عَنْ سَهْلِ بْنِ سَعْدٍ رَضيَ اللهُ عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِيَّاكُمْ وَمُحَقَّرَاتِ الذُّنُوبِ، فَإِنَّمَا مَثَلُ مُحَقَّرَاتِ الذُّنُوبِ كَقَوْمٍ نَزَلُوا فِي بَطْنِ وَادٍ، فَجَاءَ ذَا بِعُودٍ، وَجَاءَ ذَا بِعُودٍ، حَتَّى أَنْضَجُوا خُبْزَتَهُمْ، وَإِنَّ مُحَقَّرَاتِ الذُّنُوبِ مَتَى يُؤْخَذْ بِهَا صَاحِبُهَا تُهْلِكْهُ».
[صحيح] - [رواه أحمد] - [مسند أحمد: 22808]
المزيــد ...
စဟ်လ် ဗင်န် စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"အသေးစားအပြစ်များမှ ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား၊ သေးငယ်သောအပြစ်များ၏ ဥပမာမှာ ချိုင့်ဝှမ်းတစ်ခုတွင် စခန်းချနေထိုင်ကြသောာ လူများနှင့် တူ၏။ ထိုအထဲမှ တစ်ယောက်က ထင်းတစ်တုံး ယူလာ၏၊ နောက်တစ်ယောက်က ထင်းတစ်တုံး ယူလာ၏၊ ဤသို့ဖြင့် သူတို့သည် (စုပေါင်း၍) မိမိတို့၏ မုန့်ကို ကျက်အောင်လုပ်နိုင်ကြ၏။ စင်စစ် အသေးစားအပြစ်များသည်လည်း ထိုနည်းတူစွာပင်၊ ၎င်းတို့သည် ကျူးလွန်သူအား ဖမ်းဆီးကိုင်တွယ်သောအခါ ဖျက်ဆီးပစ်တတ်သည်။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။] - [مسند أحمد - 22808]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အသေးစားအပြစ်များကို ပေါ့ပေါ့တန်တန်သဘောထားခြင်း၊ များစွာကျူးလွန်ခြင်းတို့ကို သတိပေးတော်မူခဲ့သည်။ အကြောင်းမှာ ၎င်းတို့သည် စုစည်းသွားသောအခါ ဖျက်ဆီးတတ်သောကြောင့်ဖြစ်သည်။ ထို့အတွက် ကိုယ်တော်မြတ်သည် ချိုင့်ဝှမ်းတစ်ခုတွင် စခန်းချနေထိုင်ကြသော လူများကို ဥပမာပေးတော်မူခဲ့သည်။ ထိုလူတစ်ဦးစီသည် ထင်းတုံးအသေးတစ်တုံးစီ ယူဆောင်လာကြရာ၊ ၎င်းတို့စုဆောင်းခဲ့သော ထင်းတုံးများဖြင့် မုန့်ကိုကျက်အောင်လုပ်နိုင်ကြ၏။ အသေးစားအပြစ်များသည်လည်း ထိုနည်းတူစွာ၊ ကျူးလွန်သူအား ၎င်းတို့ဖြင့် ဖမ်းဆီးကိုင်တွယ်သောအခါ (ထိုသူသည် သောင်ဗဟ်မလုပ်၊ အလ္လာဟ်အရှင်မြတ်က ခွင့်လွှတ်တော်မူခြင်းမရှိပါက) ဖျက်ဆီးပစ်တတ်သည်။