عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ:
قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «يَقُولُ اللهُ عَزَّ وَجَلَّ: أَنَا عِنْدَ ظَنِّ عَبْدِي، وَأَنَا مَعَهُ حِينَ يَذْكُرُنِي، فَإِنْ ذَكَرَنِي فِي نَفْسِهِ ذَكَرْتُهُ فِي نَفْسِي، وَإِنْ ذَكَرَنِي فِي مَلَإٍ ذَكَرْتُهُ فِي مَلَإٍ خَيْرٍ مِنْهُ، وَإِنِ اقْتَرَبَ إِلَيَّ شِبْرًا، تَقَرَّبْتُ إِلَيْهِ ذِرَاعًا، وَإِنِ اقْتَرَبَ إِلَيَّ ذِرَاعًا، اقْتَرَبْتُ إِلَيْهِ بَاعًا، وَإِنْ أَتَانِي يَمْشِي أَتَيْتُهُ هَرْوَلَةً».

[صحيح] - [متفق عليه] - [صحيح مسلم: 2675]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်-
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်- "ငါအရှင်မြတ်သည် ငါအရှင့်ကျေးကျွန်၏ အထင်အမြင်နှင့်အတူရှိတော်မူ၏။ သူသည် ငါအရှင့်အား သတိရသည့်အခါ ငါအရှင်သည် သူနှင့်အတူရှိတော်မူ၏။ အကယ်၍ သူသည် သူ၏စိတ်ထဲ၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်းသူ့အား ငါအရှင်၏ စိတ်ထဲတွင် သတိရတော်မူ၏။ အကယ်၍ သူသည် အုပ်စုတစ်စု၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်း ထိုအုပ်စုထက်သာမြတ်သော (ကောင်းကင်တမန်များ၏) အုပ်စု၌ သူ့အား သတိရတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ တစ်ထွာနီးကပ်လာပါက ငါအရှင်သည် သူ့ထံ တစ်တောင်နီးကပ်သွားတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ တစ်တောင်နီးကပ်လာပါက ငါအရှင်သည် သူ့ထံ တစ်လံ နီးကပ်သွားတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ လမ်းလျှောက်လာပါက ငါအရှင်သည် သူ့ထံ ပြေးပြီးသွားတော်မူ၏။"

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2675]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ -
ငါအရှင်မြတ် သည် ငါအရှင့်ကျေးကျွန်၏ အထင်အမြင်နှင့်အတူရှိတော်မူ၏။ ငါအရှင်သည် မိမိ၏ကျေးကျွန်အား ငါအရှင့်အား သူထင်မြင်ထားသည့်အတိုင်း ဆက်ဆံတော်မူ၏။ ဤသည် ကျေးကျွန်၏ မျှော်လင့်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို မျှော်ကိုးခြင်းအားဖြင့် ဖြစ်၏။ ငါအရှင်သည် ကျေးကျွန်အား သူငါအရှင့်ထံမှ မျှော်မှန်းသည့် ကောင်းခြင်း သို့မဟုတ် ဆိုးခြင်းအတိုင်း ပြုမူဆက်ဆံတော်မူ၏။ ထို့ပြင် ကျေးကျွန်သည် ငါအရှင့်အား သတိရတသသောအခါတွင် ငါအရှင်သည် ကရုဏာတော်၊ လမ်းညွှန်မှု၊ အားပေးမှုနှင့် ကာကွယ်မှုတို့ဖြင့် သူနှင့်အတူရှိတော်မူ၏။
အကယ်၍ သူသည် တစ်ကိုတည်းအချိန်၌ စိတ်ထဲ၌ သတ်စ်ဗီဟ်( စွဗ်ဟာနလ္လာဟ်)၊ သဟ်လီလ် ( လာအိလာဟအစ်လ္လလ္လာဟ် ) အစရှိသည့် ဇိကိရ်များဖြင့် ငါအရှင့်အားသတိရလျှင် ငါအရှင်သည်လည်းသူ့အား ငါအရှင်၏ စိတ်ထဲတွင် သတိရတော်မူ၏။
