عَنْ عِمْرَانَ بْنِ حُصَيْنٍ رَضِيَ اللَّهُ عَنْهُمَا قَالَ: قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«خَيْرُكُمْ قَرْنِي، ثُمَّ الَّذِينَ يَلُونَهُمْ، ثُمَّ الَّذِينَ يَلُونَهُمْ» قَالَ عِمْرَانُ: لاَ أَدْرِي أَذَكَرَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بَعْدُ قَرْنَيْنِ أَوْ ثَلاَثَةً، قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «إِنَّ بَعْدَكُمْ قَوْمًا يَخُونُونَ وَلاَ يُؤْتَمَنُونَ، وَيَشْهَدُونَ وَلاَ يُسْتَشْهَدُونَ، وَيَنْذِرُونَ وَلاَ يَفُونَ، وَيَظْهَرُ فِيهِمُ السِّمَنُ».

[صحيح] - [متفق عليه] - [صحيح البخاري: 2651]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အင်မ်ရားန် ဗင်န် ဟိုဆွိုင်းန်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်-
“သင်တို့အနက် အကောင်းဆုံးသောသူများသည် ငါကိုယ်တော်၏ ခေတ်ကာလ(၌ရှိသောသူများ)ဖြစ်၏။ ထို့နောက် သူတို့နောက်တွင်ရှိသောသူများ(သာဗီအီးန်များ)၊ ထို့နောက် သူတို့နောက်တွင်ရှိသောသူများ(သဗအ်သာဗီအီးန်များ ဖြစ်၏)။” အင်မ်ရားန် (ရဿွိယလ္လာဟုအန်ဟုမာ)က “တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နှစ်ခုမြောက်သောခေတ်ကာလ(သို့မဟုတ်) သုံးခုမြောက်သော ခေတ်ကာလအထိ ဖော်ပြခဲ့သလားဆိုသည်ကို ကျွန်ုပ် မမှတ်မိတော့ပါ”ဟု ဆိုသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- “အမှန်စင်စစ် သင်တို့ပြီးနောက် လူတစ်စု ပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် သစ္စာဖောက်ကြလိမ့်မည်။ ယုံကြည်ကိုးစားခြင်း ခံကြရမည်မဟုတ်ပေ။ သက်သေခံခိုင်းခြင်းမခံရဘဲ အလိုအလျောက် သက်သေခံကြလိမ့်မည်။ နဇရ်ကိုးကြသော်လည်း ထိုနဇရ်ကိုးခြင်းအား ဖြည့်ဆည်းကြမည် မဟုတ်ပေ။ ထို့ပြင် ထိုသူတို့တွင် ဝဖြိုးခြင်း ထင်ရှားလာလိမ့်မည်” ဟု မိန့်ကြားတော်မူခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 2651]

