عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ اللَّهَ تَجَاوَزَ عَنْ أُمَّتِي مَا حَدَّثَتْ بِهِ أَنْفُسَهَا، مَا لَمْ تَعْمَلْ أَوْ تَتَكَلَّمْ».

[صحيح] - [متفق عليه] - [صحيح البخاري: 5269]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော် ၏အွမ္မသ်သားများအား ၎င်းတို့၏ စိတ်နှလုံးထဲ ပေါ်ပေါက်လာသော အတွေးများကို လက်တွေ့မပြုလုပ်မ‌ပြောမဆိုသ‌ရွေ့ အရေးယူတော်မူမည်မဟုတ်ပေ။”

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 5269]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - မုစ်လင်မ်တစ်ဦးသည် စိတ်နှလုံးထဲသို့ ရောက်ရှိလာသော မကောင်းသည့် အတွေးများကို လက်တွေ့မပြုလုပ်မ‌ပြောဆိုသရွေ အပြစ်ပေးခြင်းခံရမည်မဟုတ်‌ပေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် အခက်အခဲကိုရုပ်သိမ်းပြီး ခွင့်လွှတ်တော်မူကာ တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏အွမ္မသ်သားများအား စိတ်နှလုံးထဲဝယ် ပေါ်ပေါက်လာပြီး မတည်မြဲသေးသော၊ စိတ်ထဲစွဲမြဲမှုမရှိသေးသော အတွေးအမြင်များအတွက် အပြစ်ပေး‌တော်မမူပေ။ သို့သော် မာန်မာန၊ ဝါကြွားခြင်းနှင့် နိဖားက်အယောင်ဆောင်ခြင်းစသော မကောင်းသည့် အတွေးများ စိတ်ထဲတွင် စွဲမြဲနေပြီး အခြေတကျဖြစ်နေလျှင်၊ သို့မဟုတ် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများဖြင့် ပြုလုပ်လိုက်လျှင် သို့မဟုတ် နှုတ်ဖြင့်ပြောဆိုလိုက်လျှင် ထိုသူသည် အပြစ်ပေးခြင်းခံရမည် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးထဲ ပေါ်ပေါက်လာသော မကောင်းသည့်အတွေးအမြင်များကို ခွင့်လွှတ်ထားတော်မူသည်။ ဆိုလိုသည်မှာ လူသားသည် စိတ်ထဲတွင် ထိုအကြောင်းများကို တွေးတောပြီး သူ၏ စိတ်ထဲတွင် ထိုအတွေးများ ဖြတ်သန်းသွားခြင်းဖြစ်သည်။
  2. လူတစ်ဦးသည် သွလားက်ကွာရှင်းခြင်းအကြောင်း စဉ်းစားမိပြီး ထိုအတွေးသည် ၎င်း၏စိတ်ထဲဝယ်‌ ပေါ်ပေါက်ခဲ့သော်လည်း ထိုအကြောင်းကို နှုတ်ဖြင့်မပြောဆို၊ စာဖြင့်မရေးသားသရွေ့ သွလားက်ကွာရှင်းခြင်းဟု မမှတ်ယူပါ။
  3. စိတ်နှလုံးထဲ ပေါ်ပေါက်လာသော မကောင်းသောအတွေးများသည် မည်မျှပင် ကြီးမားစေကာမူ၊ စိတ်ထဲတွင် အခြေမတကျဖြစ်မနေသရွေ့၊ လူသားက ယင်းအတွေးများကို လက်တွေ့မကျင့်ကြံသေးသရွေ့၊ သို့မဟုတ် နှုတ်ဖြင့် မပြောသေးသရွေ့၊ အပြစ်ပေးခြင်းခံရမည် မဟုတ်ပါ။
  4. တမန်တော်မုဟမ္မဒ်(ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)၏ အွမ္မသ်သားများရဲ့ ထူးခြားချက်တစ်ခုမှာ ၎င်းတို့၏ စိတ်နှလုံးသားထဲ ပေါ်ပေါက်လာသော မကောင်းသည့်အတွေးများအတွက် အရေးယူအပြစ်ပေးခြင်း မခံရခြင်းပင်ဖြစ်သည်။ သို့ရာတွင်ကျွန်ုပ်တို့နှင့်ဆန့်ကျင်ဘက် ရှေးယခင်အွမ္မသ်သားများမှာမူ ယင်းအတွက် အရေးယူအပြစ်ပေးခြင်းကို ခံကြရမည်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ အင်ဒိုနီးရှား ထပ်၍ (50)
ထပ်၍