عَنْ سَمُرَةَ بْنِ جُنْدَبٍ وَالْمُغِيرَةِ بْنِ شُعْبَةَ رضي الله عنهما قَالَا: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَنْ حَدَّثَ عَنِّي بِحَدِيثٍ يُرَى أَنَّهُ كَذِبٌ، فَهُوَ أَحَدُ الْكَاذِبِينَ».
[صحيح] - [رواه مسلم في مقدمته]
المزيــد ...
စမုရဟ်ဗင်န်သုဂျုန်ဒုဗ်နှင့်မုဂီရဟ်ဗင်န်ရှုအ်ဗဟ်(ရဿွိယလ္လာဟုအန်ဟုမာ)တိုက ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်
မည်သူမဆို ငါကိုယ်တော်မြတ်ထံမှဟဒီးဆ်တော်တစ်ပုဒ်ကို ဆင့်ပြန်ခဲ့ရာ ယင်းဟဒီးဆ်သည် ငါကိုယ်တော်၏ဟဒီးဆ်မဟုတ်ဟု ထင်ရသော ဟဒီးဆ်ဖြစ်နေပါက ထိုဆင့်ပြန်သူသည် ဟဒီးဆ်ကို တီထွင်ပြောကြားသူ သို့မဟုတ်ဆင့်ပြန်သူစသည့် မုသားပြောသူနှစ်ဦးအနက်မှတစ်ဦးဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه مسلم في مقدمته] - [صحيح مسلم]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရှင်းလင်းတင်ပြထားသည်မှာ အကြင်သူသည် ကိုယ်တော်မြတ်ထံတော်မှ ဟဒီးဆ်တော်တစ်ပုဒ်ကို ဆင့်ပြန်ရာ၌ ယင်းဟဒီးဆ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်ပတ်သက်၍လိမ်လည်လုပ်ကြံထားသောဟဒီးဆ်ဖြစ်ကြောင်း သိရှိပြီး သိုမဟုတ် ထင်ရပြီး ဆင့်ပြန်ပါက ထိုဆင့်ပြန်သူသည် ဤလိမ်လည်မှုကိုစတင်ဖော်ထုတ်ခဲ့သူနှင့်အတူပါဝင်သူဖြစ်ကြောင်းသတ်မှတ်ရပေမည်။