عَنْ بُسْرِ بْنِ سَعِيدٍ، أَنَّ زَيْدَ بْنَ خَالِدٍ الْجُهَنِيَّ رَضيَ اللهُ عنه، أَرْسَلَهُ إِلَى أَبِي جُهَيْمٍ رَضيَ اللهُ عنه، يَسْأَلُهُ مَاذَا سَمِعَ مِنْ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي الْمَارِّ بَيْنَ يَدَيِ الْمُصَلِّي؟ قَالَ أَبُو جُهَيْمٍ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَوْ يَعْلَمُ الْمَارُّ بَيْنَ يَدَيِ الْمُصَلِّي مَاذَا عَلَيْهِ لَكَانَ أَنْ يَقِفَ أَرْبَعِينَ خَيْرًا لَهُ مِنْ أَنْ يَمُرَّ بَيْنَ يَدَيْهِ» قَالَ أَبُو النَّضْرِ: لَا أَدْرِي قَالَ: أَرْبَعِينَ يَوْمًا أَوْ شَهْرًا أَوْ سَنَةً؟
[صحيح] - [متفق عليه] - [صحيح مسلم: 507]
المزيــد ...
ဗွစ်ရ် ဗင်န် စအီးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ဇိုင်ဒ် ဗင်န် ခါလိဒ် အလ်ဂျုဟနီ(ရဿွိယလ္လာဟုအန်ဟု) သည် ၎င်းအား အဗူဂျုဟိုင်မ်(ရဿွိယလ္လာဟုအန်ဟု) ထံ စေလွှတ်ကာ ဆွလာတ်ဝတ်ပြုသူရှေ့မှ ဖြတ်သွားခြင်းနှင့်ပတ်သတ်၍ ၎င်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံမှ မည်သို့ကြားခဲ့သည်ကို မေးမြန်းစေခဲ့သည်။ အဗူဂျုဟိုင်မ်
(ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်မှာ - တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့ မိန့်ကြားတော်မူခဲ့သည်-
"ဆွလာဝတ်ပြုနေသူရှေ့မှ ဖြတ်သွားသူသည် ထိုသို့ဖြတ်သွားခြင်း၏ အပြစ်ဒဏ်သည် မည်မျှကြီးမားကြောင်း သိရှိပါက၊ သူ့အတွက် လေးဆယ်(အချိန်) တိုင်တိုင် ရပ်စောင့်နေခြင်းသည် ထိုဆွလာဝတ်ပြုနေသူရှေ့မှ ဖြတ်သွားခြင်းထက် ပိုမိုကောင်းမွန်ပေသည်။"
အဗွန်နဿွရ်က "တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရက်ပေါင်း လေးဆယ်ဟု မိန့်ကြားခဲ့သည်လား ၊ လပေါင်း လေးဆယ်ဟု မိန့်ကြားခဲ့သည်လား၊ သို့မဟုတ် နှစ်ပေါင်း လေးဆယ်ဟု မိန့်ကြားခဲ့သည်လား ဆိုသည်ကို ကျွန်ုပ်မသိပါ" ဟု ဆိုခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 507]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဖရဿ်ွဆွလာသ်ဖြစ်စေ စွန်နသ်ဆွလာသ်ဖြစ်စေ ဝတ်ပြုနေသူ၏ရှေ့မှ ဖြတ်သွားခြင်းမပြုရန် သတိပေးတားမြစ်ထားသည်။ အကယ်၍ ထိုသူသည် ဆွလာသ်ဝတ်ပြုနေသူရှေ့မှ သိလျက်တမင်ဖြတ်သွားသူ ရရှိမည့်အပြစ်ကို သိရှိပါက လေးဆယ်ကြာသည်အထိ စောင့်ဆိုင်းခြင်းကို ရွေးချယ်လိမ့်မည်ဖြစ်သည်။ ဤသည် ၎င်းအဖို့ ဆွလာသ်ဝတ်ပြုနေသူ၏ရှေ့မှ ဖြတ်သွားခြင်းထက် ပို၍ကောင်းပေသည်။ ဟဒီးစ် ဆင့်ပြန်သူရာဝီ အဗွန်နဿွရ်က " တမန်တော်မြတ်သည် ရက်လေးဆယ်ဟု ပြောခဲ့ခြင်းလား၊ လ ပေါင်းလေးဆယ်ဟု ပြောခဲ့ခြင်းလား သို့မဟုတ် နှစ် ပေါင်းလေးဆယ်ဟု ပြောခဲ့ခြင်းလား ဆိုသည်ကို ကျွန်ုပ်မသိပါ" ဟု ဆိုသည်။