عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«مَلْعُون مَنْ أتَى امرأتَه في دُبُرِها».

[حسن] - [رواه أبو داود والنسائي في الكبرى وأحمد] - [سنن أبي داود: 2162]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"မိမိဇနီးအား အနောက်ဘက်တွင် လိင်ဆက်ဆံသူသည် လအ်နသ်ကျိန်စာသင့်ခံရသူ ဖြစ်သည်။"

[حسن] - [رواه أبو داود والنسائي في الكبرى وأحمد] - [سنن أبي داود - 2162]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ခင်ပွန်းသည် မိမိဇနီးမိန်းမ၏ အနောက်ဘက်(စအို) တွင် ကာမဆက်ဆံခြင်းကို သတိပေးတားမြစ်တော်မူသည်။ စင်စစ် ဤသို့ပြုလုပ်သူသည် လအ်နသ်ကျိန်စာသင့်ခံရသူဖြစ်ပြီး အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ နှင်ထုတ်ဖယ်ရှားခံရသူပင်ဖြစ် သည်။ ထိုသို့ပြု လုပ်ခြင်းသည် ကြီးလေးသော အပြစ်တစ်ခု ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဇနီးမိန်းမများ၏ အနောက်ဘက်တွင် ကာမဆက်ဆံခြင်းကို တားမြစ်ထားခြင်း။
  2. အနောက်(စအို)မှလွဲ၍ ဇနီးမိန်းမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အကျိုးခံစားခွင့် ရှိသည်။
  3. မွတ်စ်လင်မ်တစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်ကို လိုက်နာလျက် ဇနီးမိန်းမ၏ အရှက်အင်္ဂါ တွင်သာ ကာမဆက်ဆံရမည်။ အဘယ်ကြောင့်ဆိုသော် အနောက်ဘက်(စအို)တွင် ကာမဆက်ဆံခြင်းသည် သဘာဝပုံစံကို ပျက်ပြားစေခြင်း၊ မျိုးဆက်ပြန့်ပွားမှုကို ထိခိုက်စေခြင်း၊ ကျန်းမာသန်စွမ်းသော သဘာဝတရားနှင့် ဆန့်ကျင်ခြင်း စသည့် ပြင်းထန်သော ဆိုးကျိုးများကို ဇနီးမောင်နှံနှစ်ဦးစလုံးအတွက် ဖြစ်စေနိုင်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ အင်ဒိုနီးရှား ထပ်၍ (46)
ထပ်၍