عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ اللَّهَ تَجَاوَزَ عَنْ أُمَّتِي مَا حَدَّثَتْ بِهِ أَنْفُسَهَا، مَا لَمْ تَعْمَلْ أَوْ تَتَكَلَّمْ».
المزيد
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော်
၏အွမ္မသ်သားများအား ၎င်းတို့၏ စိတ်နှလုံးထဲ ပေါ်ပေါက်လာသော အတွေးများကို လက်တွေ့မပြုလုပ်မပြောမဆိုသရွေ့ အရေးယူတော်မူမည်မဟုတ်ပေ။”