အကယ်၍ သူသည် အုပ်စုတစ်စု၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်း ထိုအုပ်စုထက် ပို၍ကြီးသော မွန်မြတ်သော (ကောင်းကင်တမန်များ၏) အုပ်စု၌ သူ့အား သတိရတော်မူ၏။
မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ တစ်ထွာနီးကပ်လာပါက အရှင်မြတ်သည်သူ့အား သာပိုချီးမြှင့်တော်မူပြီး၊ သူ့ထံ တစ်တောင်နီးကပ်သွားတော်မူ၏။
မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ တစ်တောင်နီးကပ်သွားပါက၊ အရှင်မြတ်သည် သူ့ထံ တစ်လံ နီးကပ်သွားတော်မူ၏။
မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ လမ်း လျှောက်လာပါက၊ အရှင်မြတ်သည် သူ့ဘက်သို့ ပြေးပြီးလာတော်မူ၏။
သို့ဖြစ်ရာ ကျေးကျွန်တစ်ဦးသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ နာခံမှု၊ ကိုးကွယ်မှုတို့ဖြင့် နီးကပ်လာသည့်အခါ၊ အလ္လာဟ်အရှင်မြတ်သည် သူ့အား လုပ်ရပ်နှင့်ကိုက်ညီသော အစားပေးသည့် အနေဖြင့် မိမိထံ ပို၍နီးကပ်စွာ ဆောင်ယူတော်မူ၏။
မုအ်မင်န်ယုံကြည်သူတစ်ဦး၏ မိမိအရှင်သခင် ၏ကျေးကျွန်ပီသမှုသည် ပြည့်စုံလာသည်နှင့်အမျှ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူထံ ထိုမျှပင်နီးကပ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်ပေးကမ်းမှုနှင့် အကျိုးဆုလာဒ်သည် ကျေးကျွန်၏ လုပ်ရပ်နှင့် အားထုတ်မှုထက် သာပို၍များလှပေသည်။ အကျဉ်းချုပ်အားဖြင့် ဆိုရသော် အရည်အ သွေးနှင့်အရေ အတွက်အားဖြင့် အလ္လာဟ်အရှင်မြတ်၏ အစား ပေးမှုသည် လုပ်ရပ်ထက် သာလွန်မြင့်မားလှပေသည်။
မုအ်မင်န်ယုံကြည်သူတစ်ဦးသည် ကောင်းသောအထင်အမြင် ထားရှိပြီး၊ အမလ်လုပ်၍၊ အလျင်အမြန် ကြိုးစားအားထုတ်ကာ‌ နောက်ဆုံး အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံသည်အထိ (ဤကြိုးစားအားထုတ်မှုမှာ)တိုးတက်လာခြင်းတို့ ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤဟဒီးဆ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိမိ၏အရှင်ထံမှတစ်ဆင့် ဆင့်ပြန်မိန့်ကြားခဲ့သည့် ဟဒီးဆ်များအနက်မှ တစ်ပုဒ်ဖြစ်သည်။ ဤကဲ့သို့ဟဒီးဆ်ကို "ဟဒီးဆ်ကုဒ်စီ" သို့မဟုတ် "ဟဒီးဆ်အီလာဟီ" ဟုခေါ်ဆိုသည်။ ၎င်း၏အဓိပ္ပာယ်မှာ စကားလုံးအရ၊ အဓိပ္ပာယ်အရ နှစ်ခုစလုံးသည် အလ္လာဟ်အရှင်မြတ်ထံမှ ဖြစ်သည့် ဟဒီးဆ်ဖြစ်သည်။ သို့သော် ယင်း၌ ကျမ်းမြတ်ကုရ်အာန်၏ ထူးခြားသော လက္ခဏာများ ဥပမာ - ၎င်း၏ရွတ်ဖတ်ခြင်းသည် အိဗာဒသ်ဖြစ်ခြင်း၊ ၎င်းအတွက် သန့်ရှင်းမှုရယူရခြင်း၊ စိန်ခေါ်မှုပြုခြင်းနှင့်အံ့ဖွယ်နိမိတ်လက္ခဏာဖြစ်ခြင်းစသည့် အချက်များ မပါဝင်ပါ။
