عن عبد الله بن عمر رضي الله عنهما قال:
لعن النبي صلى الله عليه وسلم الوَاصِلَةَ والمُسْتَوْصِلَةَ، والوَاشِمَةَ والمُسْتَوشِمَةَ.
[صحيح] - [متفق عليه] - [صحيح البخاري: 5947]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
“တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဆံပင်ဆက်သောအမျိုးသမီးနှင့် ဆံပင်ဆက်ခိုင်းသော အမျိုးသမီး၊ ဆေးမင်ကြောင်ထိုးသော အမျိုးသမီးနှင့် ဆေးမင်ကြောင်ထိုးခိုင်းသော အမျိုးသမီးတို့အား ကျိန်ဆဲတော်မူခဲ့သည်။"
[صحيح] - [متفق عليه] - [صحيح البخاري - 5947]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အောက်ပါ လူလေးမျိုးအား ကျိန်ဆဲခြင်း၊ နှင်ထုတ်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ဝေးကွာစေရန် ဗဒ်ဒုအာပြုခဲ့သည်။ ပထမ- မိမိ၏ဆံပင် သို့မဟုတ် အခြားသူ၏ ဆံပင်ကို အခြားဆံပင်တစ်ခုနှင့် ဆက်တွဲသူ။ ဒုတိယ- အခြားသူတစ်ဦးအား မိမိ၏ဆံပင်ကို အခြားဆံပင်တစ်ခုဖြင့် က ဆက်တွဲပေးရန် တောင်းဆိုသူ။ တတိယ- အလှအပအတွက် ခန္ဓာကိုယ် ၏တစ်စိတ် တစ်ဒေသ ဥပမာ- မျက်နှာ၊ လက်ဖဝါး သို့မဟုတ် ရင်ဘတ်တွင် အပ်ဖြင့် ထိုးဖောက်ကာ ထိုနေရာ၌ ဆေးမင် သို့မဟုတ် အလားတူအရာကို လိမ်းကျံခြင်းဖြင့် အပြာရောင် သို့မဟုတ် အစိမ်းရောင်အမည်းစက်ဖြစ်အောင် ပြုလုပ်သူအမျိုးသမီး။ စတုတ္ထ- မိမိကိုယ်ပေါ်တွင် ထိုနည်းအတိုင်း ဆေးမှင်ကြောင်ထိုးပေးရန် တောင်းဆိုသူအမျိုးသမီး။ ၁။ ဤလုပ်ရပ်များသည် ကြီးလေးသောအပြစ်အကုသိုလ်များထဲမှ ဖြစ်သည်။