عَنْ عَبْدِ اللَّهِ بْنِ عُمَرَ رَضِيَ اللَّهُ عَنْهُمَا:
أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ وَهُوَ عَلَى المِنْبَرِ، وَذَكَرَ الصَّدَقَةَ، وَالتَّعَفُّفَ، وَالمَسْأَلَةَ: «اليَدُ العُلْيَا خَيْرٌ مِنَ اليَدِ السُّفْلَى، فَاليَدُ العُلْيَا: هِيَ المُنْفِقَةُ، وَالسُّفْلَى: هِيَ السَّائِلَةُ».
[صحيح] - [متفق عليه] - [صحيح البخاري: 1429]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
စင်စစ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လှူဒါန်းခြင်း၊ တောင်းရမ်းခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် တောင်းရမ်းခြင်းနှင့်ပတ်သတ်၍ မင်န်ဗရ်(တရားဟောပလ္လင်)ပေါ်၌ ဤသို့ မိန့်ကြားတော်မူသည်။ “အပေါ်ကလက်သည် အောက်က လက်ထက် သာပို၍ကောင်းသည်။အပေါ်ကလက်ဆိုသည်မှာ ပေးကမ်းလှူဒါန်းသည့် လက်ဖြစ်ပြီး၊ အောက်ကလက်ဆိုသည်မှာ တောင်းရမ်းသည့် လက်ကို ခေါ်ဆိုသည်”။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 1429]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မင်န်ဗရ်ပေါ်တွင် တရား ဟောတော်မူစဉ်လှူဒါန်းခြင်းနှင့် တောင်းရမ်းခြင်းမှရှောင်ကြဉ်ခြင်း အကြောင်း မိန့်ကြားတော်မူသည်။ ထို့နောက် ဤသို့ ဆက်လက် မိန့်ကြားတော်မူခဲ့သည်- ပေးကမ်းလှူဒါန်းသော အပေါ်လက်သည် တောင်းရမ်းသော အောက်လက်ထက် အလ္လာဟ်အရှင်မြတ်အထံတော်၌ သာပို၍ကောင်းမြတ်ပြီး ပို၍နှစ်သက်တော်မူခြင်းကို ခံရသည်။