عن عقبة بن عامر رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«أَحَقُّ الشُّرُوطِ أَنْ تُوفُوا بِهِ مَا اسْتَحْلَلْتُمْ بِهِ الْفُرُوجَ».

[صحيح] - [متفق عليه] - [صحيح البخاري: 2721]
المزيــد ...

အုက်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့ လိုက်နာဖြည့်ဆည်းရန် အထိုက်တန်ဆုံး စည်းကမ်းချက်မှာ ကိုယ်လက်နှီးနှောခွင့် တရားဝင်စေရန်အတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်ပင်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 2721]

ရှင်းလင်းချက်

ဟဒီးဆ်တော်၌ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရှင်းပြတော်မူသည်မှာ လိုက်နာဖြည့်ဆည်းရန် အထိုက်တန်ဆုံး စည်းကမ်းချက်မှာ အမျိုးသမီးနှင့် ကိုယ်လက်နှီးနှောခွင့် တရားဝင်စေရန်အတွက် အကြောင်းခံဖြစ်စေခဲ့သည့် စည်းကမ်းချက်ပင်ဖြစ်သည်။ ဤသည်နိကဟ်ထိမ်းမြားစဉ် ဇနီးဘက်မှတောင်းဆိုထားသည့် တရားတော်က ခွင့်ပြုထားသော စည်းကမ်းချက်များပင်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဇနီးမောင်နှံနှစ်ဦးသည် ဟလာလ်ကို ဟရာမ်ဟု လည်းကောင်း၊ ဟရာမ်ကို ဟလာလ်ဟု လည်းကောင်း သတ်မှတ်သည့် စည်းကမ်းမျိုးမှလွဲ၍ တစ်ဖက်နှင့်တစ်ဖက် လိုက်နာရန်သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖြည့်ဆည်းပေးရန် တာဝန်ရှိသည်။
  2. နိကာဟ်၏ စည်းကမ်းချက်များကို အခြားစည်းကမ်းချက်များထက် ပို၍ အလေးအနက်ထား ဖြည့်ဆည်းရမည်။ အဘယ်ကြောင့်ဆိုသော် ထိုစည်းကမ်းများဖြင့်သာ ကိုယ်လက်နှီးနှောခွင့် တရားဝင်မည်ဖြစ်သည်။
  3. နိကာဟ်၏ စည်းကမ်းချက်များကို ဖြည့်ဆည်း‌‌ရန် အလေးအနက်ထားခိုင်းခြင်းသည် အစ္စလာမ်သာသနာတော်၌ နိကာဟ်၏အဆင့်အတန်း ကြီးကျယ်မှုကို ဖော်ပြနေသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (63)