عَنْ عَائِشَةَ أُمِّ المؤْمنينَ رَضيَ اللهُ عنها قَالَت:
دَخَلَتْ هِنْدٌ بِنْتُ عُتْبَةَ امْرَأَةُ أَبِي سُفْيَانَ عَلَى رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَتْ: يَا رَسُولَ اللهِ، إِنَّ أَبَا سُفْيَانَ رَجُلٌ شَحِيحٌ، لَا يُعْطِينِي مِنَ النَّفَقَةِ مَا يَكْفِينِي وَيَكْفِي بَنِيَّ إِلَّا مَا أَخَذْتُ مِنْ مَالِهِ بِغَيْرِ عِلْمِهِ، فَهَلْ عَلَيَّ فِي ذَلِكَ مِنْ جُنَاحٍ؟ فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «خُذِي مِنْ مَالِهِ بِالْمَعْرُوفِ مَا يَكْفِيكِ وَيَكْفِي بَنِيكِ».
[صحيح] - [متفق عليه] - [صحيح مسلم: 1714]
المزيــد ...
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
အဘူဆူဖ်ယားန်၏ဇနီးဖြစ်သူ ဟင်န်ဒ် ဗင်သု အွသ်ဗသ်သည် တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)ထံသို့ ဝင်ရောက်ခစားကာ လျှောက်ထားခဲ့သည်မှာ – “အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ အဘူဆူဖ်ယားန်သည် အလွန်စေးနှဲသူ ဖြစ်ပါသည်။ သူသည် ကျွန်မနှင့် ကျွန်မ၏သားသမီးများ အတွက် လုံလောက်သော စရိတ်ကို မပေးပါ။ ကျွန်မက သူမသိဘဲ သူ၏ဥစ္စာမှ ယူသုံးပါက ကျွန်မအပေါ် အပြစ်ရှိပါသလား။” ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားသည်– “အသင်မအတွက်ရော အသင်မ သားသမီးများအတွက်ပါ လုံလောက်သော မျှတသောပမာဏကို သူ၏ဥစ္စာမှ ယူလော့။”
[صحيح] - [متفق عليه] - [صحيح مسلم - 1714]
ဟင်န်ဒ် ဗင်သေ့ အွသ်ဗသ်(ရဿွိယလ္လာဟုအန်ဟာ)သည် မိမိ၏ခင်ပွန်း အဘူဆူဖ်ယားန်နှင့် ပတ်သတ်၍ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) အား မေးမြန်းလျှောက်ထားခဲ့သည်မှာ- ၎င်းသည် အလွန်စေးနှဲသူ ဖြစ်ပြီး၊ မိမိ၏ဥစ္စာကို အလွန်တပ်မက်သူဖြစ်ကာ သူမနှင့် သူမ၏သားသမီးများအတွက် လုံလောက်သော စရိတ်ကိုမပေးချေ။ သူမအနေဖြင့် သူ့ဥစ္စာထဲက သူမသိဘဲ လျှို့ဝှက်ယူရမှသာ ရနိုင်သည်။ ထိုသို့ပြုရာတွင် သူမအပေါ် အပြစ်ရှိပါသလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြား သည်– အသင်မနှင့် အသင်မ၏သား သမီးများအတွက် ထုံးစံအရ လုံ လောက်သည့် ပမာဏကို ယူလော့။ အကယ်၍ သူမသိလျင်လည်း (ယူခွင့်ရှိသည်။)