နာခံမည်ဖြစ်ကြောင်းနှင့် အာဏာပိုင်တို့အား ပုန်ကန်မည်မဟုတ်ကြောင်း အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ၌ ပဋိညာဉ်ပြုခဲ့ကြသည်။
عربي အင်္ဂလိပ် အုရ်ဒူ
အမှန်ပင် အသင်တို့အပေါ်ဝယ် ခေါင်းဆောင်အချို့အား ခန့်အပ်ခြင်းခံရလိမ့်မည်။ အသင်တို့သည် ၎င်းတို့၏ လုပ်ရပ်အချို့ကို လက်ခံကြပြီး အချို့ကို ငြင်းပယ်ကြလိမ့်မည်။ အကြင်သူသည် (၎င်းတို့၏ မကောင်းသောလုပ်ရပ်များကို) မုန်းတီးပါက အပြစ်ကင်းစင်သူဖြစ်သည်။ အကြင်သူသည် (ထိုမကောင်း သောလုပ်ရပ်အား) ငြင်းပယ်ပါက ငြိမ်းချမ်းသူဖြစ်သည်။ သို့သော် အကြင်သူသည် ယင်းမကောင်းသောလုပ်ရပ်များကို ကျေနပ်နှစ်သက်ပြီး ၎င်းတို့နောက်သို့လိုက်ပါက ၎င်းတို့ကဲ့သို့ပင် (ပျက်စီးသွားမည်)ဖြစ်သည်။ သာဝကကြီးများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်ုပ်တို့သည် ၎င်းတို့အား စစ်တိုက်ရမည်မဟုတ်လောဟု လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်က မိန့်တော်မူသည်မှာ ၎င်းတို့သည် အသင်တို့ထဲတွင် ဆွလာသ်ဆောက်တည်နေသရွေ့ ၎င်းတို့အား စစ်မတိုက်ကြလေနှင့်။
عربي အင်္ဂလိပ် အုရ်ဒူ
မည်သူမဆို (မိမိခေါင်းဆောင်၏) အမိန့်နာခံမှုကို စွန့်လွှတ်ကာ မွတ်စ်လင်မ်တို့၏ ဂျမာအသ်မှ ခွဲထွက်ပြီး သေဆုံးခဲ့ပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၏သေခြင်းမျိုးဖြင့် သေဆုံးခြင်းဖြစ်သည်။ မည်သူမဆို (အမှားအမှန် ခွဲခြားနိုင်ခြင်းမရှိသော) မျက်ကန်းမျိုးချစ် အလံအောက်မှ လူမျိုးစွဲဖြင့် အမျက်ထား တိုက်ခိုက်မည်။ သို့မဟုတ် လူမျိုးစွဲထားရန် ဖိတ်ခေါ်မည်။ သို့မဟုတ် လူမျိုးစွဲထားခြင်းကို အကူအညီပေးပြီး အသတ်ခံရပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၌ အသတ်ခံရခြင်းမျိုးဖြင့် အသတ်ခံရခြင်းဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
အသင်တို့၏ကိစ္စအဝဝသည် ခေါင်းဆောင်တစ်ဦး၏ ဦးဆောင်မှုအောက်တွင် တညီတညွတ်တည်းရှိနေသည့်အခါတွင် တစ်ဦးတစ်ယောက်က အသင်တို့၏ စုစည်းညီညွတ်မှုအား ပြိုကွဲစေရန်နှင့် အသင်တို့၏အုပ်စုအား အကွဲကွဲအပြားပြားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာပါက သင်တို့သည် ၎င်းသူအား သတ်ဖြတ်ကြလေကုန်။
عربي အင်္ဂလိပ် အုရ်ဒူ