عَنْ أَبِي هُرَيْرَةَ رَضيَ اللهُ عنهُ أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لَوْ يَعْلَمُ النَّاسُ مَا فِي النِّدَاءِ وَالصَّفِّ الْأَوَّلِ ثُمَّ لَمْ يَجِدُوا إِلَّا أَنْ يَسْتَهِمُوا عَلَيْهِ لَاسْتَهَمُوا، وَلَوْ يَعْلَمُونَ مَا فِي التَّهْجِيرِ لَاسْتَبَقُوا إِلَيْهِ، وَلَوْ يَعْلَمُونَ مَا فِي الْعَتَمَةِ وَالصُّبْحِ لَأَتَوْهُمَا وَلَوْ حَبْوًا».

[صحيح] - [متفق عليه] - [صحيح مسلم: 437]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"အကယ်၍ လူတို့သည် အဇာန်ပေးခြင်းနှင့် ပထမဆုံးစွတ်ဖ်တန်း၌ ရရှိသော အကျိုးကျေးဇူးများကို သိရှိမည်ဆိုလျှင်၊ ထို့နောက် ထိုအကျိုးကျေးဇူးများရရှိရန် မဲနှိုက်ဆုံးဖြတ်ခြင်းမှအပ အခြားနည်းလမ်း မတွေ့ရှိကြရင်၊ မဲနှိုက်၍ဆုံးဖြတ်ကြပေမည်။ အကယ်၍ ထိုသူတို့သည် ဆွလာသ်ဝတ်ပြုရန်အတွက် ဗလီသို့စောစီးစွာသွားခြင်း၌ ရှိသော အကျိုးကျေးဇူးကို သိရှိမည်ဆိုလျှင်၊ ထိုသို့ပြုလုပ်ရန် အပြိုင်အဆိုင် ပြုကြပေမည်။ အကယ်၍ ၎င်းတို့သည် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်၌ ရရှိသောအကျိုးကျေးဇူးကို သိရှိမည်ဆိုလျှင်၊ ၎င်းဆွလာသ်နှစ်ခုသို့ တွားသွားရသည့်တိုင်အောင် သွားရောက်ကြပေမည်။"

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 437]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) မိန့်ကြားတော်မူသည်မှာ- “အကယ်၍ လူတို့သည် အဇာန်ပေးခြင်းနှင့် ပထမဆုံးစွတ်ဖ်အတန်း၏ အကျိုးကျေးဇူး၊ ကောင်းကျိုးနှင့် ဗရ်ကသ်မင်္ဂလာရှိခြင်းတို့ကို သိရှိမည်ဆိုလျှင်၊ ထို့နောက် ယင်းတို့ကို ဦးစားပေးရန်အတွက် မဲနှိုက်ဆုံးဖြတ်ခြင်းမှတစ်ပါး အခြားနည်းလမ်း မတွေ့ရှိကြဘူးဆိုလျှင်၊ ဧကန်စင်စစ် သူတို့သည် မဲနှိုက်ဆုံးဖြတ်ကြပေမည်။ အကယ်၍ လူတို့သည် ဆွလာသ်ဝတ်ပြုရန်အတွက် ဗလီသို့စောစီးစွာသွားခြင်း၌ ရှိသော အကျိုးကျေးဇူးကို သိရှိမည်ဆိုလျှင်၊ ထိုသို့ပြုလုပ်ရန် အပြိုင်အဆိုင် ပြုကြပေမည်။ အကယ်၍ ၎င်းတို့သည် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်ဝတ်ပြုရန် လာရောက်ခြင်း၌ ရရှိသော အကျိုးစဝါးဗ်၏ ပမာဏကို သိရှိမည်ဆိုလျှင်၊ ၎င်းဆွလာသ်နှစ်ခုသို့ နို့ဆို့ကလေးငယ် လေးဖက်‌ထောက်၍ သွားသကဲ့သို့ လေးဖက်ထောက် သွားရသည့်တိုင်အောင် သွားရောက်ကြပေမည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ အဇာန်ပေးခြင်း၏ ထွတ်မြတ်မှုကို ဖော်ပြထားခြင်း။
