عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ:
قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «يَقُولُ اللهُ عَزَّ وَجَلَّ: أَنَا عِنْدَ ظَنِّ عَبْدِي، وَأَنَا مَعَهُ حِينَ يَذْكُرُنِي، فَإِنْ ذَكَرَنِي فِي نَفْسِهِ ذَكَرْتُهُ فِي نَفْسِي، وَإِنْ ذَكَرَنِي فِي مَلَإٍ ذَكَرْتُهُ فِي مَلَإٍ خَيْرٍ مِنْهُ، وَإِنِ اقْتَرَبَ إِلَيَّ شِبْرًا، تَقَرَّبْتُ إِلَيْهِ ذِرَاعًا، وَإِنِ اقْتَرَبَ إِلَيَّ ذِرَاعًا، اقْتَرَبْتُ إِلَيْهِ بَاعًا، وَإِنْ أَتَانِي يَمْشِي أَتَيْتُهُ هَرْوَلَةً».
المزيد
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်-
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်- "ငါအရှင်မြတ်သည် ငါအရှင့်ကျေးကျွန်၏ အထင်အမြင်နှင့်အတူရှိတော်မူ၏။ သူသည် ငါအရှင့်အား သတိရသည့်အခါ ငါအရှင်သည် သူနှင့်အတူရှိတော်မူ၏။ အကယ်၍ သူသည် သူ၏စိတ်ထဲ၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်းသူ့အား ငါအရှင်၏ စိတ်ထဲတွင် သတိရတော်မူ၏။ အကယ်၍ သူသည် အုပ်စုတစ်စု၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်း ထိုအုပ်စုထက်သာမြတ်သော (ကောင်းကင်တမန်များ၏) အုပ်စု၌ သူ့အား သတိရတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ တစ်ထွာနီးကပ်လာပါက ငါအရှင်သည် သူ့ထံ တစ်တောင်နီးကပ်သွားတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ တစ်တောင်နီးကပ်လာပါက ငါအရှင်သည် သူ့ထံ တစ်လံ နီးကပ်သွားတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ လမ်းလျှောက်လာပါက ငါအရှင်သည် သူ့ထံ ပြေးပြီးသွားတော်မူ၏။"