ရှင်းလင်းချက်

တမန်တော်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်) က ခေတ်ကာလတစ်ခုတွင် စုစည်းနေထိုင်သော လူအုပ်စုများအနက် အကောင်းဆုံးသောအုပ်စုမှာ တမန်တော်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့် သူ၏ တပည့်သာဝကများ(စွဟာဗဟ်များ) ရှိသည့် လူအုပ်စုဖြစ်ကြောင်း၊ ထို့နောက် သူတို့နောက်တွင် ရှိသော တမန်တော်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို တွေ့ဆုံခဲ့ခြင်းမရှိဘဲ စွဟာဗဟ်သာဝကများကိုသာ တွေ့ဆုံခဲ့ကြသော မုအ်မင်န်များ(သာဗီအီးန်များ)၊ ထို့နောက် သူတို့နောက်တွင် ရှိသော နောက်လိုက်များ(သဗအ်သာဗီအီးန်များ)ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ စွဟာဗဟ်ကြီး (အင်မ်ရားန်ဗင်ဟုဆွိုင်းန်) သည် စတုတ္ထမြောက် အုပ်စုကို ဖော်ပြရာတွင် ဝေခွဲမရဖြစ်ခဲ့လေသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က ယင်း (အကောင်းဆုံးအုပ်စုများ) ပြီးနောက် သစ္စာဖောက်ကြမည့်၊ လူများက သူတို့ကို ယုံကြည်ကိုးစားခြင်း မပြုကြမည့်၊ သက်သေခံခိုင်းခြင်း မခံရမီကပင် သက်သေခံကြမည့်၊ နဇရ်ကိုးကြသော်လည်း ထိုနဇရ်ကိုးခြင်းအား ဖြည့်ဆည်းခြင်း မပြုကြမည့်၊ စားသောက်မှုတွင် ကျယ်ပြန့်ခြင်း ဖြစ်ပေါ်လာကာ အဝလွန်ခြင်း ပျံ့နှံ့လာမည့် လူများ ပေါ်ပေါက်လာလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လောကီသက်တမ်းတစ်‌လျှောက်တွင် အကောင်းဆုံးသောခေတ်ကာလ၊ အကောင်းဆုံးမျိုးဆက်သည် တမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့် သူ၏တပည့်သာဝကများ(စွဟာဗဟ်များ) ရှင်သန်နေထိုင်ခဲ့ကြသော ခေတ်ကာလဖြစ်သည်။ ဆွဟီးဟ်ဗုခါရီကျမ်းတွင် တမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က “လူသားတို့၏ ခေတ်ကာလများအနက် အကောင်းဆုံးသော ခေတ်ကာလများ၌ ငါကိုယ်တော်ဟာ စေလွှတ်တော်မူခြင်းခံရသည်။ ခေတ်ကာလအဆက်ဆက်ပြီး‌နောက် နောက်ဆုံးငါကိုယ်တော်ရှိခဲ့သော ခေတ်ကာလသို့ ရောက်ရှိခဲ့သည်” ဟု မိန့်ကြားတော်မူခဲ့သည်။
  2. အိဗ်နေဟဂျရ်က မိန့်ဆိုသည်မှာ- ဤဟဒီးစ်တော်၏ ဆိုလိုရင်းမှာ စွဟာဗဟ်များသည် သာဗီအီးန်များထက် သာလွန်ကောင်းမွန်ပြီး၊ သာဗီအီးန်များသည် သဗအ်သာဗီအီးန်များထက် သာလွန်ကောင်းမွန်သည် ဟူ၍ ဖြစ်သည်။ သို့ရာတွင် ဤသာလွန်ကောင်းမွန်မှုသည် အုပ်စုလိုက်အားဖြင့်လော၊ သို့မဟုတ် တစ်ဦးချင်းအားဖြင့်လော ဆိုသည်မှာ ဆွေးနွေးစရာ ရှိပြီး ပညာရှင်အများစု၏ သဘောထားမှာ ဒုတိယအချက်ဖြစ်သည့် တစ်ဦးချင်းအားဖြင့် သာလွန်ကောင်းမွန်ခြင်း ဖြစ်သည်။
  3. ဤဟဒီးစ်တော်တွင် ပထမဦးဆုံးခေတ်ကာလသုံးခု(တွင်ရှိခဲ့ကြသောသူတို့)၏ လမ်းစဥ်ကို လိုက်နာရန် ညွှန်ပြချက် ပါရှိသည်။ အကြောင်းမှာ မည်သူ၏ ခေတ်ကာလသည် တမန်တော်မြတ်၏ခေတ်ကာလနှင့် ပိုမိုနီးစပ်လေလေ၊ ထိုသူသည် သာလွန်ကောင်းမွန်မှု၊ အသိပညာ၊ တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ စွန္နသ်လမ်းစဥ်ကို လိုက်နာခြင်းနှင့် အတုယူခြင်းတွင် ပိုမိုအခွင့်အရေးရှိသောကြောင့် ဖြစ်သည်။
  4. နဇရ် (ကိုးခြင်း) ဆိုသည်မှာ - လူတစ်ဦးသည် တရားတော်က မိမိအပေါ်၌ မဖြစ်မနေပြုလုပ်ရန် ပြဌားန်ထားခြင်းမရှိသော နာခံကိုးကွယ်မှုတစ်ခုကို မိမိအပေါ်၌ မဖြစ်မနေပြုလုပ်ရမည်ဟု အဓိပ္ပါယ်ရသည့် စကားဖြင့် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
  5. ဤဟဒီးစ်တော်တွင် သစ္စာဖောက်ခြင်း၊ နဇရ်ကိုးပြီးနောက် ၎င်းအားမဖြည့်ဆည်းခြင်းနှင့် လောကီကို တွယ်တာခြင်းတို့ကို ရှုတ်ချထားသည်။
  6. မခိုင်းစေဘဲ သက်သေခံခြင်းကို ရှုတ်ချထားခြင်းမှာ အခွင့်ရှိသူ (သက်သေခံခြင်းဖြင့် အကျိုးရှိမည့်သူ) က ၎င်းကို သိရှိသည့်အခါမျိုး၌ ဖြစ်သည်။ အကယ်၍ သူသိရှိခြင်းမရှိပါက တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အောက်ပါမိန့်ကြားချက်တွင် အကျုံးဝင်မည် ဖြစ်သည်- “အကောင်းဆုံးသော သက်သေခံသူအကြောင်း သင်တို့အား ငါကိုယ်တော် ပြောပြရမည်လော။ ထိုသူသည် မိမိအား သက်သေခံခိုင်းခြင်း မခံရမီကပင် သက်သေခံချက်ကို ယူဆောင်လာတတ်သောသူဖြစ်သည်။” (မွတ်စ်လင်မ်ကျမ်း)
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အင်ဒိုနီးရှား ဘင်္ဂလီ ထပ်၍ (37)
ထပ်၍