عن ابْنِ عُمَرَ رَضيَ اللهُ عنهُما قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«أَيُّمَا امْرِئٍ قَالَ لِأَخِيهِ: يَا كَافِرُ، فَقَدْ بَاءَ بِهَا أَحَدُهُمَا، إِنْ كَانَ كَمَا قَالَ، وَإِلَّا رَجَعَتْ عَلَيْهِ».
[صحيح] - [متفق عليه] - [صحيح مسلم: 60]
المزيــد ...
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“မည်သူမဆို မိမိ၏မွတ်စ်လင်မ်ညီနောင်အား ‘အို-ကာဖိရ် (မယုံကြည်သူ)’ဟု ပြောဆိုပါက ထိုစကားသည် ထိုသူနှစ်ဦးအနက် တစ်ဦးဦးထံသို့ ပြန်ရောက်သွားမည်။ အကယ်၍ ထို(ပြောခံရ)သူသည် သူပြောသည့်အတိုင်း မှန်ကန်ပါက (ထိုစကားသည် သူ့အပေါ် သက်ရောက်မည်)။ သို့မဟုတ်ပါက ထိုစကားသည် ပြောဆိုသူထံသို့ပင် ပြန်ရောက်သွားလိမ့်မည်။”
[صحيح] - [متفق عليه] - [صحيح مسلم - 60]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ညီနောင်မွတ်စ်လင်မ်တစ်ဦးအား ‘အို ကာဖိရ်’ဟု ခေါ်ဝေါ်ခြင်းမှ သတိပေးတားမြစ်တော်မူခဲ့သည်။ ထိုသို့ခေါ်ဝေါ်ခြင်းဖြင့် အပြစ်သည် ပြောဆိုသူနှင့် ခံရသူအနက်မှ တစ်ဦးဦးအပေါ် ကျရောက်စေသည်။ အကယ်၍ ပြောခံရသူသည် အမှန်တကယ် ကာဖိရ်မဟုတ်ပါက ထိုစကားသည် မိမိညီနောင်အားကာဖိရ်ဟု ပြောဆိုသူထံသို့ပင် ပြန်ရောက်သွားလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။