  2. ၂။ ပထမစွတ်ဖ်အတန်း၏ ထွတ်မြတ်မှုနှင့် အိမာမ်နောက်ရှိ ပထမဆုံးတန်း၌ ဆွလာသ်ဝတ်ပြုခြင်းတို့တွင် ထွတ်မြတ်မှုကို ဖော်ပြထားခြင်း။
  3. ၃။ ဆွလာသ်စတင်ဝင်ရောက်သည့်မွတ်စ်သဟဗ်အချိန်၌ ဝတ်ပြုရန်အတွက် ဗလီသို့စောစီးစွာသွားခြင်း၏ အကျိုးကျေးဇူးကို ဖော်ပြထားခြင်း။ ထိုသို့သွားခြင်း၌ ကြီးမားသောအကျိုးကုသိုလ်နှင့် အကျိုးကျေးဇူးများရှိပြီး ၎င်းတို့အနက်အချို့မှာ- ပထမစွတ်ဖ်အတန်းတွင် ဆွလာသ်ဝတ်ပြုခွင့်ရခြင်း၊ ဆွလာသ်၏အစမှပါဝင်နိုင်ခြင်း၊ နဖိလ်ဆွလာသ်များဝတ်ပြုခြင်း၊ ကုရ်အာန်ဖတ်ရွတ်ခြင်း၊ ကောင်းကင်တမန်များ၏ မဂ်ဖိရသ်လွှတ်ငြိမ်းချမ်းသာခွင့် တောင်းပေးခြင်းခံရခြင်း၊ ဆွလာသ်ကိုစောင့်ဆိုင်းနေချိန်၌ ဆွလာသ်ဖတ်နေသူကဲ့သို့ အကျိုးကုသိုလ်ရရှိခြင်းတို့ ဖြစ်သည်။
  4. ၄။ ဤဆွလာသ်နှစ်ခု (အိရှာနှင့် ဖဂျရ်ဆွလာသ်) ကို ဂျမာအသ်အစုအဝေးဖြင့်ဖတ်ရန် အလွန်တိုက်တွန်းထားပြီး ယင်း၌ များပြားလှစွာသော အကျိုးကုသိုလ်များရှိသည်။ အဘယ်ကြောင့်ဆိုသော် ဤဆွလာသ်နှစ်ခုသည် လူသားအပေါ် ခက်ခဲသောအချိန်များ (အိပ်ချိန်စတင်ချိန်နှင့် အိပ်ရာမှထချိန်) ၌ ကျရောက်သောကြောင့် ဖြစ်သည်။ ဂျမာအသ်အစုအဝေးဖြင့် ဖတ်ခြင်းအား အလွန်တိုက်တွန်းထားသည်။ ထို့ကြောင့်လည်း ဤဆွလာသ်နှစ်ခုသည် မုနာဖိက်များအပေါ်၌ အလေးလံဆုံးသော ဆွလာသ်ဖြစ်သည်။
  5. ၅။ အိမာမ်နဝဝီက မိန့်ဆိုသည် - ဤဟဒီးစ်တော်တွင် အခွင့်အရေးများ အပြိုင်အဆိုင်ဖြစ်နေပြီး၊ အငြင်းပွားနေကြသည့်အခါတွင် မဲနှိုက်ဆုံးဖြတ်နိုင်ကြောင်း အတည်ပြုချက်ပါရှိသည်။
  6. ၆။ (စွတ်ဖ်အတန်းများ၏ အဆင့် - ပထမတန်းသည် အကောင်းဆုံးဖြစ်ပြီး၊) ဒုတိယစွတ်ဖ်အတန်းသည် တတိယစွတ်ဖ်အတန်းထက် ပိုကောင်း၏၊ တတိယစွတ်ဖ်အတန်းသည် စတုတ္ထစွတ်ဖ်အတန်းထက် ပိုကောင်း၏ - ဤသို့အားဖြင့် စွတ်ဖ်အတန်းများ ရှေ့သို့ရောက်လေလေ ပိုမိုကောင်းမွန်လေဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အင်ဒိုနီးရှား ဘင်္ဂလီ ထပ်၍ (36)
ထပ်၍