عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«بَدَأَ الْإِسْلَامُ غَرِيبًا، وَسَيَعُودُ كَمَا بَدَأَ غَرِيبًا، فَطُوبَى لِلْغُرَبَاءِ».
[صحيح] - [رواه مسلم] - [صحيح مسلم: 145]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
“အစ္စလာမ်သည် သူစိမ်းတစ်ရံဆံအဖြစ် စတင်ခဲ့ပြီး၊ များမကြာမီ သူစတင်ခဲ့သလိုပင် သူစိမ်းတစ်ရံဆံအဖြစ်သို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်။ သို့ဖြစ်၍ ထို သူစိမ်းတစ်ရံဆံများအတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်းရှိ၏။”
[صحيح] - [رواه مسلم] - [صحيح مسلم - 145]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အစ္စလာမ်သာသနာသည် လူအနည်းငယ်ထဲတွင် သူစိမ်းတစ်ရံဆံအဖြစ် စတင်ခဲ့ရပြီး၊ များမကြာမီလက်ခံကျင့်သုံးသူနည်းပါးသွားကာ သူစတင်ခဲ့သလိုပင် သူစိမ်းတစ်ရံဆံအဖြစ်သို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့၏။ သို့ဖြစ်၍ ထိုလူနည်းစုများအတွက် ရွှင်လန်းမှု၊ ကောင်းမှုနှင့် မျက်စိအေးချမ်းမှုဖြစ်စေသော သတင်း ကောင်းရှိ၏။