عَنْ عُقْبَةَ بْنِ عَامِرٍ رضي الله عنه قَالَ:
قُلْتُ: يَا رَسُولَ اللهِ مَا النَّجَاةُ؟ قَالَ: «امْلِكْ عَلَيْكَ لِسَانَكَ، وَلْيَسَعْكَ بَيْتُكَ، وَابْكِ عَلَى خَطِيئَتِكَ».
[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي: 2406]
المزيــد ...
အုက်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောပြခဲ့သည်မှာ -
ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)အား လျှောက်ထားမေးမြန်းခဲ့သည်မှာ - "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အပြစ်ဒဏ်မှ လွတ်မြောက်ခြင်း (နဂျာသ်) ဆိုသည်မှာ အဘယ်နည်း။" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)က မိန့်တော်မူသည် - "သင်၏ နှုတ်လျှာကို ထိန်းချုပ်လော့။ သင်၏ အိမ်သည် သင့်အတွက် ကျယ်ဝန်းစေလော့။ သင်၏ အပြစ်အတွက် ငိုကြွေးလော့။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه الترمذي وأحمد] - [سنن الترمذي - 2406]
အွတ်က်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) အား မွတ်စ်လင်မ်တစ်ဦး လောကီဘဝနှင့် တမလွန်ဘဝ၌ အပြစ်ဒဏ်မှလွတ်မြောက်နိုင်သည့် အကြောင်းရင်းများနှင့် ပတ်သတ်၍ လျှောက်ထားမေးမြန်းခဲ့သည်။
ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) က ဤသို့ မိန့်ကြားတော်မူသည် - "အသင် လိုက်နာရမည့် အချက်သုံးချက်ရှိသည်။
ပထမအချက်- သင်၏ နှုတ်လျှာကို မည်သည့် ကောင်းကျိုးမှမရှိသောအရာမှသော်လည်းကောင်း၊ မကောင်းသော စကားရပ်အားလုံးမှ သော်လည်း
ကောင်း ထိန်းသိမ်းလော့။ ကောင်းမြတ်သောစကားမှလွဲ၍ မပြောဆိုနှင့်။
ဒုတိယအချက်- အသင်သည် တစ်ကိုယ်တည်းရှိချိန်များ၌ အလ္လာဟ်အရှင်မြတ်အား အိဗာဒသ်ပြုလုပ်ရန်အတွက် မိမိ၏အိမ်၌ နေထိုင်ပါ။ အရှင်မြတ်၏ အမိန့်နာခံမှုဖြင့် လုံးပမ်းနေပါ။ သင်၏အိမ်တွင် နေထိုင်ပြီး ဖိသ်နဟ်စမ်းသပ်မှုများမှ ခွဲခွာနေပါ။
တတိယအချက်- သင်ကျူးလွန်မိခဲ့သော အပြစ်များအတွက် ငိုကြွေး၍ နောင်တရပြီး သောင်ဗဟ်အမှားဝန်ခံပါ။