  2. အိမာမ်အာဂျွရ်ရီက ဤသို့ဆိုသည်- "အမှန်တရားကိုလိုက်နာသူများသည် အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်ကိုယ်တော်တိုင် သို့မဟုတ် အရှင်မြတ်၏တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့် ဆွဟာဗဟ်သာဝကကြီးများ (ရဿွိယလ္လာဟုအန်ဟွမ်) က အရှင်မြတ်အတွက် ဖော်ပြခဲ့သည့် ဂုဏ်ပုဒ်များအတိုင်း ဖော်ပြကြသည်။ ဤသည်ပင်လျှင် သာသနာ့ပညာရှင်များအနက်မှ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့် ဆွဟာဗဟ်သာဝကကြီးများ၏လမ်းစဉ်ကို လိုက်နာပြီး ဗိဒ်အသ်တရားသစ်တီထွင်ပြောင်းလဲခြင်းမပြုခဲ့ကြသူများ၏ လမ်းစဉ်ဖြစ်သည်။ အဟ်လုစွန္နသ်ဝင်များသည် အလ္လာဟ်အရှင်မြတ်အတွက် အရှင်မြတ်ကိုယ်တိုင် အတည်ပြုထားသည့် နာမတော်များနှင့် ဂုဏ်တော်များကိုသာ အတည်ပြုကြပြီး၊ မည်သည့် "ပြောင်းလဲဖော်ပြခြင်း (သဟ်ရီးဖ်)"၊ "ပယ်ဖျက်ခြင်း (သအ်သွီးလ်)"၊ "ပုံသဏ္ဍာန်သတ်မှတ်ခြင်း (သက်ယီးဖ်)" နှင့် "နှိုင်းယှဉ်ခြင်း (သမ်စီးလ်)" စသည်တို့ကို မပြုကြပေ။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အတွက် အရှင်မြတ်ကိုယ်တိုင် ငြင်းပယ်ခဲ့သည်များကို ငြင်းပယ်ကြပြီး ငြင်းပယ်ခြင်း သို့မဟုတ် အတည်ပြုခြင်းအကြောင်း ကျမ်းတော်မြတ်က ဖော်ပြထားခြင်းမရှိသည့် နာမတော်များ၊ ဂုဏ်ပုဒ်များနှင့် ပတ်သက်၍ ဆိတ်ဆိတ်နေကြသည်။ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်မှာ - "ထိုအရှင်မြတ်နှင့် တူညီသောအရာဟူ၍ အလျှင်းမရှိပြီ။ ထိုအရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။"
  3. အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်းထားရန်နှင့်အတူ အမလ်ကျင့်ဆောင်မှုလည်း လိုအပ်သည်။ ဟစန်ဗဆ်ရီက ဆိုသည်- "မုအ်မင်န်တစ်ဦးသည် သူ၏အရှင်အား အထင်အမြင်ကောင်းထားပြီး ကောင်းမြတ်သောအမှုကို ကျင့်ဆောင်လေသည်။ ဖာဂျိရ် (ယုတ်မာဆိုးသွမ်းသူ) တစ်ဦးသည် သူ၏အရှင်အား မကောင်းထင်မြင်မှုထားပြီး မကောင်း
  4. သောအမှုကို ကျင့်
  5. ဆောင်လေသည်။
  6. အိမာမ်ကုရ်သုဗီက ဤသို့ဆိုသည်- အချို့သူများက ""ငါအရှင်မြတ်သည် ငါအရှင့်ကျေးကျွန်၏ အထင်အမြင်နှင့်အတူရှိတော်မူ၏။" ဆိုသည့် အဓိပ္ပာယ်မှာ - ဒုအာဆုတောင်းချိန်တွင် လက်ခံခြင်းကို မျှော်လင့်ခြင်း၊ သောင်ဗဟ်အမှားဝန်ခံချိန်တွင် လက်ခံခြင်းကို မျှော်လင့်ခြင်း၊ လွတ်ငြိမ်းချမ်း
  7. သာခွင့် တောင်းခံချိန်တွင် ခွင့်လွှတ်ခြင်းကို မျှော်လင့်ခြင်း၊ သတ်မှတ်ချက်များနှင့်အညီ အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုချိန်တွင် အလ္လာဟ်အရှင်မြတ်၏ မှန်ကန်သောကတိတော်နှင့်အညီ အကျိုးဆုလာဒ်ကို မျှော်လင့်ခြင်း စသည်တို့ကို ဆိုလိုသည်။ သို့ဖြစ်၍ ကျေးကျွန်တစ်ဦးသည် မိမိတာဝန်များကို စိတ်ရောကိုယ်ပါ ထမ်းဆောင်ရမည်။ ထိုသို့ထမ်းဆောင်ရာတွင် အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူမည်၊ ခွင့်လွှတ်တော်မူမည်ဟူသော ယုံကြည်မှုရှိရမည်။ အဘယ့်ကြောင့်ဆိုသော် ယင်းသည် အရှင်မြတ်၏ကတိတော်ဖြစ်ပြီး အရှင်မြတ်သည် ကတိပျက်ကွက်တော်မမူသောကြောင့်တည်း။ ဤသို့မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်သည် သူ၏ အမလ်ကျင့်ဆောင်မှုများကို လက်ခံတော်မူမည်မဟုတ်၊ ထိုအမလ်များသည် မိမိအတွက် အကျိုးမပြုနိုင်ဟု ယုံကြည်မည် သို့မဟုတ် ထင်မြင်ယူဆပါက၊ ဤသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက်မဲ့ခြင်းဖြစ်ပြီး ကြီးစွာသောအပြစ်များအနက်မှ တစ်ခုဖြစ်သည်။ ယင်းသို့ထင်မြင်ယူဆချက်ဖြင့် သေဆုံးသူသည် သူထင်မြင်ယူဆထားသည့်အတိုင်း လွှဲအပ်ခြင်းခံရမည်။ ဤဟဒီးဆ်၏ အချို့သော ဆင့်ပြန်မှုများတွင် ဤသို့လာရှိသည် - "သို့ဖြစ်၍ ငါအရှင်၏ကျေးကျွန်သည် ငါအရှင့်အပေါ် မည်သည့်ထင်မြင်ယူဆချက်ကို ထားရှိပါစေ (ထိုအတိုင်း ငါအရှင်ဆက်ဆံတော်မူမည်)"။ ကုရ်သုဗီက ဆက်လက်၍ ဆိုသည်မှာ - (အပြစ်အကုသိုလ်များကို ဆက်လက်ကျူးလွန်နေပြီး) ခွင့်လွှတ်ခြင်းခံရမည်ဟု ထင်မြင်ယူဆခြင်းမှာ အသိပညာကင်းမဲ့ခြင်းနှင့် ကိုယ့်ကိုယ်ကိုလှည့်စားခြင်းသာလျှင်ဖြစ်သည်။
  8. မိမိစိတ်တွင်း၌လည်းကောင်း၊ နှုတ်လျှာဖြင့်လည်းကောင်း အလ္လာဟ်အရှင်မြတ်ကို များစွာသတိရ (ဇိကိရ်ပြုလုပ်) ရန် တိုက်တွန်းနှိုး‌ဆော်ထားသည်။မိမိ၏စိတ်နှလုံးသားထဲတွင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ခြင်း၊ အရှင်မြတ်၏ကြီးမြတ်မှုနှင့် အခွင့်အရေးကို သတိရခြင်း၊ အရှင်မြတ်ထံ မျှော်လင့်ချက်ထားခြင်း၊ အရှင်မြတ်သည် ကြီးကျယ်မြင့်မြတ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း၊ အရှင်မြတ်ကို ချစ်မြတ်နှိုးခြင်းနှင့် အရှင်မြတ်အား အထင်အ
  9. မြင်ကောင်းထားရှိခြင်း၊ အမလ်ကျင့်ဆောင်မှုများကို အရှင်မြတ်အတွက် သီးသန့်ရည်သန်၍ ပြုလုပ်ရမည်။ ထို့အတူ နှုတ်ဖြင့် "စွဗ်ဟာနလ္လာဟ်၊ အလ်ဟမဒုလိလ္လာဟ်၊ လာ အိလာဟ အစ်လ္လလ္လာဟ်၊ အလ္လာဟုအက်ဗရ်၊ လာ ဟောင်ဝ်လ ဝ လာ ကုဝ်ဝသ အစ်လ္လာ ဗစ်လ္လာဟ်" စသည့် ဇိကရ်များကို (အမြဲတစေ)
  10. ရွတ်ဆိုနေရမည်။
  11. အိဗ်နုအဗီဂျမ်ရဟ်က ဤသို့ဆိုသည်- "မည်သူမဆို ကြောက်ရွံ့နေစဉ်အချိန်တွင် အလ္လာဟ်အရှင်မြတ်အား သတိရတသပါက၊ အရှင်မြတ်သည် ၎င်းအား လုံခြုံမှုပေးတော်မူမည်။ တစ်ကိုယ်တည်းအထီးကျန်ဖြစ်နေချိန်တွင် သတိရတသပါက အရှင်မြတ်သည် ၎င်းအား ရင်းနှီးစေတော်မူမည်။ (အထီးကျန်မှုမှ သက်သာရာ ရစေတော်မူမည်။)
  12. ရှိဗ်ရ် (شِبر) - ဟူ
  13. သည် လက်ဖဝါးကိုဆန့်ထုတ်လိုက်သောအခါ လက်သန်းနှင့် လက်မ၏ထိပ်ဖျားအကြားအကွာအဝေးဖြစ်သည်။
  14. ဇိရာအ် (ذراع) - ဟူသည် လက်ခ
  15. လယ်၏ထိပ်ဖျားမှ တံတောင်ဆစ်ရိုးအထိ အကွာအဝေးဖြစ်သည်။
  16. ဗာအ် (باع) - ဟူ
  17. သည် လူတစ်ဦး၏လက်နှစ်ဖက်နှင့် လက်မောင်းနှစ်ဖက်တို့၏ အလျားနှင့် ရင်ဘတ်၏
  18. အကျယ် စုစုပေါင်းအကွာအဝေးဖြစ်ပြီး ၎င်းသည် ဇိရာအ်လေးခု၏ အတိုင်း
  19. အတာရှိသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (47)
ထပ်၍